ကိရယတ်ယာရိမ်မြို့ကြီးကိုတည်ထောင်သူ ရှောဗာလသည်ဟာရောအမျိုးသားများ၏ ဘိုးဘေးနှင့် မနဟေသိအမျိုးသားထက် ဝက်ခန့်တို့၏ဘိုးဘေးဖြစ်ပေသည်။-
၁ ရာချုပ် 2:53 - Common Language Bible သူသည်ကိရယတ်ယာရိမ်မြို့ကြီးတွင်နေ ထိုင်ကြကုန်သောဣသရိ၊ ဖုဟိ၊ ရှုမသိနှင့် မိရှရိသားချင်းစုတို့၏ဘိုးဘေးလည်း ဖြစ်၏။ (ဇာရာသိနှင့်ဧရှတောလိအမျိုး သားတို့ကားထိုသားချင်းစုများမှဆင်း သက်လာသူများတည်း။) Garrad Bible ကိ ရ ယတ် ယာ ရိမ့် အ ဆက် အ နွယ် များ ကား ဣ သ ရိ၊ ဖု ဟိ၊ ရှု မ သိ၊ မိ ရှ ရိ တို့ တည်း။ မိ ရှ ရိ မှ ဇော ရာ သိ နှင့် ဧ ရှ တော လိ တို့ ဆင်း သက် ကြ ၏။ Judson Bible ကိရယတ်ယာရိမ်အမျိုးမျိုး၊ ဣသရိလူ၊ ဖုဟိလူ၊ ရှုမသိလူ၊ မိရှရိလူတည်း။ ထိုအမျိုးထဲက ဇာရာသိလူနှင့် ဧရှတောလိလူ ဖြစ်သတည်း။ မြန်မာ့စံမီသမ္မာကျမ်း ကိရယတ်ယာရိမ်၏မျိုးနွယ်စုများမှာ ဣသရိလူမျိုး၊ ဖုဟိလူမျိုး၊ ရှုမသိလူမျိုး၊ မိရှရိလူမျိုး တို့ဖြစ်ကြ၏။ ထိုမှတစ်ဆင့် ဇောရာသိလူမျိုး၊ ဧရှတောလိလူမျိုးတို့ ဆင်းသက်လာ၏။ |
ကိရယတ်ယာရိမ်မြို့ကြီးကိုတည်ထောင်သူ ရှောဗာလသည်ဟာရောအမျိုးသားများ၏ ဘိုးဘေးနှင့် မနဟေသိအမျိုးသားထက် ဝက်ခန့်တို့၏ဘိုးဘေးဖြစ်ပေသည်။-
ဗက်လင်မြို့ကိုတည်ထောင်သူစလမသည် နေတောဖာသိ၊ အတရုတ်၊ ဗက်ယွာဘသား ချင်းစုများနှင့်ဇောရိသားချင်းစုတို့၏ ဘိုးဘေးဖြစ်ပေသည်။ ဇောရိသားချင်းစု သည်မနဟေသိသားချင်းစုနှစ်စုမှ တစ်စုဖြစ်၏။
ရှောဗာလ၏သားသည်ရာယ၊ ရာယ၏သား မှာယာဟတ်၊ ယာဟတ်၏သားများကား အဟုမဲနှင့်လာဟဒ်ဖြစ်သတည်း။ ထိုသူ နှစ်ဦးတို့သည်ဇောရေသိတွင်နေထိုင်ကြ သောသူတို့၏ဘိုးဘေးများဖြစ်ကြ၏။
သို့ဖြစ်၍ဣသရေလအမျိုးသားတို့သည် ထိုအရပ်မှထွက်ခွာခဲ့ကြရာသုံးရက်မြောက် သောနေ့၌ ထိုသူတို့နေထိုင်ရာမြို့များဖြစ် သောဂိဗောင်မြို့၊ ခေဖိရာမြို့၊ ဗေရုတ်မြို့နှင့် ကိရယတ်ယာရိမ်မြို့များသို့ရောက်ရှိကြ လေသည်။-
ထိုကာလ၌ဒန်အနွယ်ဝင်ဇောရာမြို့သား မာနော်ဆိုသူလူတစ်ယောက်ရှိ၏။ သူ၏ ဇနီးမှာမြုံ၍နေသဖြင့်သားသမီးမရ နိုင်ပေ။-
သူငယ်သည်ဇောရာမြို့နှင့်ရှေတောလမြို့ စပ်ကြားဒန်တပ်စခန်း၌ရှိနေစဉ် ထာဝရ ဘုရား၏တန်ခိုးတော်သည်သူ့အားစတင် ၍ခွန်အားကြီးမားလာစေတော်မူသည်။
ရှံဆုန်၏ညီများနှင့်အခြားအိမ်ထောင်စု သားတို့သည် လာရောက်၍သူ၏ရုပ်အလောင်း ကိုယူပြီးလျှင် ဇောရာမြို့နှင့်ဧရှတောလ မြို့စပ်ကြားရှိဖခင်ဖြစ်သူမာနော်၏သင်္ချိုင်း ဂူတွင်သင်္ဂြိုဟ်ကြ၏။ သူသည်နှစ်ပေါင်းနှစ် ဆယ်တိုင်တိုင်ဣသရေလလူမျိုး၏ခေါင်း ဆောင်ဖြစ်ခဲ့သတည်း။