ရှိမိတွင်ယာဟတ်၊ ဇိဇ၊ ယုရှ၊ ဗေရိဟူ၍ကြီး စဉ်ငယ်လိုက်သားလေးယောက်ရှိ၏။ ယုရှနှင့် ဗေရိနှစ်ဦးတို့တွင်သားမြေးများစွာမရှိ သဖြင့် သူတို့အားတာဝန်ပေးအပ်ရာတွင် သားချင်းစုတစ်စုအဖြစ်ဖြင့်သတ်မှတ်၍ ထားသတည်း။
၁ ရာချုပ် 23:9 - Common Language Bible သူတို့သည်ယာဒန်မှဆင်းသက်လာသော ဆွေမျိုးသားချင်းစုဦးစီးများဖြစ်ကြ၏။ (ရှိမိတွင်ရှေလောမိတ်၊ ဟာဇေလနှင့်ဟာရန် ဟူသောသားသုံးယောက်ရှိ၏။-) Garrad Bible ရှိ မိ သား များ ကား ရှေ လော မုတ်၊ ဟာ ဇေ လ၊ ဟာ ရန်၊ သုံး ယောက် တို့ တည်း။ ဤ သူ တို့ သည် လာ ဒန့် အိမ် ထောင် များ တွင် အ အုပ် အ ချုပ် ဖြစ် ကြ ၏။ Judson Bible ရှိမိသားကား ရှေလောမိတ်၊ ဟာဇေလ၊ ဟာရန်၊ ပေါင်းသုံးယောက်တည်း။ ဤသူတို့သည် လာဒန်အဆွေအမျိုး သူကြီးဖြစ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ရှိမိ၏သားသုံးယောက်မှာ ရှေလောမုတ်၊ ဟာဇေလ၊ ဟာရန် တို့ဖြစ်ကြ၏။ သူတို့သည် လာဒန်၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးများ ဖြစ်ကြ၏။ |
ရှိမိတွင်ယာဟတ်၊ ဇိဇ၊ ယုရှ၊ ဗေရိဟူ၍ကြီး စဉ်ငယ်လိုက်သားလေးယောက်ရှိ၏။ ယုရှနှင့် ဗေရိနှစ်ဦးတို့တွင်သားမြေးများစွာမရှိ သဖြင့် သူတို့အားတာဝန်ပေးအပ်ရာတွင် သားချင်းစုတစ်စုအဖြစ်ဖြင့်သတ်မှတ်၍ ထားသတည်း။