ဤထက်ပို၍မည်သို့လျှောက်ထားရပါမည် နည်း။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ အကြောင်းကိုကောင်းစွာသိတော်မူသော်လည်း ကိုယ်တော်ရှင်၏အစေခံကျွန်တော်မျိုးအား ချီးမြှင့်မြှောက်စားတော်မူပါ၏။-
အို ထာ ဝ ရ ဘု ရား သ ခင်၊ ကျွန် တော် မျိုး အား ပေး တော် မူ သော ဂုဏ် အ သ ရေ နှင့် စပ် လျဉ်း၍ အ ကျွန်ုပ် ဒါ ဝိဒ် က မည် သို့ လျှောက် ထား ရ ပါ ဦး မည် နည်း။
ကိုယ်တော်ကျွန်ဒါဝိဒ်သည် ကိုယ်ဘုန်းကြီးစေခြင်းငှာ၊ အဘယ်သို့ တိုးတက်၍ လျှောက်ရပါမည်နည်း။ ကိုယ်တော်သည် ကိုယ်တော်ကျွန်ကို သိတော်မူ၏။
ကိုယ်တော့်အစေအပါးအကြောင်းကို ကိုယ်တော်သိပါ၏။ ကိုယ်တော့်အစေအပါးဒါဝိဒ်ကို ဘုန်းကြီးစေသည့်အမှုမှာ ကိုယ်တော့်အစေအပါးသည် ကိုယ်တော်အား မည်သို့ထပ်မံလျှောက်ဝံ့ပါဦးမည်နည်း။
သို့ရာတွင်ကိုယ်တော်ရှင်သည်ဤထက်မက ပို၍ပင် ကျေးဇူးပြုတော်မူလျက်ရှိပါ၏။ နောင်လာလတ္တံ့သောနှစ်များတွင်ကျွန်တော်မျိုး ၏သားမြေးတို့အတွက် မည်သို့ပြုတော်မူမည် ကိုကတိထားတော်မူပါပြီ။ အို ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော် မျိုးအားကြီးမြတ်သူတစ်ဦးအဖြစ်ကြို တင်၍သိမှတ်တော်မူပါပြီ။-
အနာဂတ်ကာလ၌ကျွန်တော်မျိုးကြီးမြတ် လာမည်ကိုဖော်ပြရန် ကျွန်တော်မျိုးအတွက် အလိုတော်နှင့်အကြံအစည်တော်အရ ဤ သို့ပြုတော်မူခြင်းပင်ဖြစ်ပါ၏။-
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား စစ်ဆေးကြည့်ရှုတော်မူပြီးဖြစ်၍ကျွန်တော် မျိုး၏ အကြောင်းကိုသိတော်မူပါ၏။
တတိယအကြိမ်ကိုယ်တော်က ``ယောဟန်၏သား ရှိမုန်၊ သင်သည်ငါ့ကိုချစ်သလော'' ဟုမေးတော် မူ၏။ ဤသို့တတိယအကြိမ်မေးတော်မူသဖြင့် ပေတရုသည်ဝမ်းနည်း၍ ``သခင်၊ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကိုသိတော်မူ၏။ ကိုယ်တော် အားအကျွန်ုပ်ချစ်သည်ကိုကိုယ်တော်သိတော် မူပါ၏'' ဟုလျှောက်၏။ သခင်ယေရှုက ``ငါ့သိုးတို့ကိုထိန်းလော့။-
သူ၏နောက်လိုက်တို့သည်အသတ်ခံကြရ လိမ့်မည်။ ထိုအခါ၌ငါသည်လူတို့၏စိတ် နှလုံးနှင့်အကြံအစည်တို့ကိုသိမြင် တော်မူသောအရှင်ဖြစ်ကြောင်း အသင်းတော် အပေါင်းတို့သိရှိကြလိမ့်မည်။ သင်တို့ အသီးသီး၏အကျင့်အလျောက်အကျိုး အပြစ်ကိုငါပေးမည်။
သို့ရာတွင်ထာဝရဘုရားက``ထိုသူ၏ အရပ်အမောင်းကောင်းမှုနှင့်တင့်တယ် လှပမှုတို့ကိုမကြည့်နှင့်။ ငါသည်လူတို့ ကဲ့သို့အကဲဖြတ်သည်မဟုတ်။ သို့ဖြစ်၍ သူ့ကိုငါပယ်ပြီ။ လူသည်ပြင်ပသဏ္ဌာန်ကို ကြည့်တတ်၏။ ငါမူကားစိတ်နှလုံးကို ကြည့်၏'' ဟုမိန့်တော်မူ၏။
ဣသရေလအမျိုးသားတို့၏အရှင်ဖြစ် တော်မူသောငါထာဝရဘုရားသည် သင့် အိမ်ထောင်စုနှင့်သားချင်းစုတို့အားကာလ အစဉ်အဆက်ယဇ်ပုရောဟိတ်ဖြစ်စေမည် ဟု အတိတ်ကာလကကတိပြုခဲ့၏။ သို့ ရာတွင်ယခုထိုကတိကိုတည်စေတော့ မည်မဟုတ်ဟုငါဆို၏။ ငါ့အားဂုဏ်ပြု ချီးမြှင့်သူတို့ကိုငါဂုဏ်ပြုချီးမြှင့်မည်။ ငါ့အားမထီမဲ့မြင်ပြုသူတို့အားရွံရှာ စက်ဆုပ်မည်။-