ရှောလမုန်မင်းသည်ဣသရေလနိုင်ငံတစ် ဝှမ်းလုံးကို အုပ်စိုးလျက်နေတော်မူ၏။-
၂ ရာချုပ် 1:13 - Common Language Bible သို့ဖြစ်၍ရှောလမုန်သည်ထာဝရဘုရား စံတော်မူရာတဲတော် တည်ရှိသည့်ဂိဗောင်မြို့ ကိုးကွယ်ဝတ်ပြုရာဌာနမှထွက်ခွာတော် မူ၍ယေရုရှလင်မြို့သို့ပြန်တော်မူ၏။- Garrad Bible ရှော လ မုန် မင်း သည် ဂိ ဗောင် မြို့၊ မြင့် ရာ ဌာ န ရှိ တွေ့ ဆုံ ရာ တဲ တော် ရှေ့ မှ ယေ ရု ရှ လင် မြို့ သို့ ပြန် သွား ၍ ဣ သ ရေ လ လူ မျိုး အ ပေါ် တွင် အုပ် စိုး လျက် နေ ၏။ Judson Bible ထိုအခါ ရှောလမုန်သည် ဂိဗောင်မြို့တွင် မြင့်သောအရပ်၌ရှိသော ပရိသတ်စည်းဝေးရာ တဲတော်ရှေ့မှသည် ယေရုရှလင်မြို့သို့ ပြန်သွား၍၊ ဣသရေလပြည်ကို အုပ်စိုးလျက်နေတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ရှောလမုန်မင်းကြီးသည် တွေ့ဆုံစည်းဝေးရာတဲတော်ရှိရာ ဂိဗောင်မြို့၊ အထွတ်အမြတ်ထားရာကုန်းမြင့်မှ ဂျေရုဆလင်မြို့သို့ ပြန်လာ၏။ ထို့နောက် အစ္စရေးလူမျိုးကို အုပ်ချုပ်လေ၏။ |
ရှောလမုန်မင်းသည်ဣသရေလနိုင်ငံတစ် ဝှမ်းလုံးကို အုပ်စိုးလျက်နေတော်မူ၏။-
ထိုနောက်သူသည်စစ်ရထားတစ်ထောင့်လေး ရာနှင့် တိုက်မြင်းတစ်သောင်းနှစ်ထောင်ရှိသော တပ်မတော်ကိုဖွဲ့စည်းတော်မူပြီးလျှင် အချို့ ကိုယေရုရှလင်မြို့၌လည်းကောင်း၊ အချို့ ကိုအခြားမြို့များ၌လည်းကောင်းထားရှိ တော်မူ၏။-
မိမိနှင့်အတူဂိဗောင်မြို့ရှိကိုးကွယ်ဝတ်ပြု ရာဌာနတော်သို့ သွားရောက်ကြရန်အမိန့်ထုတ် ပြန်တော်မူ၏။ ထိုအရပ်သို့သွားရခြင်းမှာ တောကန္တာရ၌ ထာဝရဘုရား၏အစေခံ မောရှေပြုလုပ်ခဲ့သည့်ထာဝရဘုရားစံ တော်မူရာတဲတော်တည်ရာဖြစ်ခြင်းကြောင့် ဖြစ်၏။-