ယခုအခါ၌အကျွန်ုပ်တို့သည် ကိုယ်တော်ပေးတော်မူသော အကျွန်ုပ်တို့စားသုံးရန်အသီးအနှံ ပေါများသောပြည်၌ကျွန်ဖြစ်ရကြပါ၏။
၂ ရာချုပ် 12:8 - Common Language Bible သို့ရာတွင်ရှိရှက်သည်သူတို့ကိုအနိုင်ရလိမ့် မည်။ သူတို့သည်ငါ၏အမှုတော်ကိုဆောင်ရွက် ခြင်းနှင့်လောကီဘုရင်တို့၏အမှုကိုဆောင် ရွက်ခြင်းကွာခြားပုံကိုသိရှိကြလိမ့်မည်'' ဟုရှေမာယထံဗျာဒိတ်တော်ရောက်လာ၏။ Garrad Bible သို့ ရာ တွင် ထို မင်း အောက် ကျွန် တော် မျိုး ခံ ရ လျက် ငါ့ အ မှု အ ရေး နှင့် နိုင် ငံ ရှင် တို့၏ အ မှု အ ရေး ဆောင် ရွက် ခြင်း ကို သိ ရ ကြ လိမ့် မည် ဟူ သော ဗျာ ဒိတ် တော် သည် ရှေ မာ ယ သို့ ရောက် ပြန် လေ ၏။ Judson Bible သို့ရာတွင် ငါ့ထံ၌ အမှုထမ်းခြင်း၊ တစ်ပါးအမျိုးသား ရှင်ဘုရင်ထံ၌ အမှုထမ်းခြင်းကို ပိုင်းခြား၍သိစေခြင်ငှာ၊ ရှိရှက်မင်းထံ၌ ကျွန်ခံရကြမည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် ငါ့ထံ အမှုထမ်းခြင်းနှင့် တိုင်းနိုင်ငံများထံ အမှုထမ်းခြင်းကို ခွဲခြားသိမြင်နိုင်ရန် သူတို့ကို ရှိရှက်မင်းကြီးထံ ကျွန်ခံစေမည်”ဟု မိန့်ဆိုစေ၏။ |
ယခုအခါ၌အကျွန်ုပ်တို့သည် ကိုယ်တော်ပေးတော်မူသော အကျွန်ုပ်တို့စားသုံးရန်အသီးအနှံ ပေါများသောပြည်၌ကျွန်ဖြစ်ရကြပါ၏။
သူတို့သည်ရန်သူများ၏ဖိစီးနှိပ်စက်မှုကို ခံရကြကာလက်အောက်ခံများဖြစ်လာရ ကြ၏။
ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုးတို့သည် သူတစ်ပါးတို့အုပ်စိုးမှုကို ခံရကြပါပြီ။ သို့ရာတွင်ကိုယ်တော်ရှင် တစ်ပါးတည်းသာလျှင်၊ ကျွန်တော်မျိုးတို့၏အရှင်သခင်ဖြစ်တော်မူပါ၏။
အို ထာဝရဘုရား၊ကိုယ်တော်၏လူမျိုးတော် အား ဆုံးမပဲ့ပြင်တော်မူပါ။ သို့ရာတွင်ကျွန်တော်မျိုးတို့အပေါ်တွင် တရားမျှတစွာပြုတော်မူပါ။ ကိုယ်တော်ရှင်အမျက်ထွက်တော်မူချိန်၌ ကျွန်တော်မျိုးတို့အားပြင်းထန်စွာဆုံးမ ပဲ့ပြင်တော်မူ ပါလျှင်ကျွန်တော်မျိုးတို့အကျိုးနည်းရ ပါလိမ့်မည်။
သို့ရာတွင်ငါသည်ယခုသူတို့အားစုရုံး စေ၍အပြစ်ဒဏ်စီရင်မည်။ မကြာမီသူ တို့သည်အာရှုရိဧကရာဇ်၏ နှိပ်စက်ညှင်း ပန်းခြင်းဒဏ်ကိုအလူးအလဲခံရကြ လိမ့်မည်။
သို့ဖြစ်၍ထာဝရဘုရားသည်ခါနာန်ပြည် စစ်ပွဲများတွင်မပါမဝင်ခဲ့ဘူးသော ဣသ ရေလအမျိုးသားတို့အားစစ်ကြောရန် ထို ပြည်တွင်အချို့သောလူမျိုးတို့ကိုဆက် လက်နေထိုင်စေတော်မူ၏။-
ယင်းသို့ကိုယ်တော်ပြုရသည့်အကြောင်းမှာ ဣသရေလလူမျိုးဆက်တစ်ဆက်ပြီးတစ် ဆက်စစ်မှုရေးရာသင်ကြားနိုင်ရန်ပင်ဖြစ် ၏။ အထူးသဖြင့်ယခင်ကစစ်ပွဲမဝင်ခဲ့ ဘူးသူတို့အားသင်ကြားပေးနိုင်စေရန် ဖြစ်၏။-