ခမည်းတော်ကွယ်လွန်ပြီးနောက် မိမိ၏အတိုင် ပင်ခံအမတ်များမှာ အာဟပ်၏အိမ်ထောင်စု သားများဖြစ်သည့်အလျောက် အာခဇိသည် ထာဝရဘုရားကိုပြစ်မှားကာဆုံးရှုံးပျက် စီးရလေ၏။-
ဧဇရ 4:5 - Common Language Bible ဧကရာဇ်မင်းကုရုလက်ထက်မှဧကရာဇ်မင်းဒါရိလက်ထက်တိုင်အောင် သူတို့သည်ဤအတိုင်းနှောင့်ယှက်ကြလေသည်။ Judson Bible ယုဒအမျိုးသားတို့၏ အကြံကို ဖျက်ဆီးခြင်းငှာ၊ ပေရသိရှင်ဘုရင် ကုရုလက်ထက် ကာလပတ်လုံးမှသည်၊ ပေရသိရှင်ဘုရင် ဒါရိလက်ထက်တိုင်အောင်၊ ရှေ့နေတို့ကို ငှား၍ထားကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ပါးရှားဘုရင်ကုရုမင်းကြီးစိုးစံသောအချိန်မှစ၍ ပါးရှားဘုရင်ဒါရိမင်းကြီးစိုးစံသည့်အချိန်အထိ အကြံပေးအရာရှိတို့ကို ငှားရမ်း၍ ယုဒလူမျိုးတို့၏အစီအစဉ်ပျက်အောင် ဖျက်ဆီးကြ၏။ |
ခမည်းတော်ကွယ်လွန်ပြီးနောက် မိမိ၏အတိုင် ပင်ခံအမတ်များမှာ အာဟပ်၏အိမ်ထောင်စု သားများဖြစ်သည့်အလျောက် အာခဇိသည် ထာဝရဘုရားကိုပြစ်မှားကာဆုံးရှုံးပျက် စီးရလေ၏။-
ဗိမာန်တော်တည်ဆောက်မှုသည်ပေရသိဧကရာဇ်ဒါရိ နန်းစံဒုတိယနှစ်တိုင်အောင်ရပ်စဲခဲ့လေသည်။
ထိုအခါထိုပြည်တွင်နေထိုင်လာခဲ့ကြသူများသည် တည်ဆောက်သောယုဒအမျိုးသားတို့ကို စိတ်ပျက်အားလျော့၍အထမမြောက်စေရန် အစိုးရအရာရှိတို့အားတံစိုးလက်ဆောင်ပေးကြ၏။-
ပေရသိဧကရာဇ်ဘုရင်ဇေရဇ်နန်းတက်စ၌ ယုဒပြည်နှင့်ယေရုရှလင်မြို့တွင်နေထိုင်ကြသူတို့၏ရန်သူများသည် သူတို့အပေါ်၌စွပ်စွဲချက်တင်သွင်းကြ၏။
သို့ရာတွင်ဘုရားသခင်သည်ယုဒခေါင်းဆောင်များအားစောင့်ထိန်းကြည့်ရှုလျက်နေတော်မူသဖြင့် ပေရသိအရာရှိတို့သည်ဒါရိမင်းထံသို့စာရေးအကြောင်းကြားရန်နှင့် ထိုမင်းထံမှအမိန့်တစ်စုံတစ်ရာပြန်လည်မရမချင်းမည်သို့မျှအရေးယူဆောင်ရွက်ခြင်းမပြုရန်ဆုံးဖြတ်ကြ၏။-
ပါရှနိုင်ငံစောင့်ကောင်းကင်တမန်သည် ငါ့ အားနှစ်ဆယ့်တစ်ရက်တိုင်တိုင်ဆီးတား လျက်နေခဲ့၏။ ထိုနောက်ကောင်းကင်တမန် မှူးတစ်ဦးဖြစ်သူမိက္ခေလသည် ပါရှနိုင်ငံ တွင်ငါတစ်ဦးတည်းကျန်ရှိလျက်နေ သဖြင့်ငါ့အားလာရောက်ကူညီပေ သည်။-
အို နိနေဝေမြို့၊ စီမံကိန်းအမျိုးမျိုးဖြင့်ထာဝရ ဘုရားအား မကောင်းကြံစည်သူလူတစ်ယောက် သည်သင့်အထဲကထွက်ပေါ်လာလေပြီ။-