ထိုအခါသခင်ယေရှုက ``ကောင်းကင်နှင့်ကမ္ဘာမြေ ကြီးကိုအစိုးရတော်မူသောအဖ၊ ကိုယ်တော်သည် အသိပညာရှင်များအားသိခွင့်မပေးဘဲထား သည့်အရာများကို ပညာမဲ့သူတို့အားဖွင့်ပြ တော်မူသဖြင့်ကျေးဇူးတော်ကိုချီးမွမ်းပါ၏။-
၂ ကော 4:3 - Common Language Bible အကယ်၍ငါတို့ဟောပြောကြေညာသည့် သတင်းကောင်းသည်ဖုံးအုပ်လျက်ရှိလျှင် အသက်ဝိညာဉ်ဆုံးရှုံးလျက်နေသူများ အတွက်သာလျှင်ဖုံးအုပ်လျက်ရှိသည်။- Garrad Bible အ ကယ်၍ ငါ တို့ ကြား ပြော ချက် ပုန်း ကွယ် လျှင် မ ယုံ ကြည်၍ ပျက် စီး ရာ ရောက် လျက် နေ သူ၊ Judson Bible ငါတို့ဟောပြောသော ဧဝံဂေလိတရားသည် ဖုံးအုပ်လျက်ရှိလျှင်၊ ဆုံးရှုံးခြင်းသို့ရောက်သော သူတို့အားသာ ဖုံးအုပ်လျက်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့ဟောပြောသည့် ကောင်းမြတ်သောသတင်းသည် ဖုံးအုပ်ခြင်းခံရသည်ဆိုလျှင် ပျက်စီးခြင်းသို့ရောက်သောသူတို့၌သာ ဖုံးအုပ်ခြင်းခံရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့ဟောပြောသော သတင်းကောင်းသည် ဖုံးအုပ်ခြင်းခံရသည်ဆိုလျှင် ပျက်စီးတော့မည့်သူတို့အတွက်သာ ဖုံးအုပ်ခြင်းခံရ၏။ |
ထိုအခါသခင်ယေရှုက ``ကောင်းကင်နှင့်ကမ္ဘာမြေ ကြီးကိုအစိုးရတော်မူသောအဖ၊ ကိုယ်တော်သည် အသိပညာရှင်များအားသိခွင့်မပေးဘဲထား သည့်အရာများကို ပညာမဲ့သူတို့အားဖွင့်ပြ တော်မူသဖြင့်ကျေးဇူးတော်ကိုချီးမွမ်းပါ၏။-
သို့ဖြစ်၍ငါဟောပြောကြေညာသည့်သတင်း ကောင်းအရ တရားစီရင်တော်မူရာနေ့၌ ဘုရား သခင်သည်ယေရှုခရစ်အားဖြင့်လူခပ်သိမ်း တို့၏လျှို့ဝှက်သောအကြံအစည်များကို ထို သို့စစ်ဆေးစီရင်တော်မူပေအံ့။
လက်ဝါးကပ်တိုင်တော်တွင်ခရစ်တော်အသေခံ တော်မူခြင်းတည်းဟူသောတရားသည်ဆုံးရှုံး မည့်သူများအတွက်အနက်အဋ္ဌိပ္ပါယ်မရှိသည့် အရာဖြစ်၏။ ကယ်တင်ခြင်းခံကြရသောငါ တို့အတွက်မူကားဘုရားသခင်၏တန်ခိုး တော်ဖြစ်၏။-
သို့သော်လည်းငါသည်ဉာဏ်ပညာနှင့်ယှဉ်သော စကားကိုဝိညာဉ်ရေးရင့်ကျက်သူတို့အား ပြောဆိုပါ၏။ သို့ရာတွင်ထိုဉာဏ်ပညာကား ဤလောကနှင့်မသက်ဆိုင်။ လောကီမင်းများ နှင့်လည်းမသက်ဆိုင်။ လောကီမင်းတို့၏ တန်ခိုးအာဏာကားလျော့နည်းလျက်နေ ပေသည်။-
ခရစ်တော်၏အကြောင်းသတင်းကောင်းကိုကြေ ညာရန်တရောမြို့သို့ငါရောက်ရှိလာသောအခါ အမှုတော်ကိုထမ်းဆောင်နိုင်ရန်တံခါးကို သခင်ဘုရားဖွင့်ပေးတော်မူ၏။-
ဣသရေလအမျိုးသားတို့၏စိတ်နှလုံးသည် ထိုင်းမှိုင်းလျက်ရှိခဲ့၏။ ယနေ့တိုင်အောင်ပင်လျှင် ပဋိညာဉ်တရားဟောင်းကိုဖတ်သည့်အခါတိုင်း သူတို့စိတ်နှလုံးသည်ယင်းပဝါဖြင့်ဖုံးအုပ် လျက်ရှိ၏။ ခရစ်တော်အားဖြင့်သာလျှင်ယင်း ပဝါကိုပယ်ရှားရ၏။-
ဤလောကကိုအစိုးရသောဘုရားသည် ထိုသူတို့၏စိတ်ကိုအမှောင်ဖြင့်ဖုံးအုပ်စေ သဖြင့် သူတို့သည်သတင်းကောင်းကိုမယုံ ကြ။ ထိုဘုရားကြောင့်ဘုရားသခင်၏ပုံ သဏ္ဌာန်တည်းဟူသောခရစ်တော်၏ဘုန်း အသရေတော်အကြောင်း သတင်းကောင်း မှထွက်ပေါ်လာ၍သူတို့အပေါ်သို့ကျ ရောက်သည့်အလင်းရောင်ကိုသူတို့မမြင် ကြ။-
အဘယ်ကြောင့်ဆိုသော်ငါတို့သည်သတင်း ကောင်းကို စကားသက်သက်ဖြင့်သာမဟုတ် ဘဲတန်ခိုးနှင့်လည်းကောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း၊ ထိုသတင်း ကောင်းမှန်ကန်ကြောင်းကိုလုံးဝစိတ်ချ ယုံကြည်သောစိတ်နှင့်လည်းကောင်း သင်တို့ အားဟောပြောသောကြောင့်ဖြစ်၏။ ငါတို့ သည်သင်တို့နှင့်အတူရှိစဉ်အခါက သင်တို့၏အကျိုးငှာ ငါတို့အဘယ်သို့ပြု မူနေထိုင်ခဲ့ကြသည်ကိုသင်တို့အသိ ပင်ဖြစ်၏။-
ဤသွန်သင်ချက်သည်ဘုန်းအသရေနှင့်ပြည့် ဝ၍ မင်္ဂလာရှိတော်မူသောဘုရားသခင်ထံ တော်မှလာသည့်သတင်းကောင်းအတိုင်းဖြစ် ပေသည်။ ထိုသတင်းကောင်းကိုကြေညာရန် ငါ့အားပေးအပ်တော်မူ၏။