Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​ဇ​ရ 5:5 - Common Language Bible

5 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ယု​ဒ​ခေါင်း​ဆောင်​များ​အား​စောင့်​ထိန်း​ကြည့်​ရှု​လျက်​နေ​တော်​မူ​သ​ဖြင့် ပေ​ရ​သိ​အ​ရာ​ရှိ​တို့​သည်​ဒါ​ရိ​မင်း​ထံ​သို့​စာ​ရေး​အ​ကြောင်း​ကြား​ရန်​နှင့် ထို​မင်း​ထံ​မှ​အ​မိန့်​တစ်​စုံ​တစ်​ရာ​ပြန်​လည်​မ​ရ​မ​ချင်း​မည်​သို့​မျှ​အ​ရေး​ယူ​ဆောင်​ရွက်​ခြင်း​မ​ပြု​ရန်​ဆုံး​ဖြတ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ယု ဒ အ ကြီး အ ကဲ တို့ အ ပေါ် တွင်၊ သူ တို့ ဘု ရား သ ခင် မျက် မှောက် ပြု တော် မူ သည့် အ တွက်၊ ဒါ ရိ မင်း ထံ တင် သွင်း ချက် အ ရ၊ အ မိန့် တော် မ ပြန် မ ချင်း မ ကန့် ကွက် ကြ ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ဒါ​ရိ​မင်း အ​မိန့်​တော်​မ​ရောက်​မီ အ​လုပ်​အ​ကိုင် မ​ပြတ်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် ယု​ဒ​အ​မျိုး​သား အ​သက်​ကြီး​သူ​တို့​ကို ထောက်​ရှု​တော်​မူ၏။ သို့​ဖြစ်၍ အ​ထံ​တော်​သို့​လျှောက်​စာ​ကို ပေး​လိုက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ဘုရားသခင်​သည် ဂျူး​သက်ကြီးဝါကြီး​တို့​ကို ကြည့်ရှု​စောင်မ​တော်မူ​သဖြင့် ဒါရိ​မင်းကြီး​ထံ​အစီရင်ခံစာ​တင်သွင်း​ပြီး ပြန်စာ​မ​ရ​မ​ချင်း အိမ်​တော်​တည်ဆောက်​ခြင်း​အမှု​ကို ဆက်လက်​လုပ်ဆောင်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​ဇ​ရ 5:5
12 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​သစ္စာ​စောင့် သူ​တို့​အား​တန်​ခိုး​စွမ်း​ရည်​ကို​ပေး​တော်​မူ​ရန် ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို​သေ​ချာ​စွာ​ကြည့်​လျက် နေ​တော်​မူ​၏။ ဘု​ရင်​မင်း​သည်​မိုက်​မဲ​စွာ​ပြု ခဲ့​သည်​ဖြစ်​၍ ယ​ခု​မှ​စ​၍​အ​စဉ်​စစ်​ဖြစ် လျက်​နေ​ရ​လိမ့်​မည်'' ဟု​ဆင့်​ဆို​၏။-


ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့်​ငါ​သည် မင်း​ကြီး​နှင့်​တ​ကွ သူ​၏​အ​တိုင်​ပင်​ခံ​အ​မတ် များ၊ တန်​ခိုး​ကြီး​သည့်​အ​ရာ​ရှိ​များ​၏​ရှေ့ တွင်​မျက်​နှာ​သာ​ရ​စေ​တော်​မူ​သည်။ ဘု​ရား​သ​ခင်​သည်​ငါ့​အား​ရဲ​စွမ်း​သတ္တိ​ကို​ပေး​တော် မူ​၍ ငါ​သည်​ဣ​သ​ရေ​လ​သား​ချင်း​စု​ခေါင်း ဆောင်​အ​မြောက်​အ​မြား​ကို ငါ​နှင့်​အ​တူ လိုက်​ကြ​ရန်​စု​ရုံး​နိုင်​လေ​ပြီ'' ဟု​ဆို​၏။


ဧ​ဇ​ရ​သည်​မော​ရှေ​အား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​အပ်​တော်​မူ​သည့်​ပ​ညတ်​ကျမ်း​ကို​ကြေ ညက်​စွာ​တတ်​မြောက်​သူ​ပ​ညာ​ရှိ​ကြီး​ဖြစ် ၏။ ဧ​ဇ​ရ​သည်​ဘု​ရား​သ​ခင်​၏​ကောင်း​ချီး မင်္ဂ​လာ​ကို​ခံ​စား​ရ​သူ​ဖြစ်​သ​ဖြင့် မင်း ကြီး​သည်​သူ​တောင်း​သ​မျှ​သော​အ​ရာ တို့​ကို​ပေး​သ​နား​တော်​မူ​လေ​သည်။-


ငါ​တို့​၏​ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​အား ယုံ​ကြည်​ကိုး​စား​ကြ​သူ​အ​ပေါင်း​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​၍ ကိုယ်​တော်​အား ကျော​ခိုင်း​ကြ​သူ​တို့​ကို​မူ​နှစ်​သက်​တော် မ​မူ​ဘဲ အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​တတ်​ကြောင်း မင်း​ကြီး​အား​လျှောက်​ထား​ခဲ့​၏။ သို့​ဖြစ်​၍ ငါ​သည်​ခ​ရီး​လမ်း​တွင် ရန်​သူ​များ​၏​ဘေး မှ​ကာ​ကွယ်​စောင့်​ရှောက်​ရန်​အ​တွက် သူ​၏ ထံ​မှ​မြင်း​တပ်​အ​ကူ​အ​ညီ​ကို​တောင်း​ခံ ရ​မည်​မှာ​ရှက်​စ​ရာ​ပင်​ဖြစ်​ပေ​သည်။-


ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​သင်​လိုက်​လျှောက်​သင့်​သည့်​လမ်း​ကို ပြ​ညွှန်​မည်။ သင့်​အား​အ​ကြံ​ဉာဏ်​ပေး​၍​ကြည့်​ရှု​ပြု​စု​မည်။


ဘု​ရား​သ​ခင်​သည်​မိ​မိ​အား​ကြောက်​ရွံ့ ရို​သေ​သော၊ ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ကိုး​စား​သော​သူ များ​အား ကြည့်​ရှု​စောင့်​ထိန်း​တော်​မူ​၏။


ဘု​ရား​သ​ခင်​သည်​သူ​တော်​ကောင်း​တို့​အား ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ​၍ သူ​တို့​၏​အော်​ဟစ်​သံ​များ​ကို​နား​ညောင်း​တော် မူ​၏။


လူ​တို့​၏​ဒေါ​သ​သည်​ကိုယ်​တော်​ရှင်​အား​ပို​၍ ထော​မ​နာ​ပြု​ခြင်း​အ​ကျိုး​ကို​ဖြစ်​ပေါ်​စေ​ပါ လိမ့်​မည်။ စစ်​ပွဲ​တွင်​မ​သေ​ဘဲ​အ​သက်​ရှင်​ကျန်​ရစ်​သူ​တို့​သည် ကိုယ်​တော်​၏​ပွဲ​တော်​များ​ကို​စောင့်​ထိန်း ကြ​ပါ​လိမ့်​မည်။


သင်​တို့​သည်​ရန်​သူ​များ​ကို​မ​ကြောက်​ကြ​နှင့်။ အ​ခါ​ခပ်​သိမ်း​ရဲ​ရင့်​ကြ​လော့။ ဤ​သည်​ပင်​လျှင် ရန်​သူ​တို့​ရှုံး​နိမ့်​မည်​ဖြစ်​ကြောင်း​နှင့်​သင်​တို့ အောင်​မြင်​မည်​ဖြစ်​ကြောင်း​ကို​ရန်​သူ​များ​အား သက်​သေ​ပြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​သော​အ​ရှင် ကား ဘု​ရား​သ​ခင်​ပင်​ဖြစ်​တော်​မူ​သော​ကြောင့် တည်း။-


အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သူ​တို့​အား၊ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ​၍ သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​များ​ကို၊ နား​ညောင်း​တော်​မူ​သော​ကြောင့်​တည်း။ သို့​ရာ​တွင်​ဒု​စ​ရိုက်​ပြု​သူ​တို့​ထံ​မှ မျက်​နှာ​လွှဲ​တော်​မူ​၏။''


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ