ယုဒသည်ရာဇလှံတံကိုကိုင်စွဲရလိမ့်မည်။ သူ၏အဆက်အနွယ်တို့၌အုပ်စိုးခြင်းအာဏာ အမြဲရှိလိမ့်မည်။ တိုင်းနိုင်ငံတို့သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာ ဆက်သ၍သူ့သြဇာကိုခံကြလိမ့်မည်။
၁ ရာချုပ် 1:43 - Common Language Bible ဣသရေလနိုင်ငံတွင်ဘုရင်တစ်ပါးမျှမပေါ် ပေါက်မီကာလ၌ ဧဒုံပြည်ကိုအောက်ပါဘုရင် များအုပ်စိုးကြလေသည်။ ဗောရ၏သားဖြစ်သူ၊ဒိန္နာဗာမြို့သားဗေလ၊ ဇေရ၏သားဖြစ်သူ၊ဗောဇရအရပ်သားယောဗပ်၊ တေမာနိအရပ်သားဟုရှံ၊ဗေဒဒ်၏သားဟာဒဒ်၊ သူ၏မြို့မှာအာဗိတ်မြို့ဖြစ်သည်။ (သူသည်မောဘလွင်ပြင်တိုက်ပွဲတွင် မိဒျန်အမျိုးသားတို့ကိုနှိမ်နင်းခဲ့သည်။) မာသရက်အရပ်သားစာမလ၊ရဟောဘုတ် မြစ်အနီးမှရှောလ၊ အာခဗော်၏သားဗာလဟာနန်၊ပေါမြို့မှဟာဒါ၊ (သူ၏မိဖုရားကားမဟေတဗေလဖြစ်၏။ မဟေတဗေလသည်မာတရေဒ၏သမီး၊ မေဇဟပ်၏မြေးဖြစ်သတည်း။) Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ တွင် မင်း ပြု သူ မ ရှိ မီ ဧ ဒုံ ပြည်၌ မင်း ပြု သူ များ ကား၊ ဗော ရ သား ဗေ လာ သည် ဒိ န္နာ ပ မြို့၌ မင်း ပြု ၏။ Judson Bible ဣသရေလအမျိုး၌ အစိုးရသောမင်းကြီးမရှိမီ ဧဒုံပြည်၌ အစိုးရသောမင်းကြီးဟူမူကား၊ ဗောရသားဗေလသည် ဒိန္နာဗာမြို့၌ မင်းပြု၏။ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့ကိုစိုးစံသောဘုရင် မရှိမီ ဧဒုံပြည်ကို စိုးစံသောဘုရင်များမှာ ဤသူတို့တည်း။ ဗောရ၏သားဗေလသည် ဒိန္နာဗာအမည်ရှိသောမြို့တွင် နန်းထိုင်၏။ |
ယုဒသည်ရာဇလှံတံကိုကိုင်စွဲရလိမ့်မည်။ သူ၏အဆက်အနွယ်တို့၌အုပ်စိုးခြင်းအာဏာ အမြဲရှိလိမ့်မည်။ တိုင်းနိုင်ငံတို့သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာ ဆက်သ၍သူ့သြဇာကိုခံကြလိမ့်မည်။