အဟိတုတ်၏သားဇာဒုတ်နှင့်အဗျာသာ ၏သားအဟိမလက်တို့ကားယဇ်ပုရော ဟိတ်များဖြစ်ကြ၏။ စရာယသည်စာရေး တော်ကြီးဖြစ်၍၊-
၁ ရာချုပ် 6:4 - Common Language Bible အဖနှင့်သားနာမည်များအစဉ်လိုက်အတိုင်း ဧလဇာ၏သားမြေးစာရင်းမှာဧလဇာ၊ ဖိနဟတ်၊ အဘိရွှ၊ ဗုက္ကိ၊ သြဇိ၊ ဇေရဟိ၊ မေရာယုတ်၊ အာမရိ၊ အဟိတုပ်၊- Garrad Bible ဧ လာ ဇာ့ သား ကား၊ ဖိ န ဟတ်။ ဖိ န ဟတ် သား အ ဘိ ရွှ။ Judson Bible ဧလာဇာသားကား ဖိနဟတ်၊ ဖိနဟတ်သား အဘိရွှ၊ အဘိရွှသား ဗုက္ကိ၊ ဗုက္ကိသားဩဇိ၊ ဩဇိသား ဇေရဟိ၊ ဇေရဟိသား မေရာယုတ်၊ မေရာယုတ်သား အာမရိ၊ အာမရိသား အဟိတုပ်၊ မြန်မာ့စံမီသမ္မာကျမ်း ဧလာဇာသည် သားဖိနဟတ်ကိုရ၏။ ဖိနဟတ်သည် သားအဘိရွှကိုရ၏။ |
အဟိတုတ်၏သားဇာဒုတ်နှင့်အဗျာသာ ၏သားအဟိမလက်တို့ကားယဇ်ပုရော ဟိတ်များဖြစ်ကြ၏။ စရာယသည်စာရေး တော်ကြီးဖြစ်၍၊-
မေရာရိတွင်မဟာလိနှင့်မုရှိဟူသောသား နှစ်ယောက်ရှိ၏။ မဟာလိတွင်ဧလာဇာနှင့် ကိရှဟူသောသားနှစ်ယောက်ရှိ၏။-
အာမရံတွင်အာရုန်၊ မောရှေဟူသောသား နှစ်ယောက်နှင့်မိရိအံဟူသောသမီးတစ် ယောက်ရှိ၏။ အာရုန်တွင်နာဒပ်၊ အဘိဟု၊ ဧလာဇာ နှင့်ဣသမာဟူ၍သားလေးယောက်ရှိ၏။
ဧလာဇာ၏သားဖိနဟတ်သည်အခါ တစ်ပါးက ထိုသူတို့အားကြီးကြပ်အုပ် ချုပ်ရလေသည်။ ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူ၏။
ထိုသူတို့သည်ဘုရားသခင်၏ကျေးဇူးတော် ကြောင့် မဟာလိသားချင်းစုမှလေဝိအနွယ် ဝင်၊ အရည်အချင်းကောင်းမွန်သူရှေရဘိကို ငါတို့ထံသို့စေလွှတ်လေသည်။ သူ၏သားနှင့် ညီအစ်ကိုတစ်ဆယ့်ရှစ်ယောက်တို့သည်လည်း အတူလိုက်ပါလာကြ၏။-
ဖိနဟတ်သားချင်းစုမှဂေရရှုံဣသမာ သားချင်းစုမှဒံယေလ ဒါဝိဒ်သားချင်းစုမှရှေခနိတ်သားဟတ္တုတ် ဖာရုတ်၏သားချင်းစုမှဇာခရိနှင့်သူ၏ အနွယ်ဝင်ယောကျာ်း ၁၅၀ (သူတို့အိမ်ထောင်စု မှတ်တမ်းများရှိသည်။) ပါဟတ်မောဘသားချင်းစုမှဇေရာယ ၏သား ဧလျောနဲနှင့်ယောကျာ်း ၂၀၀ ဇတ္တုသားချင်းစုမှယဟာဇေလ၏သား ရှေခနိနှင့်ယောကျာ်း ၃၀၀ အာဒိန်သားချင်းစုမှယောနသန်၏သား ဧဗက်နှင့်ယောကျာ်း ၅၀ ဧလံသားချင်းစုမှအာသလိ၏သား ယေရှာယနှင့်ယောကျာ်း ၇၀ ရှေဖတိသားချင်းစုမှမိက္ခေလ၏သား ဇေဗဒိနှင့်ယောကျာ်း ၈၀ ယွာဘသားချင်းစုမှယေဟေလ၏သား သြဗဒိနှင့်ယောကျာ်း ၂၁၈ ဗာနိသားချင်းစုမှယောသိဖိ၏သား ရှေလောမိတ်နှင့်ယောကျာ်း ၁၆၀ ဗေဗဲသားချင်းစုမှဗေဗဲ၏သား ဇာခရိနှင့်ယောကျာ်း ၂၈ အာဇဂဒ်သားချင်းစုမှဟက္ကတန်၏သား ယောဟနန်နှင့်ယောကျာ်း ၁၁၀ အဒေါနိကံသားချင်းစုမှဧလိဖလက်၊ ယေယေလ၊ ရှေမာယနှင့်ယောကျာ်း ၆၀ (သူတို့သည်နောက်မှလိုက်လာကြသူများ ဖြစ်၏။) ဗိဂဝဲသားချင်းစုမှဥသဲ၊ဇဗ္ဗုဒ်နှင့်ယောကျာ်း ၇၀
အာရုန်၏သားဧလဇာသည်ပုတျေလ၏ သမီးတစ်ယောက်နှင့်စုံဖက်၍ သူသည်သား ဖိနဟတ်ကိုဖွားမြင်၏။ ဤသူတို့သည်လေဝိ မိသားစုနှင့်အဆက်အနွယ်များ၏အကြီး အကဲများဖြစ်ကြသတည်း။
သူသည်ငါမှတစ်ပါးအခြားသောဘုရားကို လက်မခံသဖြင့် ဣသရေလအမျိုးသားတို့ ၏အပြစ်ပြေရာပြေကြောင်းကိုဆောင်ရွက်ခဲ့ သောကြောင့် သူမှစ၍သူ၏အဆက်အနွယ် တို့သည်ယဇ်ပုရောဟိတ်အရာကိုအမြဲ ဆက်ခံစေရမည်'' ဟုမိန့်တော်မူ၏။
ထိုနောက်မောရှေသည်ယဇ်ပုရောဟိတ်ဧလာ ဇာ၏သား ဖိနဟတ်အားဣသရေလတပ်ကို အုပ်ချုပ်ကွပ်ကဲစေ၏။ သူနှင့်အတူတဲတော် နှင့်ဆိုင်သောအသုံးအဆောင်ပစ္စည်းများနှင့် အချက်ပေးတံပိုးခရာများကိုယူဆောင် သွား၏။-
ထိုအခါယောရှုသည်ယေဖုန္နာ၏သား ကာလက်အား ကောင်းချီးပေး၍ဟေဗြုန် မြို့ကိုဝေစုအဖြစ်ခွဲဝေပေးလေ၏။-
ဟေဗြုန်မြို့၏နာမည်ဟောင်းမှာအာဘမြို့ ဖြစ်သတည်း။ (အာဘသည်အာနကအမျိုး သားတို့၏ခေါင်းဆောင်ကြီးဖြစ်၏။) ထိုနောက်တိုင်းပြည်တွင်ငြိမ်းချမ်းသာယာ လျက်ရှိသတည်း။
ထိုနောက်သူတို့သည်ယဇ်ပုရောဟိတ်ဧလာ ဇာ၏သား ဖိနဟတ်ကိုဂိလဒ်ပြည်တွင်ရှိ သောရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်နှင့် အရှေ့မနာရှေအနွယ်ဝင်တို့ထံသို့စေ လွှတ်ကြလေသည်။-
အာရုန်၏သားဧလာဇာသည်လည်းအနိစ္စ ရောက်သဖြင့် သူ၏အလောင်းကိုသူ၏သား ဖိနဟတ်အားပေးထားသောဧဖရိမ်တောင် ကုန်းဒေသရှိဂစ်ဗီအာမြို့တွင်သင်္ဂြိုဟ်ကြ လေသည်။ ယောရှုမှတ်စာပြီး၏။