ထိုသူတို့သည်ပထမလ၊ တစ်ရက်နေ့၌ ဗာဗုလုန်မြို့မှထွက်ခွာလာကြရာ ထာဝရ ဘုရားကူမတော်မူခြင်းကြောင့်ပဉ္စမလ၊ တစ်ရက်နေ့၌ယေရုရှလင်မြို့သို့ရောက် ရှိကြလေသည်။-
နန်း စံ ခု နစ် နှစ်၊ ပ ဥ္စ မ လ တွင် ဆိုက် ရောက် ကြ၏။
ရှင်ဘုရင်နန်းစံ ခုနစ်နှစ်၊ ပဥ္စမလတွင် ဧဇရသည် ယေရုရှလင်မြို့သို့ ရောက်လေ၏။
ထိုမင်းနန်းစံ သတ္တမနှစ်၊ ပဉ္စမလတွင် ဧဇရသည် ဂျေရုဆလင်မြို့သို့ ပြန်ရောက်လာ၏။
ယုဒနှင့်ဗင်္ယာမိန်နယ်မြေများတွင်နေထိုင် သူယောကျာ်းအပေါင်းတို့သည် သုံးရက်အတွင်း နဝမလနှစ်ဆယ်ရက်နေ့၌ ယေရုရှလင် မြို့ဗိမာန်တော်ရှေ့တံတိုင်းသို့လာရောက် စုဝေးကြ၏။ ထိုအခါ၌မိုးသည်းထန် စွာရွာလျက်နေ၏။ လူအပေါင်းတို့သည် ရာသီဥတုအခြေအနေကြောင့်လည်း ကောင်း၊ အစည်းအဝေးအရေးကြီးမှု ကြောင့်လည်းကောင်းတုန်လှုပ်လျက်နေ ကြ၏။
ဧဇရသည်ယဇ်ပုရောဟိတ်များ၊ လေဝိ အနွယ်ဝင်များ၊ ဗိမာန်တော်ဂီတပညာသည် များ၊ ဗိမာန်တော်အစောင့်တပ်သားများနှင့် အလုပ်သမားများပါဝင်သည့်ဣသရေလ အမျိုးသားများနှင့်အတူ အာတဇေရဇ် မင်းနန်းစံခုနစ်နှစ်မြောက်၌ ဗာဗုလုန်မြို့ မှယေရုရှလင်မြို့သို့လိုက်လာခဲ့၏။-
ယေရုရှလင်မြို့သို့ရောက်သောအခါငါတို့ သည် သုံးရက်တိုင်တိုင်နားနေကြ၏။-
အကျွန်ုပ်တို့သည်ကျွန်ခံလျက်နေကြရ သော်လည်း ကိုယ်တော်ရှင်သည်အကျွန်ုပ်တို့ ကိုစွန့်ပစ်တော်မမူပါ။ ကိုယ်တော်သည်ပေရသိ ဘုရင်တို့ရှေ့တွင် အကျွန်ုပ်တို့ကိုမျက်နှာသာ ရစေတော်မူ၍ အသက်ရှင်ခွင့်နှင့်ပျက်စီး ယိုယွင်းနေသည့်ဗိမာန်တော်ကိုပြန်လည် တည်ဆောက်ခွင့်နှင့် ယုဒပြည်နှင့်ယေရုရှလင် မြို့တို့တွင် ဘေးမဲ့လုံခြုံစွာနေထိုင်ခွင့်ကို ပေးစေတော်မူပါ၏။
ထို့ကြောင့်ဧသတာသည်ဇေရဇ်မင်းနန်းစံ သတ္တမနှစ်တေဗက်ခေါ်ဒသမလ၌ နန်း တော်အတွင်းဇေရဇ်မင်း၏ရှေ့တော်သို့ ရောက်ရှိသွား၏။-
ယခုဖော်ပြမည့်အချက်ကိုသတိပြု ၍နားလည်လော့။ ယေရုရှလင်မြို့ကိုပြန် လည်တည်ထောင်ရန်အမိန့်ပေးချိန်မှစ၍ ဘုရားသခင်ရွေးချယ်သည့်ခေါင်းဆောင် ပေါ်လာချိန်အထိ နှစ်ပေါင်းခုနစ်နှစ်နှင့် ခုနစ်လီရှိလိမ့်မည်။ ယေရုရှလင်မြို့သည် လမ်းများ၊ ခိုင်ခံ့သောမြို့ရိုးများနှင့်ပြန် လည်တည်ထောင်ခြင်းကိုခံရလိမ့်မည်။ ခုနစ်လီကြာအောင်တည်လိမ့်မည်။ သို့ ရာတွင်ထိုကာလသည်ဒုက္ခများရာ ကာလဖြစ်လိမ့်မည်။-