ဒါဝိဒ်သည်ခြေနင်းကိုချွတ်ပြီးလျှင်ဝမ်း နည်းသည့်လက္ခဏာဖြင့် ခေါင်းမြီးခြုံ၍ငို ယိုကာသံလွင်တောင်သို့တက်တော်မူ၏။ သူ ၏နောက်မှလိုက်ပါလာကြသူအပေါင်း တို့သည်လည်းခေါင်းမြီးခြုံ၍ငိုယိုကြ၏။-
ဧသတာ 6:12 - Common Language Bible ထိုနောက်မော်ဒကဲသည် နန်းတော်တံခါးဝ သို့ပြန်ရောက်လေ၏။ ဟာမန်မူကားညည်း တွား၍ ဦးခေါင်းခြုံလျက်အိမ်သို့ပြန်ပြီး လျှင်၊- Garrad Bible နန်း တော် တံ ခါး သို့ မော် ဒ ကဲ ပြန် ရောက် လေ၏။ ဟာ မန် မူ ကား၊ မြည် တမ်း၍ ဦး ခေါင်း ခြုံ လျက်၊ အိမ် သို့ အ မြန် သွား ပြီး လျှင်၊ Judson Bible သို့ပြီးမှ၊ မော်ဒကဲသည် နန်းတော်တံခါးသို့ ပြန်လာ၏။ ဟာမန်မူကား ညည်းတွားလျက် ခေါင်းကိုခြုံလျက်၊ မိမိအိမ်သို့ အလျင်အမြန်သွားပြီးလျှင်၊ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် မော်ဒကဲသည် ဘုရင့်နန်းတော်တံခါးသို့ ပြန်လာ၏။ ဟာမန်မူကား စိတ်မသာမယာဖြင့် ခေါင်းကိုအုပ်လျက် မိမိအိမ်သို့အလျင်အမြန်ပြန်သွားလေ၏။ |
ဒါဝိဒ်သည်ခြေနင်းကိုချွတ်ပြီးလျှင်ဝမ်း နည်းသည့်လက္ခဏာဖြင့် ခေါင်းမြီးခြုံ၍ငို ယိုကာသံလွင်တောင်သို့တက်တော်မူ၏။ သူ ၏နောက်မှလိုက်ပါလာကြသူအပေါင်း တို့သည်လည်းခေါင်းမြီးခြုံ၍ငိုယိုကြ၏။-
အဟိသောဖေလသည်မိမိပေးသည့် အကြံကိုမလိုက်ကြကြောင်းသိရှိသော အခါ မြည်းကိုကုန်းနှီးတင်၍မိမိနေရင်း မြို့သို့ပြန်လေ၏။ သူသည်မိမိ၏အမှု ကိစ္စအဝဝကိုစီစဉ်ဆောင်ရွက်ပြီးနောက် ကြိုးဆွဲချ၍သေလေ၏။ သူ့အလောင်းကို သက်ဆိုင်ရာဆွေမျိုးစုသင်္ချိုင်းတွင်သင်္ဂြိုဟ် ကြ၏။
မင်းကြီးသည် ပူပင်စိုးရိမ်စိတ်ပျက်အား လျော့လျက် ရှမာရိမြို့နန်းတော်သို့ပြန် တော်မူ၏။
အာဟပ်သည်နာဗုတ်၏စကားကြောင့်စိတ် မချမ်းမသာဖြစ်၏။ အမျက်ထွက်၍နန်းတော် သို့ပြန်တော်မူ၏။ သူသည်နံရံဘက်သို့လှည့်၍ အိပ်ရာပေါ်တွင်လှဲလျောင်းကာပွဲတော်မတည် ဘဲနေ၏။-
မင်းကြီးက``ငါသည်နာဗုတ်အားသူ၏ဥယျာဉ် ကိုရောင်းချရန် အကယ်၍သူအလိုရှိပါလျှင် အခြားဥယျာဉ်နှင့်လဲလှယ်ရန်ပြောဆိုသော် လည်း၊ နာဗုတ်က`ဤဥယျာဉ်ကိုအရှင့်အားမ ဆက်သနိုင်ပါ' ဟုဆိုချေသည်။ ထို့ကြောင့်ငါ သည်စိတ်မချမ်းမသာဖြစ်နေသည်'' ဟုမိန့် တော်မူ၏။
အာဇရိနှင့်အခြားယဇ်ပုရောဟိတ်တို့သည် ကြောက်ရွံ့သည့်အမူအရာဖြင့် မင်းကြီးနဖူး ကိုစိုက်၍ကြည့်ပြီးလျှင်သူ့အားဗိမာန်တော် မှနှင်ထုတ်ကြ၏။ မင်းကြီးသည်လည်းမိမိ အားဘုရားသခင်ဒဏ်ခတ်တော်မူပြီဖြစ် ကြောင်းကိုသိ၍ အဆောတလျင်ထွက်ခွာ သွားတော်မူ၏။
ဤအချိန်အတောအတွင်း၌မင်းကြီး သည်မော်ဒကဲအား အုပ်ချုပ်ရေးရာထူး တစ်နေရာတွင်ခန့်ထားတော်မူ၏။-
ထို့ကြောင့်ဟာမန်သည်အဝတ်တန်ဆာတော် နှင့်မြင်းတော်ကိုယူခဲ့ပြီးလျှင် မော်ဒကဲ အားအဝတ်တန်ဆာတော်ကိုဝတ်ဆင်ပေး ကာမြင်းပေါ်သို့တင်၍``ဘုရင်မင်းမြတ်သည် မိမိဂုဏ်ပြုချီးမြှင့်လိုသူအား အဘယ်သို့ ချီးမြှင့်တော်မူသည်ကိုကြည့်ကြလော့'' ဟု ကြွေးကြော်လျက်မြင်းကိုဆွဲ၍မြို့တွင်း၌ လှည့်လည်ရလေသည်။
သူသည်ဧသတာ၏သလွန်ထက်သို့လှဲချ ကာအသနားခံမည်အပြုတွင်မင်းကြီး သည် ဥယျာဉ်တော်မှပြန်လည်ရောက်ရှိကာ ညစာခန်းမဆောင်သို့ဝင်လာလေသည်။ ဟာမန်၏အမူအရာကိုမြင်သောအခါ မင်းကြီးက``ဤသူသည်မိဖုရားအားနန်း တော်အတွင်းငါ့ရှေ့မှောက်၌ပင်မတရား ပြုကျင့်မည်လော'' ဟုဟစ်အော်မိန့်မြွက် တော်မူ၏။ ယင်းသို့မင်းကြီးမိန့်မြွက်လိုက်သည့်အခါ မိန်းမစိုးတို့သည်ဟာမန်၏မျက်နှာကို ဖုံးအုပ်ကြလေသည်။
ဆိုးသောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက် ကြောင်းကို၎င်း မသိသလော။
မြေကြီးကိုလူဆိုးတို့ လက်၌အပ်၍၊ တရားသူကြီးတို့၏ မျက်နှာကို ဖျက်တော်မူ၏။ သို့မဟုတ် ထိုအမှုကို စီရင်သောသူကားအဘယ်သူနည်း။
ရှမွေလသည်မိုးလင်းသည်တိုင်အောင်အိပ် ရာတွင်နေပြီးမှ ဘုရားသခင်၏အိမ်တော် တံခါးများကိုဖွင့်၏။ သူသည်မိမိမြင်ရ သည့်ဗျာဒိတ်ရူပါရုံအကြောင်းကိုဧလိ အားမပြောဝံ့။-