သူသည်နယ်စပ်ကိုဖြတ်၍ အီဂျစ်ပြည်ထဲ သို့ဝင်လာသောအခါ ထိုပြည်သားတို့က သူ၏မယားသည် ရုပ်ရည်လှသောအမျိုး သမီးဖြစ်ကြောင်းတွေ့မြင်ကြ၏။-
ဧသတာ 2:2 - Common Language Bible သို့ဖြစ်၍သူနှင့်ရင်းနှီးသောအကြံပေးအရာ ရှိများကမင်းကြီးအား``အရှင်သည်အဘယ် ကြောင့်အဆင်းလှသည့်အပျိုကညာများ ကိုရှာစေတော်မမူပါသနည်း။- Garrad Bible အ ထံ တော်၌ ခ စား သော ကျေး ကျွန် သင်း ပင်း တို့ က၊ အ ဆင်း လှ သော သ မီး က ညာ တို့ ကို၊ ဘု ရင် မင်း အ ဖို့ ရှာ ကြ ပါ စေ။ Judson Bible အထံတော်၌ ခစားသော ကျွန်တော်တို့ကလည်း၊ အဆင်းလှသော သမီးကညာတို့ကို အရှင်မင်းကြီးအဖို့ ရှာရပါမည်အကြောင်း အခွင့်ပေးတော်မူပါ။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ မင်းခစားအမှုထမ်းတို့က “အရှင်မင်းကြီးအဖို့ ရုပ်ရည်လှပသောအပျိုကညာများကို ရှာပါရစေ။ |
သူသည်နယ်စပ်ကိုဖြတ်၍ အီဂျစ်ပြည်ထဲ သို့ဝင်လာသောအခါ ထိုပြည်သားတို့က သူ၏မယားသည် ရုပ်ရည်လှသောအမျိုး သမီးဖြစ်ကြောင်းတွေ့မြင်ကြ၏။-
သို့ဖြစ်၍မှူးမတ်များက``အရှင်မင်းကြီး၊ အရှင့်အားခစားပြုစုရန်အတွက်အမျိုး သမီးပျိုတစ်ဦးကိုအကျွန်ုပ်တို့ရှာပါရ စေ။ ထိုအမျိုးသမီးသည်အရှင်၏အနီး တွင်ကပ်၍အိပ်ပြီးလျှင် အရှင့်အားနွေးအောင် ပြုပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။-
ပွဲတော်သတ္တမနေ့ရက်ရောက်သောအခါ မင်း ကြီးသည်စပျစ်ရည်သောက်၍ရွှင်လန်းသော အခါ အပါးတော်မြဲမိန်းမစိုးခုနစ်ယောက် ဖြစ်ကြသောမဟုမန်၊ ဗိဇသ၊ ဟာဗောန၊ ဗိဂသ၊ အဗာဂသ၊ ဇေသာ၊ ကာကတ်တို့ ကိုခေါ်ယူကာ၊-
မင်းကြီးအများဆုံးတိုင်ပင်လေ့ရှိသော သူများမှာ ပေရသိနှင့်မေဒိအမတ်များ ဖြစ်ကြသောကာရှေန၊ ရှေသာ၊ အာဒ မာသ၊ တာရှိရှ၊ မေရက်၊ မာသေန၊ မမုကန် တို့ဖြစ်ပေသည်။ သူတို့သည်ကားနိုင်ငံတော် တွင်အမြင့်ဆုံးရာထူးများဖြင့်ချီးမြှင့် ခြင်းခံရသူများဖြစ်သတည်း။-
အင်ပါယာနိုင်ငံတော်အတွင်းရှိပြည်နယ် အပေါင်းတွင် မင်းအရာရှိများကိုခန့်ထား၍ အဆင်းလှသည့်အပျိုကညာအပေါင်းကို မြို့တော်ရှုရှန်ရှိအရှင့်အပျိုတော်ဆောင်သို့ ခေါ်ဆောင်လာစေတော်မူပါ။ သူတို့အား အရှင့်မိန်းမစိုးဟေဂဲ၏လက်တွင်အပ်၍ အလှပြုပြင်ပေးစေတော်မူပါ။-
ထိုသူတို့ဤသို့ပြောဆိုနေကြစဉ်ပင်နန်း တော်မိန်းမစိုးများသည် ဟာမန်အားဧသတာ ၏ညစာစားပွဲသို့ခေါ်ဆောင်ရန်အလျင်စလို ရောက်ရှိလာကြလေသည်။