ဤသူတို့သည်ဘိုးဘေးအစဉ်အဆက်မှ အိမ်ထောင်ဦးစီးများဖြစ်ကြ၍ သူတို့၏ သားမြေးများသည်ယေရုရှလင်မြို့တွင် နေထိုင်ကြလေသည်။
၁ ရာချုပ် 9:34 - Common Language Bible အထက်တွင်ဖော်ပြပါရှိသောအမျိုးသား တို့သည် မိမိတို့ဘိုးဘေးအဆက်အနွယ် စာရင်းများအရလေဝိအိမ်ထောင်ဦးစီး များဖြစ်ကြ၏။ သူတို့သည်ယေရုရှလင် မြို့တွင်နေထိုင်သည့်ခေါင်းဆောင်များဖြစ် ပေသည်။ Garrad Bible ယေ ရု ရှ လင် မြို့၌ နေ၍ ဆွေ စဉ် မျိုး ဆက် အ လိုက် လေ ဝိ အ နွယ် အိမ် ထောင် များ တွင် အ အုပ် အ ချုပ် အ ကြီး အ ကဲ ဖြစ် ကြ၏။ Judson Bible ထိုလေဝိအဆွေအမျိုး သူကြီးတို့သည် အစဉ်အဆက် အကြီးအကဲဖြစ်၍ ယေရုရှလင်မြို့၌ နေရာကျကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဤလေဝိအမျိုး၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးများသည် ဆွေစဉ်မျိုးဆက်ခေါင်းဆောင်အလိုက် ဂျေရုဆလင်မြို့တွင် နေထိုင်ကြ၏။ |
ဤသူတို့သည်ဘိုးဘေးအစဉ်အဆက်မှ အိမ်ထောင်ဦးစီးများဖြစ်ကြ၍ သူတို့၏ သားမြေးများသည်ယေရုရှလင်မြို့တွင် နေထိုင်ကြလေသည်။
အိမ်ထောင်ဦးစီးများဖြစ်ကြသည့်ယဇ်ပုရော ဟိတ်တို့၏အရေအတွက်မှာ စုစုပေါင်းတစ် ထောင့်ခုနစ်ရာခြောက်ဆယ်ဖြစ်၏။ သူတို့သည် ဗိမာန်တော်အတွင်း၌ဆောင်ရွက်ရသောအမှု ကိစ္စမှန်သမျှတို့တွင်အထူးကျွမ်းကျင်သူ များဖြစ်ကြ၏။
လေဝိအိမ်ထောင်စုအချို့တို့သည်ဗိမာန် တော်တွင် ဂီတသီဆိုတီးမှုတ်မှုများကို တာဝန်ယူရကြ၏။ သူတို့၏အိမ်ထောင် ဦးစီးများသည်နေ့ရောညည့်ပါလုပ်ဆောင် ရန်လိုအပ်သဖြင့် ဗိမာန်တော်အဆောက် အအုံ အချို့တို့တွင်နေထိုင်ရကြ၍ အခြားတာဝန်ဝတ္တရားများမှကင်း လွတ်ခွင့်ရရှိကြ၏။
ယေဟေလသည်ဂိဗောင်မြို့ကိုတည်ထောင်၍ ထိုမြို့တွင်အခြေစိုက်နေထိုင်လေသည်။ သူ၏ဇနီးမှာမာခါနာမည်ရှိ၏။-