ဤအမှုများသည်ရဲဘော်သုံးကျိပ်တွင် ပါဝင်သူ ဗေနာယ၏စွန့်စားခန်းများ ဖြစ်လေသည်။-
၁ ရာချုပ် 11:23 - Common Language Bible အလွန်ကြီးမားသောလှံကိုဆောင်ထားသူ အမြင့်ခုနစ်ပေခွဲရှိ အီဂျစ်အမျိုးသား ကြီးတစ်ယောက်ကိုလည်းသတ်ခဲ့၏။ ဗေနာယ သည်တင်းပုတ်ဖြင့်တိုက်ခိုက်ကာသူ၏လက် မှလှံကြီးကိုလုယူလိုက်၏။ ထို့နောက်ထို လှံဖြင့်ပင်လျှင်သူ၏အားအဆုံးစီရင် လေတော့သည်။- Garrad Bible ရက် ကန်း လက် လိပ် နှင့် အ မျှ လှံ လက် နက် ကို စွဲ ကိုင် သော အ ရပ် အ မောင်း ငါး တောင် ကြီး မြင့် သူ၊ အိ ဂျစ် လူ မျိုး တစ် ယောက် ထံ တုတ် နှင့် သာ ချဉ်း ဝင်၍ ထို အိ ဂျစ် လူ မျိုး လက် မှ လှံ ကို လု ယူ ပြီး လျှင် ၎င်း လှံ ဖြင့် ထိုး သတ် လေ၏။ Judson Bible အရပ်ငါးတောင်မြင့်သော အဲဂုတ္တုလူကိုလည်း သတ်၏။ အဲဂုတ္တုလူသည် ရက်ကန်းလက်လိပ်နှင့်အမျှ ကြီးသောလှံကို ကိုင်သော်လည်း၊ ဗေနာယသည် တောင်ဝှေးကိုသာကိုင်လျက် သွား၍၊ အဲဂုတ္တုလူလက်မှ လှံကိုလုယူပြီးလျှင် ထိုလှံနှင့် သူ့ကိုသတ်၏။ မြန်မာ့စံမီသမ္မာကျမ်း သူသည် အရပ်ငါးတောင်ရှိသောအီဂျစ်အမျိုးသားတစ်ယောက်ကိုလည်း သတ်ခဲ့၏။ ရက်ကန်းလိပ်တုံးတမျှကြီးသောလှံကိုကိုင်ထားသော ထိုအီဂျစ်အမျိုးသားအား သူသည် ကြိမ်လုံးဖြင့်သာ သွား၍တိုက်ခိုက်၏။ အီဂျစ်အမျိုးသား၏လက်မှ လှံကိုလုယူ၍ ထိုလှံဖြင့်ပင် ထိုသူကို ထိုးသတ်လေ၏။ |
ဤအမှုများသည်ရဲဘော်သုံးကျိပ်တွင် ပါဝင်သူ ဗေနာယ၏စွန့်စားခန်းများ ဖြစ်လေသည်။-
ဖိလိတ္တိအမျိုးသားတို့နှင့်အခြားတိုက်ပွဲ တစ်ရပ်ဖြစ်သေး၏။ ထိုတိုက်ပွဲတွင်ယာဣယ ၏သားဧလဟာနန်သည် ဂါသမြို့မှ ဂေါလျက်၏ညီလာခမိအားလုပ်ကြံ လိုက်၏။ ဧလဟာနန်လှံရိုးသည်ရက်ကန်း လက်လိပ်တမျှကြီးမားသတည်း။
(သြဃဘုရင်သည်အလွန်ထွားကြိုင်းသော ရီဖိမ် အနွယ်ဝင်ထဲမှနောက်ဆုံးကြွင်းကျန်သူဖြစ်၏။ သူ၏အလောင်းထည့်ရာခေါင်းကိုကျောက်ဖြင့် ပြုလုပ်၍ အနံခြောက်ပေ၊ အလျားတစ်ဆယ့် လေးပေနီးပါးရှိ၏။ ထိုဘုရင်၏ခေါင်းကို အမ္မုန်ပြည်ရဗ္ဗတ်မြို့တွင်ယနေ့တိုင်တွေ့မြင် နိုင်လေသည်။)
ဂါသမြို့သားဂေါလျတ်ဆိုသူသည်ဖိလိတ္တိတပ် စခန်းမှထွက်လာပြီးလျှင် ဣသရေလအမျိုးသား တို့အားမိမိနှင့်တစ်ဦးချင်းစစ်ထိုးရန်စိန်ခေါ် လေသည်။ သူသည်အရပ်ကိုးပေ ခန့်မြင့်၍၊-
သူသည်ဂေါလျတ်ရှိရာသို့ပြေးပြီးနောက် သူ့ကို ခြေနှင့်နင်းကာသူ၏ဋ္ဌားကိုဋ္ဌားအိမ်မှဆွဲထုတ် ပြီးလျှင် ခေါင်းကိုဖြတ်၍သတ်လေတော့သည်။ ဖိလိတ္တိအမျိုးသားများသည် မိမိတို့သူရဲ ကောင်းကြီးကျဆုံးသွားသည်ကိုမြင်ကြ သောအခါထွက်ပြေးကြကုန်၏။-
သူ၏လက်ထိုးလှံအရိုးသည်ယက်ကန်းလက် လိပ်တန်တမျှကြီး၏။ သံလှံသွားမှာလည်း တစ်ဆယ့်ငါးပေါင်ခန့်လေးသည်။ သူ၏ဒိုင်း လွှားကိုကိုင်ဆောင်သူစစ်သည်ကသူ၏ရှေ့ မှသွားရ၏။-