ဧသတာက``ကျွန်တော်မတို့၏ရန်သူ၊ ကျွန် တော်မတို့အား နှိပ်စက်ညှင်းပန်းသူမှာဤ သူယုတ်မာဟာမန်ပင်ဖြစ်ပါသည်'' ဟု ပြန်၍လျှောက်လေ၏။ ထိုအခါဟာမန်သည်ကြောက်လန့်တုန်လှုပ် လျက်နေတော့၏။-
မိ ဖု ရား ဧ သ တာ က၊ ဘက် ပြိုင် သော ရန် သူ မှာ၊ ဆိုး သွမ်း သော ဤ ဟာ မန် တည်း ဟု တင် လျှောက် သော်၊ ဟာ မန် သည်၊ ဘု ရင် မင်း နှင့် မိ ဖု ရား တို့ ရှေ့ တုန် လှုပ် လျက် နေ ၏။
ဧသတာက၊ ရန်ဘက်ပြုသော ရန်သူသည် ဤဆိုးညစ်သောဟာမန် ဖြစ်ပါ၏ဟုလျှောက်သော်၊ ဟာမန်သည် ရှင်ဘုရင်နှင့်မိဖုရားရှေ့မှာ ကြောက်ရွံ့ခြင်းသို့ ရောက်လေ၏။
ဧသတာကလည်း “ကျွန်တော်မျိုးမကို ရန်ပြုသောရန်သူကား ဤလူယုတ်မာဟာမန်ဖြစ်ပါသည်”ဟု ဆိုလျှင် ဟာမန်သည် ရှင်ဘုရင်နှင့် မိဖုရားရှေ့တွင် ကြောက်လန့်တုန်လှုပ်လေ၏။
ဤသတင်းကိုပတ်ဝန်းကျင်နိုင်ငံများရှိငါ တို့ရန်သူများကြားကြသောအခါ မိမိတို့ အသရေပျက်ရပြီဖြစ်ကြောင်းသိရှိကြ၏။ အဘယ်ကြောင့်ဆိုသော်ဤအလုပ်ပြီးစီး သွားသည်မှာ ဘုရားသခင်ကူမတော်မူသော ကြောင့်ဖြစ်သည်ကိုလူတိုင်းပင်ရိပ်မိသော ကြောင့်ဖြစ်၏။
ထိုအခါမင်းကြီးသည်မိမိ၏အမိန့်ကြေ ငြာချက်များကိုတရားဝင်ဖြစ်စေရန် တံဆိပ် ခတ်နှိပ်ရသည့်လက်စွပ်တော်ကိုချွတ်၍ယုဒ အမျိုးသားတို့၏ရန်သူ၊ အာဂတ်မှဆင်း သက်သူ၊ ဟမ္မေဒါသ၏သားဟာမန်အား ပေးအပ်လျက်၊-
ထိုအခါဧကရာဇ်မင်းက``ဤသို့သော အမှုမျိုးကိုအဘယ်သူပြုရဲသနည်း။ ထိုသူကားအဘယ်မှာရှိသနည်း'' ဟု မေးတော်မူ၏။
ထိုနေ့၌ပင်လျှင်ဇေရဇ်မင်းသည်ယုဒ အမျိုးသားတို့၏ရန်သူဟာမန်ပိုင်သည့် အိမ်ရာပစ္စည်းမှန်သမျှကို မိဖုရားဧသတာ အားပေးတော်မူ၏။ ဧသတာကမိမိသည် မော်ဒကဲနှင့်ဆွေမျိုးတော်စပ်ကြောင်းကို မင်းကြီးအားလျှောက်ထားသဖြင့် မော်ဒကဲ သည်ထိုနေ့မှအစပြု၍မင်းကြီး၏ရှေ့ တော်သို့ဝင်ခွင့်ရရှိလေသည်။-
ဆိုးညစ်သူတို့ငါ့ကိုသတ်ရန်တိုက်ခိုက်ကြသော အခါ သူတို့သည်ခြေချော်၍လဲကြ၏။
ရှင်ဘုရင်၏ အမျက်သည် သေမင်းတမန်ကဲ့သို့ ဖြစ်၏။ သို့သော်လည်း၊ ပညာရှိသောသူသည် အမျက် တော်ကို ဖြေတတ်၏။
ကျေးရွာ၌ ဆင်းရဲသားတို့ကို ညှဉ်းဆဲခြင်း၊ တရားလမ်းမှလွှဲ၍၊ မတရားသဖြင့် အနိုင်အထက်စီရင် စီရင်ဆုံးဖြတ်ခြင်းအမှုကိုမြင်လျှင်၊ ထိုသို့သောအကြံရှိ သည်ကို အံ့ဩခြင်းမရှိနှင့်။ ကြီးမြင့်သောသူတယောက်ကို တယောက် ကြည့်မှတ်သကဲ့သို့၊ အကြီးဆုံး၊ အမြင့်ဆုံး သောသူသည် ကြည့်မှတ်လျက်ရှိတော်မူ၏။
ငါ၏ဦးခေါင်းသည်ချာချာလည်လျက်ငါ သည်ကြောက်စိတ်ဖြင့်တုန်လှုပ်၍နေ၏။ ငါ သည်ညဥ့်ဦးယံကိုတမ်းတလျက်နေခဲ့၏။ သို့ရာတွင်ထိုအချိန်သည် ငါ့အားထိတ်လန့် မှုကိုဖြစ်စေသည်မှတစ်ပါးအဘယ်သို့ မျှမပြု။
ထိုအခါသူယုတ်မာကြီးသည်ပေါ်လွင်ထင် ရှားလာပေအံ့။ သို့ရာတွင်အရှင်ယေရှုကြွ လာတော်မူသောအခါသူယုတ်မာကြီးအား မိမိ၏ထွက်သက်လေဖြင့်ကွပ်မျက်၍ဘုန်း ရောင်ခြည်တော်ဖြင့်ပယ်ရှားတော်မူလိမ့်မည်။-
`ယုတ်မာမှုကိုယုတ်မာသူတို့သာလျှင်ပြု ကျင့်တတ်၏' ဟူသောရှေးစကားပုံကိုအရှင် သိတော်မူပါ၏။ သို့ဖြစ်၍အကျွန်ုပ်သည် အရှင့်အားဘေးအန္တရာယ်ပြုလိမ့်မည် မဟုတ်ပါ။-