၁ ရာချုပ် 11:18 - Common Language Bible
ထိုအခါနာမည်ကျော်သူရဲကောင်းသုံး ယောက်တို့သည် ဖိလိတ္တိအမျိုးသားတပ်စခန်း ကိုဖောက်ထွင်းပြီးလျှင်ရေတွင်းမှရေအနည်း ငယ်ကိုခပ်ယူ၍ဒါဝိဒ်မင်းထံယူဆောင်ခဲ့ ကြ၏။ သို့ရာတွင်မင်းကြီးသည်ထိုရေကို သောက်တော်မမူလို။ ယင်းကိုသောက်မည့် အစားထာဝရဘုရားအားပူဇော်သည့် အနေဖြင့်သွန်းလောင်းလေ၏။-
အခန်းကိုကြည့်ပါ။
ထို သုံး ယောက် တို့ သည် ဖိ လိ တ္တိ တပ် ကို ဖောက် ထွင်း ပြီး လျှင် ဗက် လင် မြို့ တံ ခါး အ နီး ရှိ တွင်း ရေ ကို ခပ် ယူ လျက် ဒါ ဝိဒ် အား ပေး ကြ သော် ဒါ ဝိဒ် က အို ဘု ရား သ ခင်၊ ကိုယ့် အ သက် ကို စွန့် စား ၍ ခပ် ယူ သော ဤ သူ တို့ အ သွေး ကို သောက် ခြင်း အ မှု သည် အ ကျွန်ုပ် နှင့် ကင်း ဝေး ပါ စေ သော ဟု ဆို လျက် မ သောက် ဘဲ ထာ ဝ ရ ဘု ရား ရှေ့ တော် ၌ သွန်း လောင်း လေ ၏။ ဆို ခဲ့ သော ရဲ ဗိုလ် သုံး ယောက် တို့ သည် ထို အ မှု များ ကို ပြု ကြ သ တည်း။
အခန်းကိုကြည့်ပါ။
ထိုသူသုံးယောက်တို့သည် ဖိလိတ္တိတပ်ကိုဖျက်၍၊ ဗက်လင်မြို့ တံခါးနားမှာရှိသော ရေတွင်းထဲကရေကို ခပ်ယူပြီးလျှင် ဒါဝိဒ်ထံတော်သို့ ဆောင်ခဲ့ကြ၏။ သို့သော်လည်း ဒါဝိဒ်သည် မသောက်ဘဲ ထာဝရဘုရားရှေ့တော်၌သွန်းလျက်၊
အခန်းကိုကြည့်ပါ။
ထိုသူရဲကောင်းသုံးဦးသည် ဖိလိတ္တိတပ်စခန်းကို ထိုးဖောက်ပြီး ဗက်လင်မြို့တံခါးအနီးရှိရေတွင်းမှ ရေကိုခပ်ယူကာ ဒါဝိဒ်မင်းကြီးထံ ယူဆောင်လာပေး၏။ သို့သော် ဒါဝိဒ်မင်းကြီးသည် ထိုရေကိုမသောက်ဘဲ ထာဝရဘုရားရှေ့တော်တွင် သွန်းလျက်
အခန်းကိုကြည့်ပါ။