သင်သည်ငါ့သားအတွက်မယားကိုခါနာန် လူမျိုးတို့တွင်မရှာပါဟု ကောင်းကင်နှင့်မြေ ကြီးအရှင်ဘုရားသခင်ထာဝရဘုရား၏ နာမတော်ကိုတိုင်တည်၍သစ္စာဆိုလော့။-
ဧဇရ 5:11 - Common Language Bible သူတို့က`ငါတို့သည်မိုးမြေရှင်ဘုရားသခင်အစေခံများဖြစ်၍ ရှေးနှစ်ပေါင်းများစွာကပင်တန်ခိုးကြီးမားသည့် ဣသရေလဘုရင်တစ်ပါးတည်ဆောက်မွမ်းမံထားခဲ့သည့်ဗိမာန်တော်ကို ပြန်လည်တည်ဆောက်မွမ်းမံကြခြင်းဖြစ်ပါသည်။- Garrad Bible သူ တို့ က၊ ကျွန် တော် တို့ သည်၊ မိုး မြေ့ ရှင် ဘု ရား သ ခင်၏ ကျွန် များ ဖြစ် လျက်၊ ရှေး ကာ လ ဘုန်း ကြီး သူ ဣ သ ရေ လ ဘု ရင် တည် ဆောက် ခဲ့ သော ဗိ မာန် တော် ကို ပြု ပြင် ကြ ပါ၏။ Judson Bible သူတို့က၊ ငါတို့သည် ကောင်းကင်နှင့်မြေကြီးအရှင် ဘုရားသခင်၏ကျွန်တော် ဖြစ်ကြ၏။ ရှေးကာလ၌ ကြီးမြတ်သော ဣသရေလရှင်ဘုရင် တည်ထောင်တော်မူသော အိမ်တော်ကို ယခုပြုပြင်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့ကလည်း ‘အကျွန်ုပ်တို့သည် ကောင်းကင်နှင့်မြေကြီးအရှင် ဘုရားသခင်၏အစေအပါးများ ဖြစ်၏။ ရှေးနှစ်ပေါင်းများစွာက အစ္စရေးလူမျိုးတို့၏ဘုရင်မင်းမြတ် တည်ဆောက်ပြီးစီးခဲ့သောအိမ်တော်ကို အကျွန်ုပ်တို့ ပြန်လည်တည်ဆောက်ခြင်း ဖြစ်၏။ |
သင်သည်ငါ့သားအတွက်မယားကိုခါနာန် လူမျိုးတို့တွင်မရှာပါဟု ကောင်းကင်နှင့်မြေ ကြီးအရှင်ဘုရားသခင်ထာဝရဘုရား၏ နာမတော်ကိုတိုင်တည်၍သစ္စာဆိုလော့။-
ရှောလမုန်မင်းနန်းစံတစ်ဆယ့်တစ်နှစ်မြောက်၊ ဗုလ ခေါ်အဋ္ဌမလ၌ ဗိမာန်တော်ကိုရေးဆွဲထားသည့် ပုံစံအတိုင်းတစ်သဝေမတိမ်းဆောက်လုပ်ပြီး လေသည်။ ယင်းသို့ဆောက်လုပ်မှုမှာခုနစ်နှစ် တိုင်တိုင်ကြာသတည်း။
ရှောလမုန်မင်းသည် ဗိမာန်တော်နှင့်နန်းတော် ကိုတည်ဆောက်ရာတွင် အနှစ်နှစ်ဆယ်တိုင်တိုင် ကြာလေသည်။-
ထိုတည်ဆောက်မှုကိုခေါင်းဆောင်သူများ၏အမည်များကိုလည်း အရှင့်ထံအကြောင်းကြားနိုင်ရန်အကျွန်ုပ်တို့တောင်းယူကြပါသည်။-
ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ဆုံးမသွန်သင်ခက်မားကိုဘုရင်တို့ရှေ့တွင် ဖော်ပြကြေညာပါမည်။ ကွန်တော်မျိုးသည်အရှက်တကွဲဖြစ်ရလိမ့်မည် မဟုတ်ပါ။
ကောင်းကင်ဘုံရှင်ဘုရားသခင်၏ကျေးဇူး တော်ကို ချီးမွမ်းကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
သို့ဖြစ်၍နေဗုခဒ်နေဇာမင်းသည် ပြင်းစွာ အလျှံထလျက်နေသောမီးဖိုကြီးအဝ သို့ချဉ်းကပ်ပြီးလျှင်``အမြင့်မြတ်ဆုံးသော ဘုရားသခင်၏အစေခံရှာဒရက်၊ မေရှက် နှင့်အဗေဒနေဂေါတို့၊ မီးဖိုထဲမှထွက်လာ ကြလော့'' ဟုမိန့်တော်မူ၏။ ထိုအခါသူတို့ သည်ချက်ချင်းပင်ထွက်လာကြ၏။-
ယောနက``ငါသည်ဟေဗြဲအမျိုးသားဖြစ်၏။ ကုန်းမြေနှင့်ပင်လယ်ကိုဖန်ဆင်းတော်မူသောကောင်းကင်ဘုံရှင်ထာဝရဘုရားကိုကိုးကွယ်သူဖြစ်သည်'' ဟုဖြေကြား၏။-
``သို့ဖြစ်၍ငါ့ကိုအရှင်သခင်အဖြစ်လူတို့ ရှေ့တွင်ထုတ်ဖော်ဝန်ခံသူကိုငါ၏တပည့်အဖြစ် ဖြင့် ကောင်းကင်ဘုံရှင်ငါ့အဖ၏ရှေ့တော်တွင်ငါ ထုတ်ဖော်ဝန်ခံမည်။-
``သင်တို့အားငါဆိုသည်ကားငါ့တပည့်အဖြစ် လူတို့ရှေ့တွင်ဝန်ခံသောသူကို လူသားသည်လည်း ဘုရားသခင်၏ကောင်းကင်တမန်များတို့၏ရှေ့ တွင် မိမိတပည့်အဖြစ်ဝန်ခံတော်မူလိမ့်မည်။-
ငါ၏အရှင်၊ ငါကိုးကွယ်သောဘုရားသခင် ၏ကောင်းကင်တမန်သည်လွန်ခဲ့သောညက ငါ့ထံသို့လာလျက်၊-
ငါသည်သတင်းကောင်းကိုလုံးဝယုံကြည် စိတ်ချ၏။ ထိုသတင်းကောင်းသည်ဦးစွာယုဒ လူမျိုး၊ ထို့နောက်လူမျိုးခြားတို့တွင်ယုံကြည် သူအပေါင်းတို့အားကယ်တင်သောဘုရား သခင်၏တန်ခိုးတော်ဖြစ်၏။-
လူတစ်စုံတစ်ယောက်၏စေစားမှုကိုခံသော သူသည် စေစားသူ၏ကျွန်ဖြစ်ကြောင်းသင်တို့ ကောင်းစွာသိကြ၏။ အကယ်၍သင်တို့သည် အပြစ်တရား၏စေစားမှုကိုခံကြပါမူ သင် တို့ခံစားရမည့်အကျိုးဆက်ကားသေခြင်း ပင်ဖြစ်၏။ အကယ်၍သင်တို့သည်ဘုရားသခင် ၏စကားကိုနာခံကြမည်ဆိုပါကကိုယ်တော် နှင့်မှန်ကန်စွာဆက်သွယ်မှုကိုရရှိကြလိမ့်မည်။-
ငါမူကားငါတို့သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော်မှတစ်ပါး အခြား အဘယ်အရာအတွက်မျှဂုဏ်ယူဝါကြွား လိမ့်မည်မဟုတ်။ ကိုယ်တော်၏လက်ဝါးကပ် တိုင်တော်ကြောင့် ဤလောကနှင့်သက်ဆိုင်သည့် အရာရှိသမျှသည် ငါနှင့်လည်းကောင်း၊ ငါ သည်လည်းဤလောကနှင့်သက်ဆိုင်သည့် အရာရှိသမျှနှင့်လည်းကောင်း အဆက် ပြတ်လျက်ရှိ၏။-
အကယ်၍သင်တို့သည်ထာဝရဘုရားကို မကိုးကွယ်လျှင် မက်ဆိုပိုတေးမီးယားပြည် ၌သင်တို့၏ဘိုးဘေးများကိုးကွယ်သော ဘုရားများမှဖြစ်စေ၊ သင်တို့ယခုနေထိုင် ရာအာမောရိအမျိုးသားတို့ကိုးကွယ်သော ဘုရားများမှဖြစ်စေ၊ ကိုးကွယ်ရန်ဘုရား ကိုယနေ့ရွေးချယ်ကြလော့။ ငါနှင့်ငါ၏ မိသားစုတို့မူကားထာဝရဘုရားကို သာကိုးကွယ်မည်'' ဟုပြောကြားလေ၏။