သို့ရာတွင်သူအသက်ရှင်စဉ်အခြားသောမယား တို့နှင့်ရသောသားတို့အားလည်း လက်ဆောင်များ ကိုပေး၍ဣဇာက်နှင့်ဝေးရာအရှေ့ပြည်သို့ပြောင်း ရွှေ့နေထိုင်စေသည်။
၂ ရာချုပ် 11:23 - Common Language Bible ရောဗောင်သည်ပညာသတိရှိစွာမိမိ၏သား တော်များအားတာဝန်ဝတ္တရားများခွဲဝေသတ် မှတ်ပေးပြီးလျှင် ယုဒနှင့်ဗင်္ယာမိန်နယ်မြေတစ် လျှောက်ရှိခံတပ်မြို့များတွင်နေရာချထား တော်မူ၏။ မင်းကြီးသည်သူတို့အားရက်ရော စွာစားနပ်ရိက္ခာများထောက်ပံ့၍ကြင်ဖော် အမြောက်အမြားကိုလည်းရှာပေးတော် မူ၏။ Garrad Bible သား တော် တို့ ကို ကား၊ ယု ဒ နယ်၊ ဗင်္ယာ မိန် နယ် အ ရပ် ရပ် ခံ တပ် မြို့ များ တွင် သ တိ ပ ညာ နှင့် ရာ ထူး ပေး လျက် ရိ က္ခာ တော် များ စွာ ထောက် မ သည့် ပြင် ကြင် ဘက် များ ကို လည်း ဆောင် နှင်း ၏။ Judson Bible ပညာသတိနှင့်စီရင်၍၊ ယုဒခရိုင်နှင့် ဗင်္ယာမိန်ခရိုင် အရပ်ရပ်တို့တွင်၊ ခိုင်ခံ့သောမြို့ရှိသမျှတို့၌၊ မိမိသားတို့ကို အနှံ့အပြားနေရာချ၍၊ များစွာသောရိက္ခာကို သိုထား၏။ မယားအများတို့ကို အလိုရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ရောဗောင်မင်းကြီးသည် ဉာဏ်ပြေးသူဖြစ်၏။ သူ၏သားတော်များကို ယုဒနယ်၊ ဗင်္ယာမိန်နယ်တစ်လျှောက်လုံးရှိ ခံတပ်မြို့တို့တွင် ပို့ထားပြီး စားနပ်ရိက္ခာအပြည့်အစုံနှင့် မယားအများအပြားကိုလည်း ရှာပေး၏။ |
သို့ရာတွင်သူအသက်ရှင်စဉ်အခြားသောမယား တို့နှင့်ရသောသားတို့အားလည်း လက်ဆောင်များ ကိုပေး၍ဣဇာက်နှင့်ဝေးရာအရှေ့ပြည်သို့ပြောင်း ရွှေ့နေထိုင်စေသည်။
သို့ဖြစ်၍မင်းကြီးသည်မာခါနှင့်ရသောသား တော်အဘိယကို အခြားသားသမီးအပေါင်း တို့ထက်ပို၍မျက်နှာသာပေးကာ မိမိ၏အ ရိုက်အရာကိုဆက်ခံမင်းလုပ်ရမည့်သူ အဖြစ်ဖြင့်ရွေးချယ်ထားတော်မူလေသည်။-
ရောဗောင်သည်ယေရုရှလင်မြို့၌နန်းစံ၍ ယုဒနှင့်ဗင်္ယာမိန်နယ်မြေများရှိ၊-
ရောဗောင်သည်မိမိ၏ရာဇအာဏာတည်မြဲ အောင်ဆောင်ရွက်ပြီးသောအခါ သူနှင့်သူ ၏ပြည်သူအပေါင်းတို့သည်ထာဝရ ဘုရား၏တရားတော်ကိုစွန့်ပယ်၍၊-
ခမည်းတော်သည်သူတို့အား ရွှေ၊ ငွေ၊ အမြောက် အများနှင့်အခြားအဖိုးတန်ပစ္စည်းဥစ္စာများ ကိုပေး၍ ယုဒပြည်ခံတပ်မြို့တစ်မြို့စီကို အုပ်ချုပ်ရန်တာဝန်ပေးတော်မူ၏။ သို့သော် ယဟောရံသည်အကြီးဆုံးသားတော် ဖြစ်သဖြင့် သူ့အားယောရှဖတ်ကမိမိ၏ အရိုက်အရာကိုဆက်ခံစေတော်မူ၏။-
ဤသို့ပါးနပ်လိမ္မာစွာပြုသည့်အတွက်မရိုး ဖြောင့်သည့်မန်နေဂျာကိုသူဌေးသည်ချီးမွမ်း လေ၏။ အဘယ်ကြောင့်ဆိုသော်လောကီသား တို့သည်လောကီကိစ္စဆောင်ရွက်ရာတွင် အလင်း နှင့်ဆိုင်သောသားများထက်ပါးနပ်လိမ္မာ ကြသောကြောင့်တည်း။