ထာဝရဘုရား၏ဝိညာဉ်တော်သည်ငါ့အားဖြင့် မိန့်ကြားတော်မူ၏။ နှုတ်ကပတ်တော်သည်ငါ၏နှုတ်ဖျားတွင် တည်လျက်ရှိ၏။
၂ ရာချုပ် 15:1 - Common Language Bible ဘုရားသခင်၏ဝိညာဉ်တော်သည် သြဒက် ၏သားအာဇရိအပေါ်သို့သက်ရောက်၍၊- Garrad Bible ထို နောက်၊ ဩ ဒက် သား အာ ဇ ရိ အ ပေါ် သို့ ဘု ရား သ ခင့် ဝိ ညာဉ် တော် သက် ရောက်၍၊ Judson Bible ဘုရားသခင်၏ဝိညာဉ်တော်သည် ဩဒက်သား အာဇရိအပေါ်သို့ သက်ရောက်၍၊ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏ဝိညာဉ်တော်သည် ဩဒက်၏သားအာဇရိအပေါ်သို့ သက်ရောက်၍ |
ထာဝရဘုရား၏ဝိညာဉ်တော်သည်ငါ့အားဖြင့် မိန့်ကြားတော်မူ၏။ နှုတ်ကပတ်တော်သည်ငါ၏နှုတ်ဖျားတွင် တည်လျက်ရှိ၏။
သူတို့သည်သိုးထိန်းစခန်းအချို့ကိုလည်း တိုက်ခိုက်၍ သိုးနှင့်ကုလားအုတ်အမြောက် အမြားကိုသိမ်းယူကြပြီးနောက်ယေရု ရှလင်မြို့သို့ပြန်သွားကြ၏။
ထာဝရဘုရား၏ဝိညာဉ်သည်လူအုပ်ထဲတွင် ရှိသောလေဝိအနွယ်ဝင်တစ်ဦး၏အပေါ် သို့သက်ရောက်တော်မူ၏။ ထိုသူသည်ဇာခရိ သားယဟာဇေလဖြစ်၏။ မတ္တနိ၊ ယေယေလ၊ ဗေနာယနှင့်အာသပ်မှဆင်းသက်လာသူ အာသပ်အနွယ်ဝင်တည်း။-
ထိုအခါဘုရားသခင်၏ဝိညာဉ်တော် သည် ယဇ်ပုရောဟိတ်ယောယဒ၏သား ဇာခရိအပေါ်သို့သက်ရောက်တော်မူ သဖြင့် ဇာခရိသည်ပြည်သူတို့မြင်သာ သည့်နေရာတွင်ရပ်လျက်``သင်တို့သည်မိမိ တို့အပေါ်သို့ဘေးအန္တရာယ်ဆိုက်ရောက် စေရန် အဘယ်ကြောင့်ငါထာဝရဘုရား ၏အမိန့်တော်ကိုဖီဆန်ကြပါသနည်း။ ငါ့အားသင်တို့စွန့်ပယ်ကြသဖြင့်ငါ သည်လည်းသင်တို့အားစွန့်ပယ်တော်မူ ပြီ'' ဟုဗျာဒိတ်တော်ဆင့်ဆို၏။-
ခေါင်းဆောင်ခုနစ်ဆယ်ထဲမှဧလဒဒ်နှင့်မေဒဒ် ဆိုသူနှစ်ဦးသည် တဲတော်သို့မသွားဘဲစခန်း ထဲတွင်ကျန်ရစ်ခဲ့ကြ၏။ သူတို့အပေါ်သို့ဝိညာဉ် တော်သက်ဆင်းလာသောအခါ သူတို့သည်လည်း ပရောဖက်များကဲ့သို့ကြွေးကြော်ကြသည်။-
ဣသရေလအမျိုးသားတို့သည်အနွယ်အလိုက် စခန်းချနေသည်ကိုမြင်ရသည်။ ထိုအခါ ဘုရားသခင်၏ဝိညာဉ်တော်သည်သူ့အပေါ် သို့ဆင်းသက်၏။-
အဘယ်ကြောင့်ဆိုသော်မည်သည့်ပရောဖက် ဟောပြောချက်မျှ မိမိ၏အလိုဆန္ဒအရပေါ် ပေါက်လာခြင်းမဟုတ်။ သန့်ရှင်းသောဝိညာဉ်တော် နှိုးဆော်ခြင်းကိုခံရသောသူတို့သည် ဘုရား သခင်၏ထံတော်မှလာသောဗျာဒိတ်တော်ကို ဟောပြောခြင်းဖြစ်သည်။
ထာဝရဘုရား၏ဝိညာဉ်တော်သည်သူ့ အပေါ်သို့သက်ရောက်သဖြင့် သူသည် ဣသရေလအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်လာလေသည်။ သြသံယေလသည်စစ် ချီတိုက်ခိုက်ရာထာဝရဘုရားသည်သူ့ အားမေသောပေါတာမိဘုရင်ကိုနှိမ်နင်း အောင်မြင်စေတော်မူ၏။-