နာခေါ်၌ရုမာဟုနာမည်တွင်သောမယားငယ် ရှိ၏။ ရုမာသည်သားများဖြစ်ကြသောတေဘ၊ ဂါဟံ၊ သဟာရှနှင့်မာခါတို့ကိုဖွားမြင်လေ သည်။
၁ ရာချုပ် 7:16 - Common Language Bible မာခိရ၏ဇနီးမာခါသည်သားနှစ်ယောက် ကိုဖွားမြင်လေသည်။ သူတို့အားပေရက်နှင့် ရှေရက်ဟုနာမည်မှည့်၏။ ပေရက်တွင်ဥလံ နှင့်ရေကင်ဟူသောသားနှစ်ယောက်ရှိ၏။- Garrad Bible မာ ခိ ရ မ ယား မာ ခါ သည် သား ကို ဖွား မြင်၍ ပေ ရက် အ မည် ဖြင့် မှည့်၏။ သူ့ ညီ ကား ရှေ ရက် အ မည် ရှိ ၏။ သူ့ သား များ ကား ဥ လံ နှင့် ရေ ကင် တို့ တည်း။ ဥ လံ့ သား ကား ဗေ ဒန် တည်း။ Judson Bible မာခိရမယားမာခါသည် သားကိုဖွားမြင်၍၊ ပေရက်အမည်ဖြင့် မှည့်၏။ သူ၏ညီကား ရှေရက်အမည်ရှိ၏။ သူ၏သားကား ဥလံနှင့် ရေကင်တည်း။ မြန်မာ့စံမီသမ္မာကျမ်း မာခိရ၏မယား မာခါက သားမွေးလာသောအခါ ပေရက် ဟုအမည်ပေး၏။ ပေရက်၏ညီမှာ ရှေရက်၊ ရှေရက်၏သားများမှာ ဥလံနှင့်ရေကင် တို့ဖြစ်ကြ၏။ |
နာခေါ်၌ရုမာဟုနာမည်တွင်သောမယားငယ် ရှိ၏။ ရုမာသည်သားများဖြစ်ကြသောတေဘ၊ ဂါဟံ၊ သဟာရှနှင့်မာခါတို့ကိုဖွားမြင်လေ သည်။
မာခိရသည်ဟုပိမ်နှင့်ရှုပိမ်တို့အတွက်အိမ် ထောင်ဖက်များကိုရှာ၍ပေး၏။ သူ့နှမ ၏နာမည်မှာမာခါဖြစ်၏။ မာခိရ၏ဒုတိယ သားမှာဇလောဖတ်ဖြစ်၍ထိုသူ၌သမီး များသာလျှင်ရှိလေသည်။
ဥလံတွင်ဗေဒန်နာမည်တွင်သောသားတစ် ယောက်ရှိလေသည်။ ဤသူတို့ကားမာခိရ ၏သား၊ မနာရှေ၏မြေးဂိလဒ်မှဆင်းသက် လာသူများဖြစ်ကြ၏။