အာဗြံအသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ငါသည်အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ် ၏။ ငါ့စကားကိုနားထောင်၍မှန်ရာကိုအစဉ် ပြုလုပ်လော့။-
ဧဖက် 3:20 - Common Language Bible ငါတို့စိတ်နှလုံးကိုပြုပြင်တော်မူသော တန်ခိုးတော်အားဖြင့် ငါတို့တောင်းလျှောက် ကြံစည်သမျှသောအရာတို့ထက်သာလွန် ပိုမို၍ချပေးတော်မူနိုင်သောဘုရားသခင် သည် အသင်းတော်အားဖြင့်လည်းကောင်း၊ ခရစ်တော်ယေရှုအားဖြင့်လည်းကောင်း ထာဝစဉ်ကမ္ဘာအဆက်ဆက်ဘုန်းအသရေ ထွန်းတောက်တော်မူပါစေသတည်း။ အာမင်။ Garrad Bible ငါ တို့၌ ပြု ပြင် သော တန် ခိုး တော် နှင့် အ ညီ၊ ငါ တို့ ထင် မြင် တောင်း လျှောက် သ မျှ ထက် ကြွယ် ဝ စွာ သ နား တော် မူ နိုင် သော အ ရှင် သည် အ သင်း တော်၌ လည်း ကောင်း၊ ခ ရစ် တော် ယေ ရှု၌ လည်း ကောင်း၊ လူ မျိုး အ ဆက် ဆက် ကာ လ အ စဉ် ဘုန်း တော် ကြီး ပါ စေ သ တည်း။ အာ မင်။ Judson Bible ငါတို့၌ ပြုပြင်သောတန်ခိုးတော်အတိုင်း၊ ငါတို့ တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာ ပြုခြင်းငှာ တတ်နိုင်တော်မူသော ဘုရားသခင်သည်၊- မြန်မာ့စံမီသမ္မာကျမ်း ငါတို့ထဲ၌ သက်ဝင်လှုပ်ရှားနေသောတန်ခိုးတော်အားဖြင့် ငါတို့တောင်းလျှောက်သောအရာ၊ သို့မဟုတ် ဆင်ခြင်သောအရာအားလုံးတို့ထက် သာလွန်ထူးခြားစွာပြုနိုင်သောအရှင်၌ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသော တန်ခိုးတော်ကြောင့် ကျွန်ုပ်တို့ တောင်းလျှောက်သမျှသောအရာ၊ ကြံစည်သမျှသောအရာတို့ထက် အဆပေါင်းများစွာ ပေးနိုင်သော ဘုရားသခင်သည် |
အာဗြံအသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ငါသည်အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ် ၏။ ငါ့စကားကိုနားထောင်၍မှန်ရာကိုအစဉ် ပြုလုပ်လော့။-
အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည် အကျွန်ုပ်အား ယခင်ကထက်ပင်ပို၍ကျေးဇူး ပြုတော်မူပါသည်တကား။ လာလတ္တံ့သော ကာလ၌အကျွန်ုပ်၏သားမြေးတို့အတွက် ကတိတော်ပေးတော်မူပါပြီ။ အို အရှင် ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဤ အကြောင်းကိုလူတစ်ယောက်အားအသိ ပေးတော်မူပါသည်တကား။-
သင်မတောင်းလျှောက်သည့်ဆုကိုလည်းငါပေး မည်။ သင်သည်တစ်သက်လုံးအခြားအဘယ် ဘုရင်နှင့်မျှမတူအောင် စည်းစိမ်ချမ်းသာ နှင့်ဂုဏ်အသရေကိုငါပေးမည်။-
ထိုအခါအာမဇိကပရောဖက်အား``ထို သူတို့အားပေးထားသည့်ငွေအချည်းနှီး ဖြစ်ရမည်လော'' ဟုမေးတော်မူ၏။ ပရောဖက်က``ဘုရားသခင်သည်ထိုငွေ ထက်များစွာပေးတော်မူနိုင်၏'' ဟုဆို လေ၏။-
ရှောလမုန်မင်းသည်ဘုရင်မထံမှရရှိသည့် လက်ဆောင်များအတွက် မိမိပြန်လည်ပေးသည့် လက်ဆောင်များအပြင်ဘုရင်မအလိုရှိ သမျှသောအရာများကိုပေးတော်မူ၏။ ထို နောက်ဘုရင်မနှင့်အခြွေအရံတို့သည် ရှေဘပြည်သို့ပြန်သွားကြ၏။
ထိုနောက်ထာဝရဘုရားသည်မောရှေရှေ့ တွင်ဖြတ်ကြွသွားလျက်``ငါထာဝရဘုရား သည်သနားကရုဏာနှင့်ပြည့်စုံသောဘုရား၊ စိတ်ရှည်၍ကျေးဇူးကရုဏာနှင့်ကြွယ်ဝ သောဘုရား၊ သစ္စာတည်သောဘုရားဖြစ်၏။-
ငါသည် အိပ်ပျော်စဉ်၊ နှလုံးနိုးလျက်ရှိ၏။ ငါချစ်ရာ သခင်၏စကားသံပေ။ ငါ့နှမ၊ ငါချစ်သောအမိ၊ ငါ့ချိုး၊ ငါ၏စုံလင်သူ၊ ငါအားဖွင့်ပါ။ ငါ့ခေါင်းသည် နှင်းနှင့်၎င်း၊ ငါ့ဆံပင်သည် ညဉ့်၌ကျတတ်သော နှင်းစက် များနှင့်၎င်း စိုပြီဟုဆိုလျက်၊ ခေါက်၍နေတော်မူ၏။
သူယုတ်မာတို့သည်မိမိတို့၏ဆိုးညစ်သော အကျင့်များကိုစွန့်လွှတ်၍၊ မိမိတို့၏စိတ်နေသဘောထားများကိုလည်း ပြောင်းလဲကြရာ၏။ သူတို့သည်ငါတို့ဘုရားသခင်ထာဝရဘုရား ထံတော်သို့လှည့်ကြရာ၏။ ကိုယ်တော်သည်သနားကြင်နာတတ်၍လျင်မြန်စွာ အပြစ်လွှတ်တော်မူတတ်၏။
``အို ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော် ရှင်သည်မဟာတန်ခိုးအာနုဘော်တော်အား ဖြင့်ကမ္ဘာမိုးမြေကိုဖန်ဆင်းတော်မူပါ၏။ ကိုယ်တော်ရှင်မတတ်နိုင်လောက်အောင်ခက်ခဲ သောအရာဟူ၍မရှိပါ။-
``ငါသည်လူသားအပေါင်းတို့၏ဘုရားသခင်၊ ထာဝရဘုရားဖြစ်၏။ ငါမတတ် နိုင်လောက်အောင်ခက်ခဲသည့်အမှုအရာ ဟူ၍မရှိ။-
အကျွန်ုပ်တို့ကိုးကွယ်သောဘုရားသခင် သည် အကျွန်ုပ်တို့အားပြင်းစွာအလျှံထ လျက်ရှိသောမီးဖိုကြီးထဲမှလည်းကောင်း၊ အရှင်၏လက်မှလည်းကောင်းကယ်နိုင် လျှင်လည်းကယ်တော်မူမည်။-
ခြင်္သေ့တွင်းသို့ရောက်သောအခါစိုးရိမ်ပူ ပန်သောအသံနှင့်``အသက်ရှင်တော်မူသော ဘုရား၏အစေခံ၊ ဒံယေလ၊ သင်သစ္စာရှိ စွာကိုးကွယ်သောဘုရားသခင်သည်သင့် အားခြင်္သေ့များ၏ဘေးမှကယ်တော်မူ နိုင်ပါ၏လော'' ဟုမေးတော်မူ၏။
အာဗြဟံသည်ငါတို့၏အဖဖြစ်သည်ဟူ၍ ပြောဆိုရုံမျှဖြင့် သင်တို့သည်အပြစ်မှလွတ်ငြိမ်း ခွင့်ကိုရရှိလိမ့်မည်ဟုမထင်ကြနှင့်။ ဘုရားသခင် သည်ဤကျောက်ခဲများမှ အာဗြဟံ၏သားများ ကိုဖန်ဆင်းတော်မူနိုင်သည်ဟုသင်တို့အား ငါဆို၏။-
သူခိုးသည်ခိုးယူသတ်ဖြတ်ဖျက်ဆီးရန်သာ လာ၏။ ငါမူကားသင်တို့အသက်ရှင်ကြစေရုံ မျှသာမက ကြွယ်ဝပြည့်စုံသောအသက်ကို ရှင်နိုင်ကြစေရန်လာသတည်း။
ဘုရားသခင်၏ဘုန်းအသရေတော်အားငါ တို့ထောမနာပြုကြကုန်စို့။ ယေရှုခရစ်အကြောင်း ငါဟောပြောသောသတင်းကောင်းအရသော်လည်း ကောင်း၊ ရှေးကာလအဆက်ဆက်၌ကွယ်ဝှက်နေခဲ့ သောသစ္စာတရားပေါ်လွင်ထင်ရှားချက်အရသော် လည်းကောင်း ကိုယ်တော်သည်သင်တို့၏ယုံကြည် ခြင်းကိုခိုင်မြဲစေတော်မူနိုင်၏။-
ဘုရားသခင်သည်မိမိကတိထားတော်မူသည့် အတိုင်းပြုတော်မူနိုင်ကြောင်းအာဗြဟံသည် အကြွင်းမဲ့ယုံကြည်၏။-
သို့သော်လည်းကျမ်းစာလာသည်အတိုင်း၊ ``ဘုရားသခင်သည်အဘယ်သူမျှမမြင်မကြား စဖူး၊ ဖြစ်နိုင်လိမ့်မည်ဟု အဘယ်သူမျှမထင်မမှတ်ဘူးသည့်၊အမှုအရာကို မိမိအားချစ်သောသူတို့အဖို့ပြင်ဆင်ထားတော် မူ၏။''
သင်တို့သည်လိုသမျှသောအရာများကို အစဉ်ပင်ရရှိပြီးလျှင်ကောင်းမှုအမျိုးမျိုး တို့တွင်ကူညီမစနိုင်ကြစေရန် ဘုရား သခင်သည်သင်တို့အားလိုသမျှသော အရာတို့ထက်ပို၍ပေးရန်တတ်နိုင်တော် မူ၏။-
တန်ခိုးတော်ပြုပြင်သောအားဖြင့်ငါ့အား ဘုရားသခင်ပေးသနားတော်မူသောအထူး ဆုကျေးဇူးတော်နှင့်အညီငါသည်သတင်း ကောင်းကိုကြေညာသူဖြစ်လာ၏။-
ဤတာဝန်လုပ်ငန်းကိုငါကြိုးပမ်းလုပ်ဆောင် လျက်ရှိစဉ်ခရစ်တော်သည် ငါ့အားကြီးမား သောတန်ခိုးစွမ်းရည်ကိုပေးတော်မူသည်။ ထို တန်ခိုးစွမ်းရည်သည်ငါ၏အထဲ၌လုပ် ဆောင်လျက်ရှိ၏။
ငါတို့သခင်ဘုရားသည်မိမိ၏ကြွယ်ဝသော ကျေးဇူးတော်ကိုငါ့အပေါ်သို့သွန်းလောင်း တော်မူ၍ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝ တည်းဖြစ်ခြင်းအားဖြင့်ငါတို့ရရှိသည့် ယုံကြည်ခြင်းနှင့်ချစ်ခြင်းကိုငါ့အား ပေးတော်မူ၏။-
ဣဇာက်အားသေရာမှဘုရားသခင်ပြန်၍ ရှင်စေတော်မူနိုင်ကြောင်းကိုသူသည်မှတ်ယူ ၏။ အမှန်စင်စစ်အားဖြင့်သူသည်မိမိ၏ သားကိုသေရာမှပြန်၍ရသည်ဟုဆိုနိုင် လေသည်။
သို့ဖြစ်၍ကိုယ်တော်သည်မိမိကိုအမှီပြု၍ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ အပေါင်းတို့အား အခါခပ်သိမ်းကယ်တင်တော် မူနိုင်၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ထိုသူတို့အတွက်ဘုရားသခင်ထံတော်တွင် အသနားခံရန်ထာဝစဉ်အသက်ရှင်လျက် ရှိတော်မူသောကြောင့်တည်း။
ဘုရားသခင်တစ်ပါးတည်းသာလျှင်ပညတ် တရားတော်ကိုပေး၍စစ်ကြောစီရင်ပိုင်သော အရှင်ဖြစ်တော်မူ၏။ ကိုယ်တော်တစ်ပါးတည်း သာလျှင်ကယ်တင်ရန်သော်လည်းကောင်း၊ ဖျက် ဆီးရန်သော်လည်းကောင်းတတ်နိုင်တော်မူ၏။ သင်သည်အဘယ်သူဖြစ်၍မိမိ၏အိမ်နီး ချင်းကိုစစ်ကြောစီရင်ရသနည်း။
ဤနည်းအားဖြင့်သင်တို့သည်ငါတို့ကိုအရှင် သခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှု ခရစ်၏ထာဝရနိုင်ငံတော်သို့ဝင်နိုင်ရန် အခွင့် အရေးအပြည့်အဝကိုရရှိကြလိမ့်မည်။
သင်တို့မပြိုမလဲကြစေရန် စောင့်ရှောက်တော် မူနိုင်၍၊ သင်တို့အားအပြစ်ကင်းစင်စေလျက် ရွှင်လန်းဝမ်းမြောက်စွာ ဘုန်းအသရေထွန်း တောက်ရာရှေ့တော်မှောက်သို့ ဝင်ရောက်ခွင့်ကို ပေးတော်မူနိုင်သော၊-