``အကျွန်ုပ်သည်ယေရုရှလင်မြို့သို့ပြန်ရောက် ၍ ဗိမာန်တော်တွင်ဆုတောင်းလျက်နေစဉ်ဗျာ ဒိတ်ရူပါရုံကိုမြင်ရပါ၏။-
ဧဖက် 3:3 - Common Language Bible ဘုရားသခင်သည်မိမိ၏နက်နဲသောအကြံ အစည်တော်ကိုငါ့အားဖွင့်ပြတော်မူ၏။ (ဤ အကြောင်းအရာနှင့်ပတ်သက်၍သင်တို့အား အကျဉ်းအားဖြင့်ငါဖော်ပြခဲ့ပြီးပေပြီ။- Judson Bible ကျေးဇူးတော်သာသနာကို အပ်ပေးသည် အကြောင်းဟူမူကား၊ ငါသည်အထက်က အနည်းငယ် ရေးထားခဲ့သည်အတိုင်း၊ ဘုရားသခင်သည် ဗျာဒိတ်တော်အားဖြင့် နက်နဲသောအရာကို ငါ့အားပြတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း အထက်က အကျဉ်းမျှ ငါရေးထားသည့်အတိုင်း ဤလျှို့ဝှက်နက်နဲသောအရာကို ဗျာဒိတ်တော်အားဖြင့် ငါ့အားသိစေတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် မိမိ၏ လျှို့ဝှက်နက်နဲသော အကြံအစည်ကို ဗျာဒိတ်တော်ဖြင့် ကျွန်ုပ်ကို ဖော်ပြတော်မူကြောင်း အထက်ပါအတိုင်း ကျွန်ုပ် အကျဉ်းချုပ် ရေးထား၏။ |
``အကျွန်ုပ်သည်ယေရုရှလင်မြို့သို့ပြန်ရောက် ၍ ဗိမာန်တော်တွင်ဆုတောင်းလျက်နေစဉ်ဗျာ ဒိတ်ရူပါရုံကိုမြင်ရပါ၏။-
သခင်ဘုရားက `သွားလော့။ ရပ်ဝေးရှိလူမျိုး ခြားတို့ထံသို့သင့်အားငါစေလွှတ်မည်' မိန့် တော်မူ၏'' ဟုဆို၏။
သူတို့ဟစ်အော်ပြောဆိုမှုသည်ပိုမိုကျယ် လောင်လာတော့၏။ ဖာရိရှဲဂိုဏ်းဝင်ကျမ်းတတ် ဆရာအချို့တို့သည်ထ၍ ``ဤသူ၌အဘယ် အပြစ်ကိုမျှငါတို့မတွေ့။ ဝိညာဉ်တစ်ပါး ကသော်လည်းကောင်း၊ ကောင်းကင်တမန်တစ် ပါးကသော်လည်းကောင်းသူ့အားမြွက်ဆို ကောင်းမြွက်ဆိုခဲ့လိမ့်မည်'' ဟုငြင်းခုံပြော ဆိုကြ၏။
ညီအစ်ကိုတို့၊ သင်တို့သည်မိမိတို့ကိုယ်ကို တတ်သိလိမ္မာလှပြီဟုမထင်မမှတ်ကြစေရန် ငါသည်ဘုရားသခင်၏လျှို့ဝှက်နက်နဲသော အရာကိုသင်တို့အားဖော်ပြလို၏။ ထိုလျှို့ဝှက် နက်နဲသောအရာမှာဤသို့တည်း။ ယုဒအမျိုး သားတို့သည်အမြဲစိတ်နှလုံးထိုင်းမှိုင်းလျက် နေကြမည်မဟုတ်ဘဲ ကယ်တင်ခြင်းကိုခံရ မည့်လူမျိုးခြားတို့အရေအတွက်ပြည့်စုံ လာသည့်ကာလအထိသာဖြစ်၏။-
ဘုရားသခင်၏ဘုန်းအသရေတော်အားငါ တို့ထောမနာပြုကြကုန်စို့။ ယေရှုခရစ်အကြောင်း ငါဟောပြောသောသတင်းကောင်းအရသော်လည်း ကောင်း၊ ရှေးကာလအဆက်ဆက်၌ကွယ်ဝှက်နေခဲ့ သောသစ္စာတရားပေါ်လွင်ထင်ရှားချက်အရသော် လည်းကောင်း ကိုယ်တော်သည်သင်တို့၏ယုံကြည် ခြင်းကိုခိုင်မြဲစေတော်မူနိုင်၏။-
ဝါကြွားခြင်းသည်အကျိုးမရှိသော်လည်းငါ ဝါကြွားရဦးမည်။ သို့ဖြစ်၍သခင်ဘုရား ငါ့အားပြတော်မူသောရူပါရုံများနှင့် ဗျာဒိတ်တော်များအကြောင်းကိုဖော်ပြမည်။-
ထိုသတင်းကောင်းကိုငါသည်မည်သည့်လူ တစ်စုံတစ်ယောက်ထံကမျှရသည်မဟုတ်။ မည်သူမျှလည်းငါ့ကိုသင်ကြား၍မပေး။ ထို သတင်းကောင်းကိုယေရှုခရစ်ကိုယ်တော်တိုင် ငါ့အားဗျာဒိတ်တော်အားဖြင့်ပေးအပ်တော် မူ၏။
သင်တို့သည်ဘုရားသခင်ကိုသိကျွမ်းခြင်း အလို့ငှာသင်တို့အားဉာဏ်ပညာကိုပေး၍ ဘုရားသခင်ကိုပေါ်လွင်ထင်ရှားစေမည့် ဝိညာဉ်တော်ကိုသင်တို့ရရှိကြစေရန် ငါ တို့သခင်ယေရှုခရစ်၏ဘုရားသခင်၊ ဘုန်းကြီးသောအဖခမည်းတော်ထံငါ လျှောက်ထား၏။-
သင်တို့သည်ထိုဖော်ပြချက်ကိုဖတ်ရှုခြင်း အားဖြင့်ခရစ်တော်၏နက်နဲသည့်အရာကို ငါသိရှိနားလည်ကြောင်းသိမြင်နိုင်ကြ၏။-)
ထိုနက်နဲသောအရာကားသတင်းကောင်း အားဖြင့် လူမျိုးခြားတို့သည်ယုဒအမျိုး သားများနှင့်အတူ ဘုရားသခင်၏ကောင်း ချီးမင်္ဂလာကိုခံစားခွင့်ရရှိကြ၏။ သူတို့ သည်ခန္ဓာတော်၏အင်္ဂါများဖြစ်၍ခရစ်တော် ယေရှုအားဖြင့် ဘုရားသခင်ပေးတော်မူ သောကတိတော်ကိုပါဝင်ခံစားခွင့်ရရှိ ကြ၏။
ဘုရားသခင်၏နက်နဲသောအကြံအစည် တော်သည်အဘယ်သို့အကောင်အထည်ပေါ် လာမည်ကို လူအပေါင်းတို့အားရှင်းလင်း ဖော်ပြရန်အခွင့်ထူးကိုငါ့အားပေးသနား တော်မူ၏။ ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်း တော်မူသောဘုရားသခင်သည် ရှေးကာလ အဆက်ဆက်ကထိုအကြံအစည်တော် ကိုကွယ်ဝှက်၍ထားတော်မူခဲ့၏။-
ငါဟောပြောချိန်၌ဘုရားသခင်သည်ငါ့အား နှုတ်သတ္တိကိုပေးသနားတော်မူရန်လည်းကောင်း၊ သတင်းကောင်း၏နက်နဲသောအရာကိုရဲရင့် စွာဖွင့်ပြနိုင်ရန်လည်းကောင်း ငါ့အတွက်လည်း ဆုတောင်းကြလော့။-
ယင်းသို့ကြိုးပမ်းလုပ်ဆောင်ရခြင်းမှာသင် တို့အပေါင်းသည်အားတက်လျက် အချင်းချင်း တစ်ယောက်ကိုတစ်ယောက်ချစ်ခင်လာစေရန် ဖြစ်သည်။ ဤသို့ဖြစ်ခြင်းကြောင့်သင်တို့သည် စစ်မှန်စွာသိရှိနားလည်ခြင်းအားဖြင့် စိတ် ချမှုကိုကြွယ်ဝပြည့်စုံစွာရရှိကြလိမ့် မည်။ ဤနည်းအားဖြင့်သင်တို့သည်ခရစ် တော်တည်းဟူသောဘုရားသခင်၏နက်နဲ ရာကိုသိရှိကြလိမ့်မည်။-
ဆုတောင်းသည့်အခါငါတို့၏အတွက်လည်း ဆုတောင်းကြလော့။ ခရစ်တော်၏နက်နဲသည့် အရာနှင့်စပ်ဆိုင်သောတရားတော်ကို ဟော ပြောနိုင်သည့်အခွင့်အလမ်းငါတို့အားပေး တော်မူရန်ဆုတောင်းကြလော့။ ထိုတရား တော်ကြောင့်ငါသည်ယခုထောင်ကျလျက်ရှိ၏။-
ညီအစ်ကိုတို့၊ ဤအားပေးတိုက်တွန်းချက် ကိုသည်းခံလျက်နာယူကြရန်သင်တို့ အားငါတောင်းပန်၏။ ယခုသင်တို့ထံသို့ ငါရေးလိုက်သောစာသည်များစွာမရှည် ပါ။-
ငါသည်ဤစာတိုကလေးကိုသိလွာနု၏အကူ အညီဖြင့် သင်တို့ထံသို့ရေးသားပေးပို့လိုက်၏။ သူသည်သစ္စာရှိသောညီအစ်ကိုဟုငါမှတ်ယူ၏။ သင်တို့အားတိုက်တွန်းအားပေးစကားပြောကြား ရန်နှင့် သင်တို့ခံစားရသည့်ကျေးဇူးတော်သည် ဘုရားသခင်၏ကျေးဇူးတော်အစစ်အမှန် ဖြစ်ကြောင်းကိုသက်သေခံရန် ဤစာကိုရေးပို့ လိုက်၏။ ထိုကျေးဇူးတော်တွင်ကြံ့ခိုင်စွာ ရပ်တည်ကြလော့။
ငါတို့ချစ်သောညီအစ်ကိုပေါလုသည်ဘုရား သခင်ပေးသနားတော်မူသည့်ဉာဏ်ပညာဖြင့် သင်တို့အားရေးသားဖော်ပြခဲ့သည့်အတိုင်း ငါတို့ထာဝရဘုရားသည်စောင့်ဆိုင်းသည်းခံ တော်မူသည်မှာ သင်တို့ကယ်တင်ခြင်းခံရရန် အတွက်အခါအခွင့်ပေးခြင်းပင်ဖြစ်ကြောင်း မှတ်ယူကြလော့။-