ဟာမ၏သားများဖြစ်ကြသောကုရှ၊ အီဂျစ်၊ လစ်ဗြားနှင့်ခါနာန်တို့သည်ကား သူတို့၏ နာမည်ကိုခံယူကြသူလူမျိုးတို့၏ဖခင် များဖြစ်ကြ၏။-
၁ ရာချုပ် 4:40 - Common Language Bible သူတို့သည်ငြိမ်းချမ်းသာယာသည့်မြေပြန့် ဒေသတွင် စားကျက်ကောင်းများကိုအလုံ အလောက်တွေ့ရှိကြလေသည်။ ထိုအရပ်တွင် နေထိုင်ခဲ့ကြသူတို့မှာဟာမအမျိုးသား များဖြစ်သတည်း။ Garrad Bible မြက် ပင် ပေါ များ၍ ကောင်း သော စား ကျက် နှင့် ကျယ် ဝန်း ရန် ကင်း သည့် အ ရပ် ကို တွေ့ ကြ၏။ အ မည် စာ ရင်း ဝင် ခဲ့ သူ တို့ သည် သိုး ဆိတ် တို့ ကျက် စား ရန်၊ တွေ့ ရှိ သည့် အ လျောက် ချိုင့် ရင်း သား ဟာ မ အ မျိုး သား တို့ ကို ပါ ဝင် သူ မော နိ လူ မျိုး တို့ နှင့် တ ကွ တဲ များ ပါ ဟေ ဇ ကိ မင်း လက် ထက် ချီ တက် မြေ လှန် သ ဖြင့် ယ နေ့ တိုင် ပျက် ပြား သည် နှင့် နေ ရာ ကျ ကြ၏။ Judson Bible မြက်ပင်ပေါများ၍ ကောင်းသောကျက်စားရာ ကျယ်ဝန်းငြိမ်ဝပ်သော အရပ်ကို တွေ့ကြ၏။ ရှေးကာလတွင်၊ ဟာမအမျိုးသားတို့သည် ထိုအရပ်၌နေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း စားကျက်မြေပေါများ၍ စားကျက်မြေကောင်းသောနေရာ၊ မြေနေရာကျယ်ဝန်းပြီး အေးချမ်းသာယာသောနေရာကို ရှာတွေ့သွားကြ၏။ ထိုနေရာတို့သည် ယခင်က ဟာမအမျိုးသားများ နေထိုင်ခဲ့သောနေရာ ဖြစ်၏။ |
ဟာမ၏သားများဖြစ်ကြသောကုရှ၊ အီဂျစ်၊ လစ်ဗြားနှင့်ခါနာန်တို့သည်ကား သူတို့၏ နာမည်ကိုခံယူကြသူလူမျိုးတို့၏ဖခင် များဖြစ်ကြ၏။-
အနောက်ဘက်တွင်ဂေရာမြို့အနီးသို့တိုင် အောင်ပြန့်နှံ့သွားလျက် ထိုမြို့တည်ရာချိုင့် ဝှမ်းအရှေ့ဘက်တွင်သိုးများကိုထိန်း ကျောင်းကြ၏။-
ထိုအခါယာကုပ်သည်အီဂျစ်ပြည်သို့ရောက် ရှိလာ၍ ထိုပြည်၌အခြေစိုက်နေထိုင်လေ၏။
ကိုယ်တော်သည်အီဂျစ်ပြည်ရှိအိမ်ထောင်စုအပေါင်းမှ သားဦးတို့ကိုသေစေတော်မူ၏။