ဂဒ်သည်ဋ္ဌားပြတို့၏တိုက်ခိုက်ခြင်းကိုခံ ရမည်။ သို့ရာတွင်သူသည်မိမိကိုတိုက်ခိုက်သူတို့ အား ပြန်၍လိုက်လံတိုက်ခိုက်လိမ့်မည်။
၁ ရာချုပ် 5:22 - Common Language Bible ဤစစ်ပွဲသည်ဘုရားသခင်၏အလိုတော် အရဖြစ်သဖြင့် ရန်သူအများအပြား သေကြကုန်၏။ ထိုနောက်ဣသရေလ အမျိုးသားတို့သည်ပြည်နှင်ဒဏ်ခံရ ချိန်မတိုင်မီ ထိုပြည်တွင်ဆက်လက်နေ ထိုင်ကြ၏။ Garrad Bible ဘု ရား သ ခင့် အ လို တော် နှင့် စစ် တိုက် သော ကြောင့် ရန် သူ အ များ ကျ ဆုံး သည် နှင့် ကိုယ့် လူ မျိုး သိမ်း သွား ခံ ရ သည့် ကာ လ တိုင် အောင် ၎င်း တို့ ပြည် ၌ နေ ရာ ကျ ကြ ၏။ Judson Bible ဘုရားသခင့်အခွင့်နှင့် စစ်တိုက်သောကြောင့်၊ ရန်သူအများတို့သည်လဲသေကြ၏။ ဣသရေလလူတို့သည် သိမ်းသွားခြင်းအမှု မရောက်မီတိုင်အောင်၊ ဟာဂရလူတို့နေရာ၌ နေရာကျကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်အခွင့်နှင့်စစ်တိုက်သောကြောင့် ရန်သူအများအပြားကျဆုံးကြ၏။ ထို့ကြောင့် အစ္စရေးလူမျိုးတို့သည် ဖမ်းခေါ်သွားခြင်းမခံရမီအချိန်ထိ ထိုသူတို့ပြည်တွင် နေထိုင်ကြ၏။ |
ဂဒ်သည်ဋ္ဌားပြတို့၏တိုက်ခိုက်ခြင်းကိုခံ ရမည်။ သို့ရာတွင်သူသည်မိမိကိုတိုက်ခိုက်သူတို့ အား ပြန်၍လိုက်လံတိုက်ခိုက်လိမ့်မည်။
ပေကာမင်းလက်ထက်တွင်အာရှုရိဧကရာဇ် ဘုရင်တိဂလတ်ပိလေသာသည်ဣယုန်မြို့၊ အဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှ မြို့နှင့်ဟာဇော်မြို့များနှင့်တကွဂိလဒ်ပြည်၊ ဂါလိလဲနှင့်နဿလိပြည်တို့ကိုသိမ်းယူ၍ လူတို့အား အာရှုရိပြည်သို့သုံ့ပန်းများ အဖြစ်ဖမ်းဆီးသွားလေသည်။
ဟောရှေ၏နန်းစံကိုးနှစ်မြောက်၌အာရှုရိ ဧကရာဇ်ဘုရင်သည် ရှမာရိမြို့ကိုသိမ်းယူ၍ ဣသရေလအမျိုးသားတို့အားသုံ့ပန်းများ အဖြစ်အာရှုရိပြည်သို့ဖမ်းသွားပြီးလျှင် အချို့ကိုဟာလမြို့၌လည်းကောင်း၊ အချို့ ကိုဂေါဇန်ခရိုင်၊ ဟာဗော်မြစ်အနီး၌လည်း ကောင်း၊ အချို့ကိုမေဒိပြည်ရှိမြို့များ၌ လည်းကောင်းနေထိုင်စေ၏။
ယုဒဘုရင်၊ ဟေဇကိမင်းလက်ထက်၌ အထက်ဖော်ပြပါလူတို့သည် ဂေရာမြို့ သို့သွား၍ဟာမအမျိုးသားတို့ကိုသူ တို့၏တဲအိမ်များနှင့်တကွသုတ်သင် ဖျက်ဆီးပစ်ပြီးလျှင် ထိုအရပ်တွင် အတည်တကျအခြေစိုက်၍နေထိုင် ကြလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည်မိမိတို့၏သိုးများအတွက် စားကျက်အလုံအလောက်ကိုရရှိကြ သောကြောင့်ဖြစ်၏။-
သူတို့သည်ရန်သူများဘက်မှကုလားအုတ် ငါးသောင်း၊ သိုးနှစ်သိန်းငါးသောင်းနှင့်မြည်း နှစ်ထောင်ကိုလက်ရဖမ်းမိကြ၏။ သုံ့ပန်း တစ်သိန်းကိုလည်းရရှိကြ၏။-
သို့ဖြစ်၍ကိုယ်တော်သည်(တိဂလတ်ပိလေ သာဟုလည်းနာမည်တွင်သော) အာရှုရိ ပြည်ဧကရာဇ်ဘုရင်ပုလအားသူတို့ ၏တိုင်းပြည်ကိုချင်းနင်းဝင်ရောက်စေ တော်မူ၏။ ကိုယ်တော်သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်နှင့် အရှေ့ပိုင်းမနာရှေအနွယ် ဝင်တို့အားပြည်နှင်ဒဏ်ပေးတော်မူ၍ ဟေလ၊ ဟာဗော်နှင့်ဟာရနယ်များတွင် လည်းကောင်း၊ ဂေါဇန်မြစ်အနီးတွင်လည်း ကောင်း၊ အမြဲတမ်းအခြေစိုက်၍နေ ထိုင်စေတော်မူ၏။
အဖနှင့်သားနာမည်များအစဉ်လိုက်အတိုင်း အဟိမုတ်၏သားမြေးစာရင်းမှာ အဟိမုတ်၊ ဧလကာန၊ ဇော်ဖဲ၊ နာဟတ်၊-
သူ့အားဘုရားသခင်သည်ဖိလိတ္တိအမျိုးသား များ၊ ဂုရဗာလမြို့တွင်နေထိုင်သောအာရပ် အမျိုးသားများ၊ မဟုနိမ်အမျိုးသားများ ကိုနှိမ်နင်းရန်ကူမတော်မူသည်။-
သူ၏ဘက်၌လူသားတို့၏တန်ခိုးစွမ်းရည် သာလျှင်ရှိပေသည်။ ငါတို့ဘက်၌မူကား ကူမတော်မူ၍စစ်ပွဲများတွင်ပါဝင်တိုက် ခိုက်တော်မူသောငါတို့၏ဘုရားသခင် ထာဝရဘုရားရှိတော်မူ၏'' ဟုမိန့်တော် မူလေသည်။ ဤသို့မင်းကြီးမိန့်တော်မူ သောစကားကြောင့်လူတို့သည်အား တက်လာကြကုန်၏။
အထက်ပါအချက်များကိုထောက်၍မည်သို့ ဆိုရအံ့နည်း။ ဘုရားသခင်သည်ငါတို့ဘက် ၌ရှိတော်မူလျှင်အဘယ်သူမျှငါတို့အား ဆန့်ကျင်နိုင်မည်မဟုတ်။-
သင်တို့၏ဘုရားသခင်ထာဝရဘုရား သည်ကတိတော်ရှိသည်အတိုင်း သင်တို့ အတွက်စစ်တိုက်တော်မူသဖြင့်သင်တို့ အထဲမှသူရဲတစ်ယောက်က ရန်သူတစ် ထောင်ကိုကစဥ့်ကလျားထွက်ပြေးစေ နိုင်၏။-