သူသည်ဧဖရိမ်၏သားသမီးနှင့်မြေးတို့ ကိုတွေ့မြင်သွားရ၏။ မနာရှေ၏သားမာခိ ရ၏သားသမီးတို့ကိုလည်းပြုစုခဲ့ရ၏။-
၁ ရာချုပ် 2:23 - Common Language Bible သို့ရာတွင်ဂေရှုရနှင့်အာရံဘုရင်တို့သည် ထိုပြည်မှယာဣရနှင့်ကေနတ်ရွာတို့နှင့် တကွ အနီးအနားရှိမြို့များအပါအဝင် မြို့ခြောက်ဆယ်တို့ကိုတိုက်ခိုက်သိမ်းပိုက်လိုက် ကြ၏။ ထိုဒေသတွင်နေထိုင်ကြသူလူအပေါင်း တို့မှာဂိလဒ်၏ဖခင်မာခိရ၏သားမြေး များဖြစ်သတည်း။- Garrad Bible ဂေ ရှု ရ နှင့် အာ ရံ တို့ သည် ထို ဟာ ဝုတ် ယာ ဣ ရ မြို့ ရွာ များ ကို လည်း ကောင်း၊ ကေ နတ် မြို့ နှင့် နိဂုံး များ ကို လည်း ကောင်း၊ မြို့ ပေါင်း ခြောက် ဆယ် ကို သိမ်း ယူ ၏။ ထို သူ ရှိ သ မျှ ကား ဂိ လဒ် အ ဘ မာ ခိ ရ၏ သား မြေး များ တည်း။ Judson Bible ဂေရှုရမြို့၊ အာရံမြို့နှင့်တကွ ယာဣရမြို့စု၊ ကေနတ်မြို့နှင့် ပတ်ဝန်းကျင်သော မြို့စုမြို့ပေါင်း ခြောက်ဆယ်တို့ကို တိုက်ယူ၏။ ထိုမြို့အပေါင်းတို့ကို ဂိလဒ်အဘ မာခိရ၏သားမြေးတို့သည် ပိုင်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဂေရှုရပြည်သားနှင့် ဆီးရီးယားပြည်သားတို့က ထိုမြို့များထဲမှ ဟာဝုတ်ယာဣရမြို့ကိုလည်းကောင်း၊ ကေနတ်မြို့နှင့်ထိုမြို့ပတ်ဝန်းကျင်ရှိမြို့ရွာပေါင်းခြောက်ဆယ်ကိုလည်းကောင်း သိမ်းပိုက်လိုက်ကြ၏။ ထိုမြို့တို့သည် ဂိလဒ်၏ဖခင်ဖြစ်သောမာခိရ၏သားမြေးတို့ပိုင်သောမြို့များ ဖြစ်၏။ |
သူသည်ဧဖရိမ်၏သားသမီးနှင့်မြေးတို့ ကိုတွေ့မြင်သွားရ၏။ မနာရှေ၏သားမာခိ ရ၏သားသမီးတို့ကိုလည်းပြုစုခဲ့ရ၏။-
ဗင်ဂေဗာ မနာရှေ၏သား၊ယာဣရ၏သားချင်းစု ပိုင်သည့်မြို့များဖြစ်သောဂိလဒ်ပြည်ရှိရာမုတ်မြို့ နှင့်ရွာများ၊ဗာရှန်ပြည်၊အာဂေါဘဒေသ၊မြို့ရိုးနှင့် ကြေးဝါတံခါးကျင်များဆောက်လုပ်တပ်ဆင် ထားသည့်မြို့ကြီးပေါင်းခြောက်ဆယ်၊
စေဂုပ်တွင်ယာဣရနာမည်တွင်သောသားတစ် ယောက်ရှိ၏။ ယာဣရသည်ဂိလဒ်ပြည်တွင်မြို့ ကြီးနှစ်ဆယ့်သုံးမြို့ကိုအုပ်စိုးရ၏။-
ဟေဇရုံသေလွန်ပြီးနောက်သူ၏သားကာလက် သည် ဖခင်၏ဇနီးမုဆိုးမဖြစ်သူဧဖရတ်ကို သိမ်းပိုက်လိုက်၏။ သူတို့တွင်အာရှုရနာမည်တွင် သောသားတစ်ယောက်ကိုရရှိကြ၏။ အာရှုရ ကားတေကောမြို့ကိုတည်ထောင်သူတည်း။
မနာရှေအနွယ်ဝင်ယာဣရသည် ဂေရှုရနှင့် မာခါနယ်စပ်အထိကျယ်ဝန်းသောဗာရှန် ပြည်၊ တစ်နည်းအားဖြင့်အာဂေါဘဒေသ တစ်ခုလုံးကိုသိမ်းယူသည်။ သူသည်ကျေးရွာ များကို သူ၏နာမည်ဖြင့်မှည့်ခေါ်ရာ၌ ယနေ့ တိုင်အောင်ယာဣရ၏ကျေးရွာများဟုခေါ် တွင်သတည်း။)
သို့ရာတွင်ဣသရေလအမျိုးသားတို့ သည်ဂေရှုရိအမျိုးသားနှင့်မာခါအမျိုး သားတို့ကိုနှင်မထုတ်ကြသဖြင့် သူတို့ သည်ယနေ့တိုင်အောင်ဣသရေလနိုင်ငံ တွင်နေထိုင်လျက်ရှိကြသည်။
သူတို့၏နယ်မြေသည်မဟာနိမ်မြို့အထိ ကျယ်ပြန့်၍ဗာရှန်ဘုရင်သြဃမင်းပိုင်သော ပြည်တစ်ပြည်လုံးနှင့်တကွဗာရှန်ပြည်တွင်း ရှိယာဣရ၏ရွာပေါင်းခြောက်ဆယ်ပါဝင် သည်။-