ဝမ်းမြောက်စွာကြွေးကြော်သံနှင့်ငိုကြွေးသံကို အဘယ်သူမျှခွဲခြား၍မရကြ။ လူတို့သည် ကျယ်စွာအော်ဟစ်ကြသောကြောင့် အဝေးကပင် ကြားရလေသည်။
ဧဇရ 3:12 - Common Language Bible ဗိမာန်တော်ဟောင်းကိုမြင်ဖူးသောအသက်ကြီး သူယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များ နှင့်သားချင်းစုဦးစီးအမြောက်အမြားတို့သည် ဤဗိမာန်တော်အုတ်မြစ်ချသည်ကိုမြင်သော် အော် ဟစ်ငိုကြွေးကြကုန်၏။ သို့ရာတွင်အခြားသူတို့ ကမူဝမ်းမြောက်စွာကြွေးကြော်ကြလေသည်။- Garrad Bible ဗိ မာန် တော် သစ် တိုက် မြစ် ချ သည် ကို မြင် သော်၊ ဗိ မာန် တော် ဟောင်း ကို မြင် ဖူး သော အို မင်း သူ ပ ရော ဟိတ်၊ လေ ဝိ ဂိုဏ်း သား၊ အိမ် ထောင် အ အုပ် အ ချုပ် အ များ တို့ သည်၊ အော် ဟစ် ငို ကြွေး ခြင်း၊ အ များ တို့ လည်း၊ ဟစ် အော် ရွှင် လန်း ခြင်း ပြု ကြ သ ဖြင့်၊ Judson Bible သို့ရာတွင် အသက်ကြီး၍ အရင်ဗိမာန်တော်ကို မြင်ဖူးသော ယဇ်ပုရောဟိတ်၊ လေဝိသား၊ အဆွေအမျိုး သူကြီးအများတို့သည်၊ နောက်ဗိမာန်တော် တိုက်မြစ်ကျလျက်ရှိသည်ကို မြင်သောအခါ၊ ကြီးစွာသောအသံနှင့် ငိုကြွေးကြ၏။ လူအများတို့သည်လည်း ဝမ်းမြောက်သောစိတ်နှင့် ကြွေးကြော်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ယခင်အိမ်တော်ကို မြင်ဖူးခဲ့သောသက်ကြီးပိုင်း ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများနှင့် အိမ်ထောင်စုအကြီးအမှူးများစွာတို့သည် ယခုအိမ်တော်အုတ်မြစ်ချသည်ကို မြင်ရသောအခါ အော်ဟစ်ငိုကြွေးကြလေ၏။ လူအများစုမှာမူ ဝမ်းမြောက်ဝမ်းသာစိတ်ဖြင့် ကြွေးကြော်ကြလေ၏။ |
ဝမ်းမြောက်စွာကြွေးကြော်သံနှင့်ငိုကြွေးသံကို အဘယ်သူမျှခွဲခြား၍မရကြ။ လူတို့သည် ကျယ်စွာအော်ဟစ်ကြသောကြောင့် အဝေးကပင် ကြားရလေသည်။
မျက်ရည်ကျလျက်မျိုးစေ့များကို ယူဆောင်သွားကြသူတို့သည် သီးနှံများကိုသယ်ဆောင်ကာဝမ်းမြောက်စွာ သီချင်းဆို၍ပြန်လာကြလိမ့်မည်။
ထာဝရဘုရားအားထောမနာပြုကြလော့။ ငါတို့၏ဘုရားအားထောမနာ သီချင်းဆိုခြင်းသည်မွန်မြတ်ပါပေသည်။ ကိုယ်တော်ကိုထောမနာပြုရခြင်းသည် မှန်ကန်လျောက်ပတ်ဖွယ်ကောင်းပါပေသည်။
ထာဝရဘုရားက ``ဣသရေလအမျိုးသားတို့၊သင်တို့၏အမျိုးသည် သေးငယ်၍ ချည့်နဲ့သော်လည်း၊ မကြောက်ကြနှင့်၊သင်တို့ကိုငါကူမတော်မူ မည်။ သင်တို့ကိုကယ်တင်တော်မူသောအရှင်ကား၊ ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသောဘုရားသခင် ငါပင်ဖြစ်ပေသည်။
သင်၏အနည်းဆုံးအညံ့ဆုံးသောသူပင်လျှင်၊ ထောင်ချီလျက်များပြားလာပြီး တန်ခိုးကြီးမားသည့်လူမျိုးသဖွယ်ကြီးမြတ်၍ လာလိမ့်မည်။ အချိန်ကျလျှင်ငါသည်ဤအတိုင်းလျင်မြန်စွာ ဖြစ်ပျက်စေတော်မူမည်။ ငါသည်ထာဝရဘုရားဖြစ်တော်မူပါသည် တကား။''
ထာဝရဘုရားက``ထိုအချိန်ကာလကျ ရောက်လာသောအခါ ဣသရေလနှင့်ယုဒ ပြည်သားတို့သည်ငိုယိုကာ မိမိတို့ဘုရားသခင်တည်းဟူသောငါ့အားလိုက်လံရှာဖွေ ကြလိမ့်မည်။-
``ယခင်အခါကဗိမာန်တော်သည်အဘယ်မျှ တင့်တယ်လှပတော်မူခဲ့ကြောင်းကို မှတ်မိသူ တစ်စုံတစ်ယောက်သင်တို့တွင်ရှိပါသလော။ ယခုအခါဤဗိမာန်တော်ကိုသင်တို့အဘယ် သို့တွေ့မြင်ကြရပါသနည်း၊ ယင်းသည် ဘာမျှမဟုတ်သကဲ့သို့ဖြစ်၍နေပေမည်။-''
သူသည်ဗိမာန်တော်ဆောက်လုပ်ရာတွင် တိုး တက်မှုနှေးကွေးသည့်အတွက်စိတ်ပျက်ကြ သော်လည်း ဗိမာန်တော်ကိုဇေရုဗဗေလသည် ချိန်ကြိုးကိုင်လျက် ဆက်လက်တည်ဆောက်လျက် နေကြောင်းကိုတွေ့မြင်ရသောအခါ၌မူ ဝမ်းမြောက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ကောင်းကင်တမန်ကငါ့အား``မီးခွက်ခုနစ် ခုသည်ကမ္ဘာမြေကြီးတစ်ခုလုံးကိုတွေ့ မြင်နိုင်သော ထာဝရဘုရား၏မျက်စိ ခုနစ်လုံးဖြစ်၏'' ဟုပြော၏။