အကယ်၍မြို့ထဲ၌အပြစ်မဲ့သူဦးရေငါး ဆယ်ရှိလျှင် တစ်မြို့လုံးကိုဖျက်ဆီးပစ်မည် လော။ ထိုသူငါးဆယ်ကိုထောက်ထား၍ မြို့ကို ချမ်းသာမပေးဘဲနေမည်လော။-
၂ ရာချုပ် 12:12 - Common Language Bible မင်းကြီးသည်ထာဝရဘုရားရှေ့တော်တွင် မိမိကိုယ်ကိုနှိမ့်ချတော်မူသဖြင့် ထာဝရ ဘုရား၏အမျက်တော်သည်သူ့အားလုံးလုံး လျားလျားဖျက်ဆီးတော်မမူ။ ယုဒပြည်၌ လည်းပြည်မှုပြည်ရေးသာယာလေသည်။ Garrad Bible ဘု ရင် မင်း နှိမ့် ချ သော အ ခါ ထာ ဝ ရ ဘု ရား သည် လုံး လုံး မ ဖျက် ဆီး ဘဲ အ မျက် တော် ကို သိမ်း တော် မူ၏။ ယုဒ ပြည်၌ လည်း သူ တော် ကောင်း များ ရှိ သေး သော ကြောင့် တည်း။ Judson Bible ထိုသို့ရှင်ဘုရင်သည် ကိုယ်ကိုနှိမ့်ချသောအခါ၊ ထာဝရဘုရားသည် သူ့ကို ရှင်းရှင်းမဖျက်ဆီးမည် အကြောင်း၊ အမျက်တော်ကို လွှဲတော်မူ၏။ ယုဒပြည်၌လည်း၊ ပြည်မှုပြည်ရေးသာယာသဖြင့်၊ မြန်မာ့စံမီသမ္မာကျမ်း ရောဗောင်မင်းကြီးသည် မိမိကိုယ်ကိုနှိမ့်ချသောကြောင့် ထာဝရဘုရား၏အမျက်တော်သည် သူ့ထံမှလွှဲသွားလေ၏။ အကုန်အစင်ဖျက်ဆီးခြင်းကို မခံရ။ ထို့ကြောင့် ယုဒပြည်အေးချမ်းသာယာသွားလေ၏။ |
အကယ်၍မြို့ထဲ၌အပြစ်မဲ့သူဦးရေငါး ဆယ်ရှိလျှင် တစ်မြို့လုံးကိုဖျက်ဆီးပစ်မည် လော။ ထိုသူငါးဆယ်ကိုထောက်ထား၍ မြို့ကို ချမ်းသာမပေးဘဲနေမည်လော။-
ဣသရေလပြည်သူအပေါင်းတို့သည်သူ၏ အတွက် ဝမ်းနည်းကြေကွဲသည့်အထိမ်းအမှတ် ကိုပြု၍သူ၏အလောင်းကိုသင်္ဂြိုဟ်ကြလိမ့် မည်။ ယေရောဗောင်၏အိမ်ထောင်စုများအနက် ထိုသားတစ်ဦးတည်းသာလျှင် လျောက်ပတ် စွာသင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုသူတစ်ဦးတည်းကိုသာလျှင်နှစ်သက် တော်မူသောကြောင့်ဖြစ်၏။-
ဗိမာန်တော်သို့မင်းကြီးသွားရောက်သည့်အခါ တိုင်းကိုယ်ရံတော်တပ်သားတို့သည် ထိုဒိုင်းလွှား များကိုကိုင်ဆောင်ရကြပြီးနောက်ကင်းစောင့် ခန်းတွင်ပြန်၍ထားရကြ၏။-
သို့ရာတွင်ဘုရင်မင်းသည်လူတို့ကိုးကွယ်သော အာရှရဘုရားမ၏တံခွန်တိုင်ရှိသမျှကို ဖယ်ရှားပြီးလျှင် ထာဝရဘုရား၏အလိုတော် ကိုလိုက်လျှောက်ရန်ကြိုးစားသဖြင့် ဘုရင်မင်း မှာအကျင့်ကောင်းအနည်းငယ်ရှိသေး၏'' ဟု ဆိုလေသည်။
``ငါသည်ထာဝရအသက်ရှင်သောဘုရား၊ ချီးမြှောက်ခြင်းကိုခံရ၍သန့်ရှင်းမြင့်မြတ် သောဘုရားဖြစ်တော်မူ၏။ ငါသည်သန့်ရှင်း မြင့်မြတ်ရာအထက်ဘုံတွင်စံနေတော်မူ သော်လည်းစိတ်နှလုံးကြေကွဲသူ၊ စိတ်နှိမ့်ချ သူတို့စိတ်ဝိညာဉ်ပြန်လည်လန်းဆန်းအား တက်လာကြစေရန်ထိုသူတို့ထံတွင်လည်း ကျိန်းဝပ်တော်မူ၏။-
အကယ်၍ထိုပြည်တွင်လူဦးရေဆယ်ရာနှုန်းမျှသာကျန်ရစ်မည်ဆိုလျှင်လည်း ထိုသူတို့သည်ဆုံးပါးပျက်စီးရကြမည်သာဖြစ်၏။ ထိုသူတို့သည်ခုတ်လှဲလိုက်သည့်ဝက်သစ်ချပင်တို့၏ငုတ်တိုများနှင့်တူလိမ့်မည်'' ဟုမိန့်တော်မူ၏။ (သစ်ငုတ်တိုများသည်ဘုရားသခင်လူမျိုးတော်၏ဘဝသစ်အစပျိုးမှုကိုဖော်ပြသည်။)
ထာဝရဘုရား၏မကုန်ဆုံးနိုင်သောမေတ္တာ တော်နှင့် ကရုဏာတော်သည် မိုးသောက်ချိန်ကဲ့သို့လန်းဆန်းလျက်၊ နေထွက်ချိန် ကဲ့သို့ဧကန်မုချတည်မြဲ၍နေတော်မူသေးသည်။
ကိုယ်တော်သည်ငါတို့အားဝမ်းနည်းကြေကွဲစေ၍ ဝေဒနာခံစားစေသော်လည်းနှစ်မြို့တော်မမူပါ။
``ကျွန်တော်မျိုးတို့သည်အပြစ်ကူးခဲ့ကြ ပါပြီ။ ပုန်ကန်ခဲ့ကြပါပြီ။ အို ထာဝရဘုရားကိုယ်တော်ရှင်သည်လည်း ကျွန်တော်မျိုးတို့၏အပြစ်များကို ဖြေလွှတ်တော်မမူခဲ့ပါ။
သို့ဖြစ်၍ဘုရားသခင်သည်အချိန်တန်သော အခါသင်တို့အားချီးမြှင့်တော်မူနိုင်ရန် သင်တို့သည်ကိုယ်တော်၏တန်ခိုးကြီးသော လက်တော်အောက်၌မိမိတို့ကိုယ်ကိုနှိမ့်ချ ကြလော့။-