၂ ရာချုပ် 19:3 - Common Language Bible3 သို့ရာတွင်ဘုရင်မင်းသည်လူတို့ကိုးကွယ်သော အာရှရဘုရားမ၏တံခွန်တိုင်ရှိသမျှကို ဖယ်ရှားပြီးလျှင် ထာဝရဘုရား၏အလိုတော် ကိုလိုက်လျှောက်ရန်ကြိုးစားသဖြင့် ဘုရင်မင်း မှာအကျင့်ကောင်းအနည်းငယ်ရှိသေး၏'' ဟု ဆိုလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible3 သို့ ရာ တွင်၊ တစ် ပြည် လုံး၌ တံ ခွန် တိုင် များ ကို ပယ် ရှား ၍၊ ဘု ရား သ ခင် ကို ရှာ ဖွေ ရန် စိတ် စွဲ လမ်း သည် မှာ၊ ဘုရင် မင်း ၌ ကောင်း သော အ ကျင့် ရှိ သေး သည် ဟု လျှောက် ဆို ၏။ အခန်းကိုကြည့်ပါ။Judson Bible3 သို့သော်လည်း၊ မင်းကြီးသည် တစ်ပြည်လုံးတွင်၊ အာရှရပင်တို့ကို ပယ်ရှား၍၊ ဘုရားသခင်ကိုရှာခြင်းငှာ သဘောချသောကြောင့်၊ ကျင့်သော အကျင့်ကောင်းပါပြီဟု ဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 သို့သော် မင်းကြီး၌ ကောင်းသောအရာ ရှိ၏။ မင်းကြီးသည် တိုင်းပြည်တွင်ရှိသော အာရှရနတ်ဘုရားမတံခွန်တိုင်တို့ကို ဖယ်ရှားပြီး ဘုရားသခင်ကိုရှာလိုသောစိတ်ရှိလေပြီ”ဟု သူ့အား ဆို၏။ အခန်းကိုကြည့်ပါ။ |
ဣသရေလပြည်သူအပေါင်းတို့သည်သူ၏ အတွက် ဝမ်းနည်းကြေကွဲသည့်အထိမ်းအမှတ် ကိုပြု၍သူ၏အလောင်းကိုသင်္ဂြိုဟ်ကြလိမ့် မည်။ ယေရောဗောင်၏အိမ်ထောင်စုများအနက် ထိုသားတစ်ဦးတည်းသာလျှင် လျောက်ပတ် စွာသင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုသူတစ်ဦးတည်းကိုသာလျှင်နှစ်သက် တော်မူသောကြောင့်ဖြစ်၏။-
``အို အကျွန်ုပ်တို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရား၊ ထိုသူတို့မှာသန့်စင်မှု မရှိသော်လည်းကိုယ်တော်အား စိတ်စွမ်းရှိ သမျှနှင့်ဝတ်ပြုကိုးကွယ်သူများဖြစ်သဖြင့် ကောင်းမြတ်သောအရှင်ဖြစ်တော်မူသည်နှင့် အညီသူတို့၏အပြစ်ကိုဖြေလွှတ်တော် မူပါ'' ဟုပတ္ထနာပြုတော်မူ၏။-
ဣသရေလအမျိုးသားတို့အားရှမွေလ က``သင်တို့သည်ထာဝရဘုရားထံတော်သို့ စိတ်နှလုံးအကြွင်းမဲ့ပြန်လည်လာရောက် လိုပါက လူမျိုးခြားတို့၏ဘုရားများကို လည်းကောင်း၊ အာရှတရက်ဘုရားမ၏ရုပ်တု များကိုလည်းကောင်းစွန့်ပစ်ရကြမည်။ သင်တို့ ၏ကိုယ်ကိုလုံးဝဆက်ကပ်၍ထာဝရဘုရား ကိုသာရှိခိုးဝတ်ပြုကြလျှင် ကိုယ်တော်သည် သင်တို့အားဖိလိတ္တိအမျိုးသားတို့လက်မှ ကယ်တော်မူလိမ့်မည်'' ဟုဆို၏။-
ယေဟုသည်ထိုသူအားလုံးကိုသတ်ပြီး နောက် လူအချို့အားအာခဇိကိုလိုက်လံ ရှာဖွေစေ၏။ ထိုသူတို့သည်ရှမာရိမြို့တွင် ပုန်းအောင်းနေသောအာခဇိကိုတွေ့၍ ယေဟု ထံသို့ခေါ်ဆောင်ခဲ့ကြ၏။ ထိုနောက်သူ့အား ကွပ်မျက်ကြလေသည်။ သို့ရာတွင်သူတို့ သည်ထာဝရဘုရား၏အမှုတော်ကိုအစွမ်း ကုန်ဆောင်ရွက်ခဲ့သူ ယောရှဖတ်မင်းကိုရိုသေ လေးစားသောအားဖြင့် သူ၏မြေးအာခဇိ ၏အလောင်းကိုသင်္ဂြိုဟ်လိုက်ကြ၏။ အာခဇိ အိမ်ထောင်စုမှတိုင်းပြည်ကိုအုပ်စိုးနိုင်သူ တစ်ဦးတစ်ယောက်မျှမကျန်မရှိတော့ ချေ။