ထိုနောက်သူတို့စခန်းသိမ်း၍ထွက်ခွာသွား ကြသောအခါ ပတ်ဝန်းကျင်ရှိမြို့သားတို့ သည်အလွန်ကြောက်ရွံ့ကြသဖြင့် သူတို့ကို လိုက်လံ၍မတိုက်ခိုက်ဝံ့ကြချေ။-
ဧသတာ 9:2 - Common Language Bible အင်ပါယာနိုင်ငံတော်အတွင်းမြို့တိုင်း၌ ယုဒအမျိုးသားများသည် ဘေးအန္တရာယ် ပြုမည့်သူတို့ကိုတိုက်ခိုက်ရန်မိမိတို့ရပ် ကွက်များတွင်စုရုံးလျက်နေကြ၏။ အရပ် ရပ်ရှိလူတို့သည်သူတို့အားကြောက်လန့် ကြ၏။ အဘယ်သူမျှသူတို့ကိုခုခံ တိုက်ခိုက်နိုင်စွမ်းမရှိချေ။- Garrad Bible အာ ရွှေ ရု မင်း ပိုင် ပြည် ထောင် တ ကာ အ တွင်း၊ မြို့ ရွာ တိုင်း ရှိ ယု ဒ လူ မျိုး တို့ သည်၊ အ သက် အ န္တ ရာယ် ရှာ ကြံ သူ တို့ ကို လက် ရောက် ပြု စေ ခြင်း ငှာ စု ရုံး ကြ ရာ၊ လူ အ မျိုး မျိုး ကြောက် ရွံ့ သ ဖြင့်၊ မည် သူ မျှ မ ခံ မ ရပ် နိုင် ချေ။ Judson Bible ရှင်ဘုရင်အာရွှေရု၏ နိုင်ငံတော် အပြည်ပြည် အမြို့မြို့၌နေသော ယုဒလူတို့သည်၊ ညှဉ်းဆဲလိုသော သူတို့ကို ဆီးတားခြင်းငှာ စုဝေးကြ၏။ ပြည်သူပြည်သား အပေါင်းတို့သည် ကြောက်ရွံ့သောကြောင့်၊ အဘယ်သူမျှ ရန်မပြုဝံ့ဘဲ နေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း အာရွှေရုမင်းကြီး၏နယ်မြေဒေသအသီးသီးရှိ ဂျူးလူမျိုးတို့သည် မိမိတို့အား လုပ်ကြံသတ်ဖြတ်မည့်သူတို့ကို ပြန်လည်တိုက်ခိုက်ရန် မိမိတို့၏မြို့ရွာတို့တွင် စုရုံးကြ၏။ လူအပေါင်းတို့သည် ဂျူးလူမျိုးတို့ကိုကြောက်ရွံ့ကြသဖြင့် မည်သူမျှ သူတို့ကို မတိုက်ခိုက်ဝံ့ကြပေ။ |
ထိုနောက်သူတို့စခန်းသိမ်း၍ထွက်ခွာသွား ကြသောအခါ ပတ်ဝန်းကျင်ရှိမြို့သားတို့ သည်အလွန်ကြောက်ရွံ့ကြသဖြင့် သူတို့ကို လိုက်လံ၍မတိုက်ခိုက်ဝံ့ကြချေ။-
ထိုအမိန့်စာများတွင်မင်းကြီးသည်ယုဒ အမျိုးသားတို့အား မိမိတို့၏အသက် ဘေးကိုကာကွယ်ရန်အတွက်စုရုံးခွင့်ပြု တော်မူကြောင်းပါရှိလေသည်။ မည်သည့် ပြည်နယ်၌မဆိုယုဒယောကျာ်းနှင့်ဇနီး သားသမီးများကိုလက်နက်စွဲကိုင်တိုက် ခိုက်လာသောအဘယ်လူမျိုးကိုမဆို ပြန်လည်တိုက်ခိုက်နိုင်ခွင့်ရှိကြ၏။ သူ တို့အားတစ်ယောက်မကျန်သတ်ဖြတ် ပြီးလျှင်သူတို့၏ပစ္စည်းများကိုလုယူ နိုင်လေသည်။-
မင်းကြီး၏အမိန့်ကြေညာချက်ရောက်ရှိ သည့်ပြည်နယ်နှင့်မြို့အပေါင်းတို့တွင် ယုဒအမျိုးသားတို့သည် ဝမ်းမြောက်စွာ စားသောက်လျက်ပျော်ပွဲရွှင်ပွဲများကို ကျင်းပကြကုန်၏။ အခြားအမျိုးသား အမြောက်အမြားသည်ယုဒအမျိုး သားတို့ကိုကြောက်သောကြောင့်ယုဒ ဘာသာသို့ကူးပြောင်းလာကြလေ သည်။
ကျွန်တော်မျိုးကိုတိုက်ခိုက်ကြသူတို့သည် အရေးရှုံးနိမ့်၍ပျက်စီးဆုံးပါးကြပါစေသော။ ကျွန်တော်မျိုးထိခိုက်ဒဏ်ရာရအောင် ကြိုးစားကြသူတို့သည် အရှက်ကွဲ၍အသရေပျက်ကြပါစေသော။
ကျွန်တော်မျိုးအားအကျိုးယုတ်စေရန် ရှာကြံသူတို့သည်အရေးရှုံးနိမ့်၍အသရေပျက် ရကြပြီဖြစ်သောကြောင့် ကိုယ်တော်ရှင်ဖြောင့်မတ်တော်မူခြင်း တရားအကြောင်းကိုတစ်နေ့လုံးပြောကြား ပါမည်။
``သင်တို့ကိုရန်ဘက်ပြုသူတို့သည် ငါ့ကိုကြောက် ရွံ့ရကြလိမ့်မည်။ သင်တို့ဝင်ရောက်တိုက်ခိုက်သော ပြည်မှ လူတို့သည်ကစဥ့်ကလျားဖြစ်၍ထွက် ပြေးကြလိမ့်မည်။-
အချင်းနိုင်ငံခြားသားအပေါင်းတို့ကြောက်ရွံ့ လျက်စုဝေးကြလော့။ ရပ်ဝေးဒေသမှလူ အပေါင်းတို့၊ နားထောင်ကြလော့။ စစ်တိုက်ရန် အသင့်ပြင်ဆင်ကြလော့။ သို့ရာတွင်ကြောက် လန့်လျက်နေကြလော့။ သင်တို့သည်ယင်းသို့ အသင့်ပြင်ဆင်ကြသော်လည်းကြောက်လန့် လျက်နေရကြ၏။-
``သို့သော်လည်းရှိဟုန်ဘုရင်သည် ငါတို့အား သူ၏ပြည်ကိုဖြတ်သန်းခွင့်မပေး။ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ထိုမင်း ကိုခေါင်းမာစေတော်မူသဖြင့် ငါတို့သည်သူ့ ကိုတိုက်ခိုက်အောင်မြင်၍ သူ၏ပြည်ကိုသိမ်း ပိုက်ကာယနေ့တိုင်နေထိုင်လျက်ရှိကြသည်။''
ထိုသူအပေါင်းတို့ကိုမသနားမညှာတာ ဘဲအကုန်အစင်သုတ်သင်သတ်ဖြတ်ပစ်စေ ရန် ထာဝရဘုရားသည်ထိုသူအပေါင်းတို့ အားဇွဲသန်သန်ဖြင့် ဣသရေလအမျိုးသား တို့ကိုခုခံတိုက်ခိုက်စေတော်မူ၏။ ထိုသူတို့ ကိုအကုန်အစင်သုတ်သင်ရခြင်းမှာမောရှေ အားဖြင့် ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်းဖြစ်သတည်း။
``ထာဝရဘုရားသည်သင်တို့အားဤပြည်ကိုပေးတော်မူကြောင်းကျွန်မသိပါသည်။ ဤပြည်သားအပေါင်းတို့သည်သင်တို့ကို ကြောက်လန့်လျက်ရှိကြပါသည်။-