မိမိနေပြည်တော်ယေရုရှလင်မြို့သို့ပင့် ဆောင်ခြင်းမပြုဘဲဂါသမြို့သားသြဗ ဒေဒုံ၏အိမ်သို့ပင့်ဆောင်သွားတော်မူ၏။-
၁ ရာချုပ် 26:8 - Common Language Bible သြဗဒေဒုံ၏အိမ်ထောင်စုမှဤအလုပ် တာဝန်အတွက် အထူးအရည်အချင်းနှင့် ပြည့်စုံသူလူခြောက်ဆယ့်နှစ်ယောက်ရရှိ၏။ Garrad Bible သြ ဗ ဒေ ဒုံ၏ ဆို ခဲ့ သော သား မြေး တို့ နှင့် သား ရော ညီ ပါ အ မှု တော် ကို ဆောင် ရွက် ခြင်း ငှါ စွမ်း ရည် ရှိ သူ ပေါင်း ကား ခြောက် ကျိပ် နှစ် ယောက် တို့ တည်း။ Judson Bible အမှုတော်ကိုဆောင်ရွက်ခြင်းငှာ တတ်စွမ်းနိုင်အောင် ခွန်အားကြီးသော ဩဗဒေဒုံအမျိုးသားချင်း ယောက်ျားပေါင်းကား ခြောက်ကျိပ်နှစ်ယောက်တည်း။ မြန်မာ့စံမီသမ္မာကျမ်း ဤသူအားလုံးတို့သည် ဩဗဒေဒုံ၏သားမြေးများ ဖြစ်ကြ၏။ သူတို့၏သားများ ညီအစ်ကိုများသည် အမှုတော်လုပ်ငန်းတွင် ရဲစွမ်းသတ္တိထက်မြက်၍ ခွန်အားကြီးသောသူများဖြစ်၏။ ဩဗဒေဒုံ၌ သားမြေးပေါင်း ခြောက်ဆယ့်နှစ်ယောက် ရှိ၏။ |
မိမိနေပြည်တော်ယေရုရှလင်မြို့သို့ပင့် ဆောင်ခြင်းမပြုဘဲဂါသမြို့သားသြဗ ဒေဒုံ၏အိမ်သို့ပင့်ဆောင်သွားတော်မူ၏။-
မေရှလေမိ၏အိမ်ထောင်စုမှ အရည်အချင်း နှင့်ပြည့်စုံသူတစ်ဆယ့်ရှစ်ယောက်ရရှိ၏။
တစ်ယောက်ကိုရွှေငါးပိဿာ၊ အခြားတစ်ယောက်ကို နှစ်ပိဿာ၊ အခြားတစ်ယောက်ကိုရွှေတစ်ပိဿာစသည် ဖြင့်ထိုသူတို့၏အရည်အချင်းအလိုက်ပေးအပ်၏။ ထိုနောက်နိုင်ငံရပ်ခြားသို့ထွက်ခွာသွားလေသည်။-
ငါတို့သည်ပဋိညာဉ်တရားသစ်အတွက် အမှုတော်ထမ်းဆောင်နိုင်ရန် ကိုယ်တော်သည် ငါတို့အားစွမ်းရည်သတ္တိများကိုပေးတော် မူ၏။ ထိုပဋိညာဉ်တရားသစ်ကားအက္ခရာ တင်ထားသည့်ပညတ်တရားမဟုတ်။ ဝိညာဉ် တော်တရားဖြစ်၏။ အက္ခရာတင်ထားသည့် ပညတ်သည်အသက်သေစေတတ်၏။ ဝိညာဉ် တော်မူကားအသက်ရှင်စေတတ်သတည်း။
တရားဟောပြောသူသည်ဘုရားသခင်၏ ဗျာဒိတ်တော်ကိုဟောပြောစေ။ အစေခံသော သူသည်ဘုရားသခင်ပေးတော်မူသောအစွမ်း သတ္တိအတိုင်းလုပ်ဆောင်စေ။ သို့မှသာပြုလေ သမျှသောအမှုတို့တွင် ယေရှုခရစ်အား ဖြင့်ဘုရားသခင်၏ဘုန်းအသရေထွန်းလင်း လိမ့်မည်။ အရှင်ယေရှုခရစ်သည်ကမ္ဘာအဆက် ဆက်ထွန်းတောက်တော်မူပါစေသတည်း။ အာမင်။