ဤအကြံကိုအဗရှလုံနှင့်ဣသရေလ အမျိုးသားခေါင်းဆောင်များကနှစ်သက် ကြ၏။
ဧသတာ 2:4 - Common Language Bible ထိုနောက်အရှင်အနှစ်သက်ဆုံးအမျိုးသမီး ကိုရွေး၍ ဝါရှတိအစားမိဖုရားမြှောက်တော် မူပါ'' ဟုအကြံပေးလျှောက်ထားကြ၏။ မင်း ကြီးသည်ထိုအကြံပေးလျှောက်ထားချက် ကိုနှစ်သက်၍ထိုအတိုင်းပြုတော်မူ၏။ Garrad Bible ဘု ရင် မင်း မြတ် နိုး တော် မူ သော က ညာ ကို၊ ဝါ ရှ တိ အ ရာ၌ မိ ဖု ရား မြှောက် တော် မူ ပါ ဟု တင် လျှောက် သည့် စ ကား အ တိုင်း၊ ဘု ရင် မင်း နှစ် သက်၍ စီ ရင် လေ ၏။ Judson Bible နှစ်သက်တော်မူသော သမီးကညာကို မိဖုရားဝါရှတိအရာ၌ ခန့်ထားတော်မူပါဟု လျှောက်သောစကားကို ရှင်ဘုရင်နှစ်သက်၍ ထိုသို့ စီရင်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် အရှင်မင်းကြီး အနှစ်သက်ဆုံး အပျိုကညာတစ်ဦးကို ဝါရှတိအစား မိဖုရားမြှောက်ပါ”ဟု လျှောက်ကြ၏။ ရှင်ဘုရင်သည် ထိုစကားကိုနှစ်သက်သဖြင့် ထိုအတိုင်းပြုလေ၏။ |
ဤအကြံကိုအဗရှလုံနှင့်ဣသရေလ အမျိုးသားခေါင်းဆောင်များကနှစ်သက် ကြ၏။
မင်းကြီးနှင့်မှူးမတ်တို့သည် ဤစကားကို နှစ်သက်သဘောကျကြ၏။ သို့ဖြစ်၍မင်း ကြီးသည်မမုကန်အကြံပေးသည့် အတိုင်းပြုတော်မူ၏။-
ဤအချိန်အတောအတွင်း၌မင်းကြီး သည်မော်ဒကဲအား အုပ်ချုပ်ရေးရာထူး တစ်နေရာတွင်ခန့်ထားတော်မူ၏။-
အင်ပါယာနိုင်ငံတော်အတွင်းရှိပြည်နယ် အပေါင်းတွင် မင်းအရာရှိများကိုခန့်ထား၍ အဆင်းလှသည့်အပျိုကညာအပေါင်းကို မြို့တော်ရှုရှန်ရှိအရှင့်အပျိုတော်ဆောင်သို့ ခေါ်ဆောင်လာစေတော်မူပါ။ သူတို့အား အရှင့်မိန်းမစိုးဟေဂဲ၏လက်တွင်အပ်၍ အလှပြုပြင်ပေးစေတော်မူပါ။-
မြို့တော်ရှုရှန်တွင်ယာဣရ၏သား မော်ဒကဲ ဆိုသူယုဒအမျိုးသားတစ်ယောက်ရှိ၏။ သူ သည်ဗင်္ယာမိန်အနွယ်ဝင်ဖြစ်၍ကိရှနှင့်ရှိမိ တို့မှဆင်းသက်လာသူဖြစ်၏။-
ဟေရုဒ်၏မွေးနေ့၌ဟေရောဒိ၏သမီးသည် ဧည့်သည်တော်များအားအကနှင့်ဖျော်ဖြေ လျက်ဟေရုဒ်၏စိတ်ကိုများစွာရွှင်လန်းစေ၏။-
ထိုနောက်ကိုယ်တော်က ``သို့ဖြစ်၍အနိမ့်ဆုံးသို့ ရောက်သူများသည်အမြင့်ဆုံးသို့ရောက်ကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
ထိုနောက်သခင်ယေရှုက ``ဖိတ်ကြားခြင်းခံရ သူတို့မှာများသော်လည်းရွေးကောက်ခြင်းခံရ သူတို့ကားနည်း၏'' ဟုမိန့်တော်မူသည်။