ရွှေ၊ ငွေ၊ ကြေးဝါ၊ သံတို့နှင့်သက်ဆိုင်သော လက်မှုပညာသည်အမျိုးမျိုးတို့လည်း များစွာရှိ၏။ သင်သည်ယခုပင်အလုပ် ကိုစတင်လော့။ ထာဝရဘုရားသည်သင် နှင့်အတူရှိတော်မူပါစေသော'' ဟုမိန့် တော်မူ၏။
၁ ရာချုပ် 22:11 - Common Language Bible ထိုနောက်ဒါဝိဒ်သည်ဆက်၍``ငါ့သား၊ သင်၏ ဘုရားသခင်ထာဝရဘုရားသည်သင်နှင့် အတူရှိပါစေသော။ ကတိတော်ရှိသည့် အတိုင်းသင်သည်ကိုယ်တော်အဖို့ဗိမာန် တော်ကိုအောင်မြင်စွာတည်ဆောက်နိုင်ပါ စေသော။- Garrad Bible သို့ ဖြစ်၍ ငါ့ သား၊ ဗျာ ဒိတ် ထား တော် မူ သည့် အ တိုင်း ထာ ဝ ရ ဘု ရား သည် သင် နှင့် အ တူ ရှိ တော် မူ လျက် သင့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် ကို တည် ဆောက် မည့် အ ကြံ ထ မြောက် ပါ စေ သော။ Judson Bible သို့ဖြစ်၍ငါ့သား၊ ထာဝရဘုရားသည် သင့်ဘက်၌နေ၍ အကြံထမြောက်စေတော်မူသဖြင့်၊ အမိန့်တော်ရှိသည်အတိုင်း သင်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်ကို တည်ဆောက်ရလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ငါ့သား၊ ထာဝရဘုရားသည် သင်နှင့်အတူ ရှိပါစေသော။ သင်သည် အောင်မြင်သောသူ ဖြစ်ပါစေသော။ သင့်အား မိန့်တော်မူသည့်အတိုင်း ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကို သင်တည်ဆောက်နိုင်ပါစေသော။ |
ရွှေ၊ ငွေ၊ ကြေးဝါ၊ သံတို့နှင့်သက်ဆိုင်သော လက်မှုပညာသည်အမျိုးမျိုးတို့လည်း များစွာရှိ၏။ သင်သည်ယခုပင်အလုပ် ကိုစတင်လော့။ ထာဝရဘုရားသည်သင် နှင့်အတူရှိတော်မူပါစေသော'' ဟုမိန့် တော်မူ၏။
ဒါဝိဒ်မင်းသည်သားတော်ရှောလမုန်အား``သင် သည်တည်ကြည်ခိုင်ခန့်၍ဇွဲသတ္တိရှိလော့။ အလုပ် ကိုအစပြုလော့။ အဘယ်အရာမျှသင့်အား မဆီးမတားစေနှင့်။ ငါကိုးကွယ်သောဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိ တော်မူလိမ့်မည်။ ကိုယ်တော်သည်သင့်ကိုစွန့်ပစ် တော်မူလိမ့်မည်မဟုတ်။ ဗိမာန်တော်အတွက် လိုအပ်သမျှသောအမှုကိစ္စများပြီးဆုံး သည်တိုင်အောင် သင်နှင့်အတူရှိတော်မူလိမ့် မည်။-
ဒါဝိဒ်မင်း၏သားတော်ရှောလမုန်မင်းသည် ဣသရေလနိုင်ငံတွင်အာဏာတည်မြဲလာ၏။ သူ၏ဘုရားသည်သူ့ကိုကောင်းချီးပေးတော် မူသဖြင့်သူသည်အလွန်တန်ခိုးကြီးလာ၏။
``ယခုအခါထာဝရဘုရားသည်ကတိတော် ကိုတည်စေတော်မူပြီ။ ငါသည်ခမည်းတော်၏ အရိုက်အရာကိုဆက်ခံ၍နန်းတက်ပြီးလျှင် ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ရာ ဗိမာန်တော်တည်ဆောက်ပြီးလေပြီ။-
အို ထာဝရဘုရားကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အားကောင်းစားခွင့် ပေးတော်မူပါလိမ့်မည်။ ကျွန်တော်မျိုးတို့၏အောင်မြင်မှုမှန်သမျှ သည် ကိုယ်တော်ရှင်စီရင်တော်မူသောအမှုများ၏ အကျိုးဆက်ပင်ဖြစ်ပါ၏။
ဗျာဒိတ်တော်ကား ``အပျိုကညာသည်ကိုယ်ဝန် ဆောင်၍သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထို သားကိုဧမာနွေလ ဟုခေါ်ဝေါ်သမုတ်ကြလိမ့်မည်'' ဟူ၍ဖြစ်သတည်း။
သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် သင်တို့အပေါင်းတို့နှင့်အတူရှိတော်မူပါ စေသော။ အာမင်။
သခင်ဘုရားသည်သင်နှင့်အတူရှိတော်မူ ပါစေသော။ သင်တို့အပေါင်းသည်ဘုရားသခင် ၏ကျေးဇူးတော်ကိုခံစားရကြပါစေသော။ တိမောသေသြဝါဒစာဒုတိယစောင်ပြီး၏။
ထာဝရဘုရားသည်အကျွန်ုပ်အားခြင်္သေ့ ဘေး၊ ဝက်ဝံဘေးမှကယ်တော်မူခဲ့ပါပြီ။ ကိုယ်တော်သည်အကျွန်ုပ်အား ဤဖိလိတ္တိ အမျိုးသား၏လက်မှလည်းကယ်တော် မူပါလိမ့်မည်'' ဟုလျှောက်၏။ ရှောလုက``ကောင်းပြီ၊ သွားလော့။ ထာဝရ ဘုရားသည် သင်နှင့်အတူရှိတော်မူပါ စေသော'' ဟုဆိုကာ၊-
သူသည်သင့်ကိုဘေးအန္တရာယ်ပြုရန်ကြံစည် ပါမူ ကျွန်ုပ်သည်သင့်အားဘေးလွတ်လုံခြုံရာ သို့ထွက်ခွာသွားနိုင်ရန်အကြောင်းမကြားဘဲ နေခဲ့သော် ထာဝရဘုရားသည်ကျွန်ုပ်အား အဆုံးစီရင်တော်မူပါစေသော။ ထာဝရ ဘုရားသည်ကျွန်ုပ်၏ခမည်းတော်နှင့်အတူ ရှိတော်မူခဲ့သည်နည်းတူ သင်နှင့်အတူ ရှိတော်မူပါစေသော။-