၁ ရာချုပ် 7:3 - Common Language Bible သြဇိတွင်ဣဇရဟိဟူသောသားတစ် ယောက်ရှိ၏။ ဣဇရဟိနှင့်သူ၏သားများ ဖြစ်ကြသောမိက္ခေလ၊ သြဗဒိ၊ ယောလ၊ ဣရှယတို့သည်အိမ်ထောင်ဦးစီးများ ဖြစ်ကြ၏။- Garrad Bible သြ ဇိ သား ကား၊ ဣ ဇ ရ ဟိ။ ဣ ဇ ရ ဟိ သား များ မိ က္ခေ လ၊ သြ ဗ ဒိ၊ ယော လ၊ ဣ ရှ ယာ၊ အ အုပ် အ ချုပ် ဖြစ် သူ ငါး ယောက် တို့ တည်း။ Judson Bible ဩဇိသားကား ဣဇရဟိ၊ ဣဇရဟိသား မက္ခေလ၊ ဩဗဒိ၊ ယောလ၊ ဣရှယ၊ ပေါင်းငါးယောက်တည်း။ ဤသူတို့သည် အကြီးအကဲဖြစ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဩဇိ၏သားမှာ ဣဇရဟိ ဖြစ်ပြီး ဣဇရဟိ၏သားများမှာ မိက္ခေလ၊ ဩဗဒိ၊ ယောလ၊ ဣရှိယ ပေါင်းငါးယောက်ရှိ၏။ သူတို့အားလုံးသည် အကြီးအမှူးများ ဖြစ်ကြ၏။ |
သူတို့သားချင်းစုခေါင်းဆောင်များမှာဧဖာ၊ ဣရှိ၊ ဧလျေလ၊ အာဇရေလ၊ ယေရမိ၊ ဟော ဒဝိနှင့်ယာဒျေလတို့ဖြစ်ကြ၏။ ထိုသူတို့ အားလုံးသည်ထူးချွန်သောစစ်သူရဲများ ဖြစ်၍ မိမိတို့၏သားချင်းစုများပေါ်တွင် ထင်ပေါ်ကျော်စောသူများဖြစ်ကြ၏။
သူတို့တွင်သားမယားအများအပြားရှိ သောကြောင့် သူတို့၏သားမြေးများမှစစ် မှုထမ်းရန်လူပေါင်းသုံးသောင်းခြောက် ထောင်ရရှိနိုင်လေသည်။