Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ရာ​ချုပ် 20:14 - Common Language Bible

14 ထာ​ဝရ​ဘု​ရား​၏​ဝိ​ညာဉ်​သည်​လူ​အုပ်​ထဲ​တွင် ရှိ​သော​လေ​ဝိ​အ​နွယ်​ဝင်​တစ်​ဦး​၏​အ​ပေါ် သို့​သက်​ရောက်​တော်​မူ​၏။ ထို​သူ​သည်​ဇာ​ခ​ရိ သား​ယ​ဟာ​ဇေ​လ​ဖြစ်​၏။ မတ္တ​နိ၊ ယေ​ယေ​လ၊ ဗေ​နာ​ယ​နှင့်​အာ​သပ်​မှ​ဆင်း​သက်​လာ​သူ အာ​သပ်​အ​နွယ်​ဝင်​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ထို အ ခါ၊ ထာ ဝ ရ ဘု ရား ၏ ဝိ ညာဉ် တော် သည်၊ လေ ဝိ အ နွယ်၊ အာ သပ် ဂိုဏ်း သား၊ မဿ နိ တီ၊ ယေ လ မြစ်၊ ဗေနာ ယ မြေး၊ ဇာ ခ ရိ သား၊ ယ ဟာ ဇေ လ အ ပေါ် သို့၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ထို​အ​ခါ ပ​ရိ​သတ်​အ​လယ်၌​ရှိ​သော လေ​ဝိ​အ​မျိုး၊ အာ​သပ်​အ​နွယ်၊ မ​တ္တ​နိ၊ ယေ​ယေ​လ၊ ဗေ​နာ​ယ၊ ဇာ​ခ​ရိ​တို့​မှ ဆင်း​သက်​သော ယ​ဟာ​ဇေ​လ​အ​ပေါ်​သို့၊ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် သက်​ရောက်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ထိုအခါ လူထု​ထဲ​တွင်​ရှိ​နေ​သော လေဝိ​အမျိုး​ဖြစ်​သော အာသပ်​သားမြေး​မတ္တနိ​၏​တီ​၊ ယေယေလ​၏​မြစ်​၊ ဗေနာယ​၏​မြေး​၊ ဇာခရိ​၏​သား ယဟာဇေလ​အပေါ် ထာဝရဘုရား​၏​ဝိညာဉ်​တော်​သက်ရောက်​လာ​၍

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 20:14
11 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် သြ​ဒက် ၏​သား​အာ​ဇ​ရိ​အ​ပေါ်​သို့​သက်​ရောက်​၍၊-


ထို​အ​ခါ​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော် သည် ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​၏​သား ဇာ​ခ​ရိ​အ​ပေါ်​သို့​သက်​ရောက်​တော်​မူ သ​ဖြင့် ဇာ​ခ​ရိ​သည်​ပြည်​သူ​တို့​မြင်​သာ သည့်​နေ​ရာ​တွင်​ရပ်​လျက်``သင်​တို့​သည်​မိ​မိ တို့​အ​ပေါ်​သို့​ဘေး​အန္တ​ရာယ်​ဆိုက်​ရောက် စေ​ရန် အ​ဘယ်​ကြောင့်​ငါ​ထာ​ဝရ​ဘု​ရား ၏​အ​မိန့်​တော်​ကို​ဖီ​ဆန်​ကြ​ပါ​သ​နည်း။ ငါ့​အား​သင်​တို့​စွန့်​ပယ်​ကြ​သ​ဖြင့်​ငါ သည်​လည်း​သင်​တို့​အား​စွန့်​ပယ်​တော်​မူ ပြီ'' ဟု​ဗျာ​ဒိတ်​တော်​ဆင့်​ဆို​၏။-


`ကော်​နေ​လိ၊ သင်​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​ဘု​ရား သ​ခင်​ကြား​တော်​မူ​ပြီ။ သင်​၏​စွန့်​ကြဲ​ပေး​ကမ်း မှု​ကို​လည်း​သိ​မှတ်​တော်​မူ​ပြီ။-


သူ​သည်​ထိတ်​လန့်​လျက်​ကောင်း​ကင်​တ​မန်​ကို စိုက်​ကြည့်​ပြီး​လျှင် ``အ​ရှင်၊ အ​ဘယ်​အ​မှု အ​ခင်း​ရှိ​ပါ​သ​နည်း'' ဟု​မေး​လျှောက်​၏။ ကောင်း​ကင်​တ​မန်​က​လည်း ``သင်​၏​ဆု​တောင်း ပတ္ထ​နာ​နှင့်​စွန့်​ကြဲ​ပေး​ကမ်း​မှု​ကို ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ​သ​ဖြင့်​သင့်​အား​သိ​မှတ်​တော် မူ​လေ​ပြီ။-


သူ​တို့​ပြု​သည့်​ဆု​တောင်း​ပတ္ထ​နာ​မ​ပြီး​မ​ဆုံး မီ​၌​ပင်​လျှင် ငါ​သည်​သူ​တို့​၏​ပန်​ကြား​ချက် ကို​နား​ညောင်း​မည်။-


သင်​တို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ နား​ညောင်း​မည်။ သင်​တို့​အ​ကူ​အ​ညီ​တောင်း သော​အ​ခါ​ငါ​ထူး​မည်။ ``အ​ကယ်​၍​သင်​တို့​သည်​နှိပ်​စက်​ညှင်း​ဆဲ​မှု ကို​ရပ်​စဲ​၍​မ​တ​ရား​စွပ်​စွဲ​မှု​ကို​ရှောင်​ရှား ပြီး​ဆိုး​ညစ်​သည့်​စ​ကား​မှန်​သ​မျှ​ကို​ဖယ် ရှား​ကာ၊-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​နွယ်​အ​လိုက် စ​ခန်း​ချ​နေ​သည်​ကို​မြင်​ရ​သည်။ ထို​အ​ခါ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​သူ့​အ​ပေါ် သို့​ဆင်း​သက်​၏။-


ယု​ဒ​ပြည်​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​သား မယား​များ​နှင့်​အ​တူ​ဗိ​မာန်​တော်​ရှေ့​တွင် ရပ်​လျက်​နေ​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ