ဟေဇရုံသည်အသက်ခြောက်ဆယ်ရှိသောအခါ မာခိရ၏သမီး၊ ဂိလဒ်၏ညီမနှင့်အိမ်ထောင် ပြု၍စေဂုပ်နာမည်တွင်သောသားတစ်ယောက် ကိုရ၏။-
၁ ရာချုပ် 2:22 - Common Language Bible စေဂုပ်တွင်ယာဣရနာမည်တွင်သောသားတစ် ယောက်ရှိ၏။ ယာဣရသည်ဂိလဒ်ပြည်တွင်မြို့ ကြီးနှစ်ဆယ့်သုံးမြို့ကိုအုပ်စိုးရ၏။- Garrad Bible စေ ဂုပ် သား ကား ဂိ လဒ် နယ် တွင် မြို့ ရွာ နှစ် ဆယ့် သုံး မြို့ ကို ပိုင် သော ယာ ဣ ရ တည်း။ Judson Bible စေဂုပ်သားကား ယာဣရတည်း။ ထိုသူသည် ဂိလဒ်ပြည်၌ မြို့နှစ်ဆယ်သုံးမြို့ကို ပိုင်၏။ မြန်မာ့စံမီသမ္မာကျမ်း စေဂုပ်သည် သားယာဣရကိုရ၏။ ယာဣရသည် ဂိလဒ်ပြည်တွင် မြို့နှစ်ဆယ့်သုံးမြို့ကို ပိုင်၏။ |
ဟေဇရုံသည်အသက်ခြောက်ဆယ်ရှိသောအခါ မာခိရ၏သမီး၊ ဂိလဒ်၏ညီမနှင့်အိမ်ထောင် ပြု၍စေဂုပ်နာမည်တွင်သောသားတစ်ယောက် ကိုရ၏။-
သို့ရာတွင်ဂေရှုရနှင့်အာရံဘုရင်တို့သည် ထိုပြည်မှယာဣရနှင့်ကေနတ်ရွာတို့နှင့် တကွ အနီးအနားရှိမြို့များအပါအဝင် မြို့ခြောက်ဆယ်တို့ကိုတိုက်ခိုက်သိမ်းပိုက်လိုက် ကြ၏။ ထိုဒေသတွင်နေထိုင်ကြသူလူအပေါင်း တို့မှာဂိလဒ်၏ဖခင်မာခိရ၏သားမြေး များဖြစ်သတည်း။-
ထို့ကြောင့်မောရှေသည်မာခိရသားချင်းစု အားဂိလဒ်ပြည်ကိုပေးသဖြင့် သူတို့သည် ထိုပြည်တွင်နေထိုင်ကြ၏။-
မနာရှေ၏အနွယ်ဝင်ဖြစ်သောယာဣရ သည် ကျေးရွာအချို့ကိုတိုက်ခိုက်သိမ်းပိုက် ပြီးလျှင်``ယာဣရကျေးရွာများ'' ဟု သမုတ်လေသည်။-
မနာရှေအနွယ်ဝင်ယာဣရသည် ဂေရှုရနှင့် မာခါနယ်စပ်အထိကျယ်ဝန်းသောဗာရှန် ပြည်၊ တစ်နည်းအားဖြင့်အာဂေါဘဒေသ တစ်ခုလုံးကိုသိမ်းယူသည်။ သူသည်ကျေးရွာ များကို သူ၏နာမည်ဖြင့်မှည့်ခေါ်ရာ၌ ယနေ့ တိုင်အောင်ယာဣရ၏ကျေးရွာများဟုခေါ် တွင်သတည်း။)
``မနာရှေအနွယ်ဝင်မာခိရအမျိုးသား တို့အား ဂိလဒ်မြို့ကိုငါခွဲဝေပေး၏။-
သူတို့၏နယ်မြေသည်မဟာနိမ်မြို့အထိ ကျယ်ပြန့်၍ဗာရှန်ဘုရင်သြဃမင်းပိုင်သော ပြည်တစ်ပြည်လုံးနှင့်တကွဗာရှန်ပြည်တွင်း ရှိယာဣရ၏ရွာပေါင်းခြောက်ဆယ်ပါဝင် သည်။-