မဟာနိမ်မြို့သို့ဒါဝိဒ်ရောက်ရှိလာသော အခါအမ္မုန်ပြည်၊ ရဗ္ဗာမြို့သားနာဟတ်၏ သားရှောဘိ၊ လောဒေဗာမြို့သားအမျေလ ၏သားမာခိရနှင့်ဂိလဒ်ပြည်ရောဂေလိမ် မြို့သားဗာဇိလဲတို့သည်သူ၏ထံလာ ရောက်တွေ့ဆုံကြ၏။-
ဧဇရ 2:61 - Common Language Bible အောက်ပါယဇ်ပုရောဟိတ်သားချင်းစုများသည် မိမိတို့ဘိုးဘေးများကားမည်သူမည်ဝါဖြစ်သည်ကို သက်သေခံအထောက်အထားပြရန်မှတ်တမ်းတစ်စုံတစ်ရာရှာ၍မတွေ့နိုင်ကြ။ ဟဗာယသားချင်းစု၊ ဟက္ကုတ်သားချင်းစုနှင့်ဗာဇိလဲသားချင်းစု။ (ဗာဇိလဲယဇ်ပုရောဟိတ်သားချင်းစု၏ ဘိုးဘေးဖြစ်သူသည်ဂိလဒ်ပြည်သားဗာဇိလဲသားချင်းစုမှ အမျိုးသမီးတစ်ဦးနှင့်စုံဖက်ပြီးနောက် မိမိယောက္ခမ၏နာမည်ကိုခံယူခဲ့၏။) ထိုသူတို့သည်မိမိတို့ဘိုးဘေးများမှာမည်သူမည်ဝါဖြစ်သည်ကို သက်သေခံအထောက်အထားမပြနိုင်ကြသဖြင့် ယဇ်ပုရောဟိတ်များအဖြစ်အသိအမှတ်ပြုခြင်းကိုမခံကြရ။- Garrad Bible ပ ရော ဟိတ် မျိုး ဟာ ဗာ ယ အ ဆက်၊ ဟ က္ကုတ် အ ဆက်၊ ဂိ လဒ် ပြည် သား ဗာ ဇိ လဲ အ မျိုး သ မီး ကို သိမ်း ပိုက်၍။ အ မျိုး ၏ အ မည် ကို ခံ သူ ဗာ ဇိ လဲ အ ဆက် တို့ သည်၊ Judson Bible ယဇ်ပုရောဟိတ်အမျိုးထဲက ဟဗာယအမျိုးသား၊ ကောဇအမျိုးသား၊ ဂိလဒ်ပြည်သား ဗာဇိလဲသမီးတစ်ယောက်နှင့် စုံဖက်၍၊ ယောက္ခမအမည်ကိုရသော ဗာဇိလဲအမျိုးသားတို့သည်၊ မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်သားမြေးတို့တွင် ဟဗာယသားမြေး၊ ဟက္ကုတ်သားမြေးနှင့် ဂိလဒ်ပြည်သား ဗာဇိလဲသမီးကိုစုံဖက်၍ ထိုနာမည်ကိုဆက်ခံသူ ဗာဇိလဲသားမြေးတို့လည်း လိုက်ပါလာကြ၏။ |
မဟာနိမ်မြို့သို့ဒါဝိဒ်ရောက်ရှိလာသော အခါအမ္မုန်ပြည်၊ ရဗ္ဗာမြို့သားနာဟတ်၏ သားရှောဘိ၊ လောဒေဗာမြို့သားအမျေလ ၏သားမာခိရနှင့်ဂိလဒ်ပြည်ရောဂေလိမ် မြို့သားဗာဇိလဲတို့သည်သူ၏ထံလာ ရောက်တွေ့ဆုံကြ၏။-
``ဂိလဒ်ပြည်သားဗာဇိလဲ၏သားများကို မူ ကရုဏာထား၍ကြည့်ရှုစောင့်ရှောက်လော့။ အဘယ်ကြောင့်ဆိုသော်သင်၏အစ်ကိုအဗ ရှလုံ၏ဘေးမှငါထွက်ပြေးရစဉ်အခါက သူတို့သည်ငါ့အားကျေးဇူးပြုခဲ့ကြ သောကြောင့်ဖြစ်၏။
ဒေလာယ၊ တောဘိနှင့်နေကောဒသားချင်းစုအနွယ်ဝင်များမှာ ခြောက်ရာငါးဆယ့်နှစ်ယောက်ဖြစ်၏။ သို့ရာတွင်သူတို့သည်ဣသရေလအမျိုးမှ မိမိတို့ဆင်းသက်ပေါက်ပွားလာကြောင်းသက်သေခံအထောက်အထားမပြနိုင်ကြ။
မြို့ရိုးနောက်တစ်ပိုင်းကိုဟက္ကု၏မြေး၊ ဥရိယ၏သားမေရမုတ်တည်ဆောက်၍၊ နောက်ထပ်တစ်ပိုင်းကိုမေရှဇဗေလ၏မြေး၊ ဗေရခိ၏သားမေရှုလံတည်ဆောက်လေ သည်။ နောက်တစ်ပိုင်းကိုဗာနာ၏သားဇာဒုတ် တည်ဆောက်၏။