ထိုအခါဘုရင်ခံတာတနဲ၊ ရှေသာဗောဇနဲနှင့်သူတို့၏လုပ်ဖော်ဆောင်ဘက်အရာရှိများသည် မင်းကြီးမိန့်တော်မူသည့်အတိုင်း တစ်သဝေမတိမ်းဆောင်ရွက်ကြလေသည်။-
ဧသတာ 6:11 - Common Language Bible ထို့ကြောင့်ဟာမန်သည်အဝတ်တန်ဆာတော် နှင့်မြင်းတော်ကိုယူခဲ့ပြီးလျှင် မော်ဒကဲ အားအဝတ်တန်ဆာတော်ကိုဝတ်ဆင်ပေး ကာမြင်းပေါ်သို့တင်၍``ဘုရင်မင်းမြတ်သည် မိမိဂုဏ်ပြုချီးမြှင့်လိုသူအား အဘယ်သို့ ချီးမြှင့်တော်မူသည်ကိုကြည့်ကြလော့'' ဟု ကြွေးကြော်လျက်မြင်းကိုဆွဲ၍မြို့တွင်း၌ လှည့်လည်ရလေသည်။ Garrad Bible ဟာ မန် သည်၊ မင်း မြောက် တန် ဆာ နှင့် မြင်း တော် ပါ ယူ သွား၍၊ မော် ဒ ကဲ ကို ဆင် ယင် ပြီး လျှင်၊ မြို့ လမ်း မ တော် တစ် လျှောက် စီး စေ ရာ တွင်၊ ဘု ရင် မင်း ချီး မြှင့် လို သော သူ့ အား၊ ထို သို့ ပြု ရ မည့် အ ကြောင်း၊ သူ့ ရှေ့ က ကြော် ငြာ လျက်၊ Judson Bible ထိုအခါ ဟာမန်သည် အဝတ်တန်ဆာတော်နှင့် မြင်းတော်ကိုယူ၍၊ မော်ဒကဲကို ဝတ်ဆင်စေပြီးလျှင်၊ မြင်းတော်ကိုစီးစေသဖြင့်၊ မြို့တော်လမ်းမ၌ ဆောင်သွားလျက် ရှင်ဘုရင်ချီးမြှောက်ခြင်းငှာ အလိုတော်ရှိသောသူ၌ ဤသို့ပြုရသည်ဟု သူ့ရှေ့မှာ ကြွေးကြော်၏။ မြန်မာ့စံမီသမ္မာကျမ်း ဟာမန်သည်လည်း မင်းဝတ်တန်ဆာနှင့်စီးတော်မြင်းကိုယူ၍ မော်ဒကဲအား မင်းဝတ်တန်ဆာကိုဝတ်ဆင်စေပြီး စီးတော်မြင်းကိုစီးစေလျက် မြို့လမ်းမတစ်လျှောက် “ရှင်ဘုရင်ဂုဏ်ပြုလိုသောသူကို ဤသို့ဂုဏ်ပြုရသည်”ဟု ရှေ့မှ ကြွေးကြော်သွားလေ၏။ |
ထိုအခါဘုရင်ခံတာတနဲ၊ ရှေသာဗောဇနဲနှင့်သူတို့၏လုပ်ဖော်ဆောင်ဘက်အရာရှိများသည် မင်းကြီးမိန့်တော်မူသည့်အတိုင်း တစ်သဝေမတိမ်းဆောင်ရွက်ကြလေသည်။-
ထိုအခါမင်းကြီးသည်ဟာမန်အား``အဝတ် တန်ဆာနှင့်မြင်းတော်ကိုအမြန်ယူ၍ယုဒ အမျိုးသားမော်ဒကဲအားဂုဏ်ပြုချီးမြှင့် လော့။ သင်ပြောသမျှအတိုင်းပြုလော့။ သူ သည်နန်းတော်အဝင်ဝတွင်ထိုင်လျက်နေ သည်ကိုသင်တွေ့ရှိလိမ့်မည်'' ဟုမိန့်တော် မူ၏။
ထိုနောက်မော်ဒကဲသည် နန်းတော်တံခါးဝ သို့ပြန်ရောက်လေ၏။ ဟာမန်မူကားညည်း တွား၍ ဦးခေါင်းခြုံလျက်အိမ်သို့ပြန်ပြီး လျှင်၊-
မော်ဒကဲသည်မင်းမြောက်တန်ဆာတည်းဟူ သောဝတ်လဲအဖြူနှင့်အပြာကိုလည်းကောင်း၊ ခရမ်းရောင်ပိတ်ချောဝတ်လုံကိုလည်းကောင်း ဝတ်ဆင်ကာခန့်ညားသည်ရွှေသရဖူကို ဆောင်း၍ နန်းတော်မှထွက်ခွာသွားလေသည်။ ထိုအခါရှုရှန်မြို့တစ်မြို့လုံးသည်သြဘာ သံများ၊ ရွှင်လန်းဝမ်းမြောက်စွာကြွေးကြော် သံများနှင့်ဆူညံသွား၏။-
အမှန်အားဖြင့်ဆိုသော်အုပ်ချုပ်ရေးမှူး များ၊ ဘုရင်ခံများနှင့်ဘုရင့်အမှုတော် ထမ်းများဖြစ်သည့်ပြည်နယ်အရာရှိ အပေါင်းတို့သည် မော်ဒကဲကိုကြောက်လန့် သဖြင့်ယုဒအမျိုးသားတို့အားကူညီ ကြလေသည်။-
သင်္ဘောသဖန်းပင်ကို စောင့်သောသူသည် သင်္ဘောသဖန်းသီးကို စားရ၏။ ထိုနည်းတူ၊ သခင်အမှုကို ဆောင်ရွက်သော သူသည် ဂုဏ်အသရေကို ရတတ်၏။
သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူတို့၏ သားမြေးများသည်သင့်ထံလာရောက်၍ ဦးညွှတ် အလေးပြုကြလိမ့်မည်။ အခါတစ်ပါးကသင့်အားမထီမဲ့မြင် ပြုသူအပေါင်းတို့သည်သင်၏ခြေရင်း၌ ပျပ်ဝပ် ရှိခိုးကြလိမ့်မည်။ သူတို့သည်သင့်အား`ထာဝရဘုရား၏မြို့တော်' ဟူ၍လည်းကောင်း၊ `ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်သည့်မြို့တော်ဇိအုန်' ဟူ၍လည်းကောင်းခေါ်ဝေါ်သမုတ်ကြလိမ့် မည်။
နားထောင်လော့။ မိမိတို့ကိုယ်ကိုယုဒအမျိုး သားများဟုလိမ်လည်ပြောဆိုနေသူစာတန် ၏အဖွဲ့ဝင်တို့အား သင်၏ခြေရင်းသို့လာ ရောက်ပျပ်ဝပ်စေမည်။ သင့်အားငါချစ်ကြောင်း ကိုသူတို့သိကြလိမ့်မည်။-