ရောဗောင်သည်မိမိအားမင်းမြှောက်ရန် ဣသရေလ ပြည်မြောက်ပိုင်းရှိလူတို့စုရုံးလျက်ရှိရာရှေခင် မြို့သို့သွား၏။-
၂ ရာချုပ် 10:10 - Common Language Bible ထိုသူငယ်တို့က``အရှင်သည်သူတို့အား`ငါ ၏လက်သန်းသည်ခမည်းတော်၏ခါးပိုင်း ထက်ပို၍တုပ်၏။- Garrad Bible ဖွား ဘက် လူ ပျို တော် တို့ က ခ မည်း တော် သည် ကျွန် တော် တို့ အ ပေါ် တွင် လေး စွာ တင် သော ထမ်း ပိုး ကို ပေါ့ စေ တော် မူ ပါ ဟူ၍ တင် လျှောက် သော ပ ရိ သတ် အား ငါ့ လက် သန်း သည် ခ မည်း တော့် ခါး ထက် တုတ် ၏။ Judson Bible ထိုသူငယ်ချင်း လုလင်တို့က၊ ခမည်းတော်သည် ကျွန်တော်တို့၌ ထမ်းပိုးကိုလေးစေပါပြီ၊ ပေါ့စေတော်မူပါဟု လျှောက်သောပြည်သားတို့အား ကိုယ်တော်က၊ ငါ့လက်သန်းသည် ငါ့ခမည်းတော်ခါးထက်သာ၍ ကြီးလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း သူ၏ငယ်ပေါင်းကြီးဖော်လူငယ်တို့က “ ‘မင်းကြီး၏ခမည်းတော်သည် အကျွန်ုပ်တို့အပေါ် လေးသောထမ်းပိုးကိုတင်ခဲ့ပြီ။ ထိုထမ်းပိုးကိုပေါ့စေတော်မူပါ’ဟု လျှောက်တင်သောလူတို့အား ‘ငါ့လက်သန်းသည် ငါ့ခမည်းတော်၏ခါးထက် ပို၍တုတ်၏။ |
ရောဗောင်သည်မိမိအားမင်းမြှောက်ရန် ဣသရေလ ပြည်မြောက်ပိုင်းရှိလူတို့စုရုံးလျက်ရှိရာရှေခင် မြို့သို့သွား၏။-
ငါ့ခမည်းတော်သည်သင်တို့အပေါ်လေးလံ သောထမ်းပိုးကိုတင်၏။ ငါမူကားထိုထက်ပင် ပို၍လေးလံသောထမ်းပိုးကိုတင်အံ့။ သူသည် သင်တို့အားကြိမ်လုံးနှင့်ရိုက်၏။ ငါမူကား ကြာပွတ်နှင့်ရိုက်အံ့' ဟုပြန်ပြောသင့်ပါသည်'' ဟုလျှောက်ကြ၏။
သူတို့အားမင်းကြီးက``သင်တို့သည်ငါ့အား အဘယ်သို့အကြံပေးကြပါမည်နည်း။ ဖိနှိပ် ချုပ်ချယ်မှုကိုလျော့ပါးအောင်ပြုလုပ်ပေး ရန်ငါ့ထံပန်ကြားလျှောက်ထားသူတို့အား အဘယ်သို့ဖြေကြားရပါမည်နည်း'' ဟု မေးတော်မူ၏။
ပညာရှိသောသူတို့သည် ကြားသိသောအရာကို သိမ်းထားတတ်၏။ မိုက်သောသူ၏နှုတ်မူကား၊ အကျိုး နည်းခြင်းနှင့်နီးစပ်၏။
သမ္မာသတိရှိသော သူအပေါင်းတို့သည် ပညာ အတတ်နှင့်ပြုမူတတ်ကြ၏။ မိုက်သောသူမူကား၊ မိမိမိုက် သော အပြစ်ကို ထင်ရှားစေတတ်၏။
ပညာရှိသောသူသည် ကြောက်၍ ဒုစရိုက်ကို ရှောင်တတ်၏။ မိုက်သောသူမူကား မာနကြီး၍ ရဲရင့် တတ်၏။
စိတ်မြင့်သောသူသည် ခိုက်ရန်ကို နှိုးဆော်တတ် ၏။ ထာဝရဘုရားကို ခိုလှုံသောသူမူကား၊ ကြွယ်ဝတတ် ၏။