နောက်တစ်ဖန်သားတစ်ယောက်ဖွားမြင်၍ရှေလ ဟုနာမည်မှည့်လေသည်။ ရှေလကိုဖွားမြင်သော အခါယုဒသည်ခေဇိပ်မြို့တွင်နေထိုင်လျက် ရှိ၏။
၁ ရာချုပ် 4:21 - Common Language Bible ရှေလသည်ယုဒ၏သားတစ်ယောက်ဖြစ်၏။ သူ၏သားမြေးများတွင်လေကမြို့ကိုတည် ထောင်သူ ဧရနှင့်မရေရှမြို့ကိုတည်ထောင် သူလာဒသည်လည်းကောင်း၊ ဗေသရှေဘ မြို့တွင်နေထိုင်ကြသော ပိတ်ချောထည်ယက် သည့်သားချင်းစုသည်လည်းကောင်း၊- Garrad Bible ယု ဒ သား ဖြစ် သူ ရှေ လ၏ သား များ ကား၊ လေ က အ ဘ ဧ ရ၊ မ ရေ ရှ အ ဘ လာ ဒ၊ ပိတ် ချော ကို ရက် တတ် သူ အာ ရှ ဗာ့ အ ဆက် အ နွယ်၊ ယော ကိမ်၊ ခေါ ဇေ ဘ အ နွယ်၊ Judson Bible ယုဒသားဖြစ်သော ရှေလ၏သားကား လေကအဘဧရ၊ မရေရှအဘ လာဒအစရှိသော ပိတ်ချောကိုရက်တတ်သော အာရှဗာအဆွေအမျိုး၊ မြန်မာ့စံမီသမ္မာကျမ်း ယုဒ၏မြေး၊ ရှေလ၏သားများမှာ လေက၏ဖခင်ဧရ၊ မရေရှ၏ဖခင်လာဒ၊ ပိတ်ချောထည်ရက်လုပ်သူ အာရှဗာမျိုးနွယ်စု၊ |
နောက်တစ်ဖန်သားတစ်ယောက်ဖွားမြင်၍ရှေလ ဟုနာမည်မှည့်လေသည်။ ရှေလကိုဖွားမြင်သော အခါယုဒသည်ခေဇိပ်မြို့တွင်နေထိုင်လျက် ရှိ၏။
ယုဒနှင့်သူ၏သားများဖြစ်ကြသောရှေလ၊ ဖာရက်၊ ဇာရ (ယုဒ၏အခြားသားများဖြစ် ကြသောဧရနှင့်သြနန်တို့သည်ခါနာန်ပြည် ၌သေဆုံးကြ၏။) ဖာရက်၏သားများဖြစ် ကြသောဟေဇရုံနှင့်ဟာမုလ။-
ယုဒတွင်စုစုပေါင်းသားငါးယောက်ရှိ၏။ သူ၏ ဇနီး၊ ခါနာန်အမျိုးသမီးဖြစ်သူ ရှုအာနှင့်ရ သောသားသုံးယောက်တို့ကားဧရ၊ သြနန်နှင့် ရှေလတို့ဖြစ်၏။ သူ၏သားအကြီးဆုံးဧရ သည်အလွန်ဆိုးညစ်သူဖြစ်သဖြင့် ထာဝရ ဘုရား၏ကွပ်မျက်တော်မူခြင်းကိုခံရ၏။-
ရှိမုန်တွင်အာမနုန်၊ ရိန္န၊ ဗင်္ဟာနန်၊ တိလုန်ဟူ သောသားလေးယောက်ရှိ၏။ ဣရှိတွင်ဇောဟက်နှင့်ဗင်္ဇောဟက်ဟူသောသား နှစ်ယောက်ရှိ၏။
ယောယကိမ်နှင့်ခေါဇေဘမြို့တွင် နေထိုင် ကြသောလူတို့သည်လည်းကောင်း၊ မောဘ ပြည်သူအမျိုးသမီးများနှင့်အိမ်ထောင် ပြု၍ဗက်လင်မြို့တွင်နေထိုင်ကြသော ယောရှနှင့်သာရပ်တို့သည်လည်းကောင်း ပါဝင်ကြ၏။ (ဤသည်ကားရှေးစကားဖြစ် သတည်း။-)
ကောလဟောဇ၏မြေး၊ ဗာရုတ်၏သားမာသေယ။ သူ၏အခြားဘိုးဘေးများတွင်ရှေလ၏သား ယုဒမှဆင်းသက်သူဟဇာယ၊ အဒါယ၊ ယောယရိပ်နှင့်ဇာခရိတို့ပါဝင်သည်။