လူဦးရေအနည်းအများကိုပမာဏမထား ဘဲအိမ်ထောင်စုတိုင်းပင်လျှင် မိမိတို့အစောင့် တာဝန်ကျမည့်တံခါးကိုမဲနှိုက်၍ယူရကြ၏။-
တံ ခါး တိုင်း အ ဖို့ အိမ် ထောင် များ အ လိုက် အ ကြီး အ ငယ် မ ခြား မဲ ချ ကြ ရာ၊
ထိုသူအကြီးအငယ်တို့သည်၊ မိမိတို့ အဆွေအမျိုးအလိုက် တံခါးအသီးအသီးစောင့်စေခြင်းငှာ စာရေးတံပြုကြ၍၊
သူတို့၏ဘိုးဘေးအိမ်ထောင်စုအလိုက် လူကြီးလူငယ်မရွေး တံခါးတစ်ခုစီတွင် တာဝန်ကျမည့်သူများကိုမဲချခွဲဝေပေး၏။
မိမိတို့၏ဆွေမျိုးများဖြစ်သောအာရုန်မှ ဆင်းသက်လာသော ယဇ်ပုရောဟိတ်များပြုခဲ့ ကြသည့်နည်းတူ၊ အိမ်ထောင်စုတိုင်းမှအိမ် ထောင်ဦးစီးနှင့်ယင်းအိမ်ထောင်မှညီဖြစ်သူ တစ်ယောက်သည်မဲချ၍ တာဝန်ဝတ္တရားများ ကိုယူရကြ၏။ ဤသို့ပြုရာ၌ဒါဝိဒ်မင်း၊ ဇာဒုတ်၊ အဟိမလက်၊ ယဇ်ပုရောဟိတ်တို့ ၏အိမ်ထောင်ဦးစီးများနှင့်လေဝိအနွယ် ဝင်တို့၏အိမ်ထောင်ဦးစီးများသည်အသိ သက်သေဖြစ်ကြ၏။
ဧလာဇာနှင့်ဣသမာနှစ်ဦးစလုံး၏သား မြေးတို့တွင်ဗိမာန်တော်အရာရှိများနှင့် ဝိညာဉ်ရေးခေါင်းဆောင်များပါရှိသဖြင့် တာဝန်ခွဲခန့်သတ်မှတ်မှုကိုမဲချ၍ဆောင် ရွက်ရကြလေသည်။-
ထိုသူတို့သည်ကြီးသူငယ်သူ၊ ကျွမ်းကျင်သူ၊ မကျွမ်းကျင်သူဟူ၍ခွဲခြားခြင်းမရှိဘဲ တာဝန်ဝတ္တရားများခွဲခန့်သတ်မှတ်ရာ၌ မဲနှိုက်၍ ယူရကြ၏။
ဗိမာန်တော်၏အစောင့်တပ်သားတို့ကို အိမ်ထောင် စုများအလိုက်အုပ်စုများခွဲ၍ အခြားလေဝိ အနွယ်ဝင်တို့နည်းတူအလုပ်တာဝန်များကို ခွဲခန့်ပေးလေသည်။-
ရှေလမိသည်အရှေ့တံခါးကိုရ၍ သူ၏သား ဇာခရိသည်မြောက်တံခါးကိုရလေသည်။ သူ သည်အစဉ်ပင်အကြံကောင်းဉာဏ်ကောင်းကို ပေးတတ်သူဖြစ်၏။-