၁ ရာချုပ် 7:1 - Common Language Bible ဣသခါတွင်တောလ၊ ဖုဝါ၊ ယာရှုပ်၊ ရှိမရုန် ဟူ၍သားလေးယောက်ရှိ၏။ Garrad Bible ဣ သ ခါ့ သား များ ကား တော လ၊ ဖု ဝါ၊ ယာ ရှုပ်၊ ရှိ မ ရုန်၊ ပေါင်း လေး ယောက် တို့ တည်း။ Judson Bible ဣသခါသားကား တောလ၊ ဖုဝါ၊ ယာရှုပ်၊ ရှိမရုန်၊ ပေါင်းလေးယောက်တည်း။ မြန်မာ့စံမီသမ္မာကျမ်း ဣသခါ၏သားများမှာ တောလ၊ ဖုဝါ၊ ယာရှုပ်၊ ရှိမရုန် ပေါင်းလေးယောက်ရှိ၏။ |
ဟေရှဘုန်မြို့၊ ယာဇာမြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိမြက်ခင်းများကိုလည်းကောင်းရရှိ ကြလေသည်။
တောလတွင်သြဇိ၊ ရေဖာယ၊ ယေရေလ၊ ယာမဲ၊ ယိဗသံ၊ ရှမွေလဟူ၍သားခြောက်ယောက်ရှိ ၏။ ထိုသူတို့သည်တောလသားချင်းစု၏ ဦးစီးခေါင်းဆောင်များ၊ ထင်ပေါ်ကျော်စော သောစစ်သူရဲများဖြစ်ကြ၏။ သူတို့၏သား မြေးဦးရေသည်ဒါဝိဒ်မင်း၏လက်ထက်၌ နှစ်သောင်းနှစ်ထောင်ခြောက်ရာရှိသတည်း။