ဧဇရ 2:60 - Common Language Bible60 ဒေလာယ၊ တောဘိနှင့်နေကောဒသားချင်းစုအနွယ်ဝင်များမှာ ခြောက်ရာငါးဆယ့်နှစ်ယောက်ဖြစ်၏။ သို့ရာတွင်သူတို့သည်ဣသရေလအမျိုးမှ မိမိတို့ဆင်းသက်ပေါက်ပွားလာကြောင်းသက်သေခံအထောက်အထားမပြနိုင်ကြ။ အခန်းကိုကြည့်ပါ။Garrad Bible60 ဒေ လာ ယ၊ တော ဘိ ယ၊ နေ ကော ဒ တို့ အ ဆက်၊ ခြောက် ရာ့ ငါး ဆယ့် နှစ် ယောက် တို့ တည်း။ အခန်းကိုကြည့်ပါ။Judson Bible60 ဒေလာယအမျိုးသား၊ တောဘိအမျိုးသား၊ နေကောဒအမျိုးသားပေါင်း ခြောက်ရာငါးဆယ်နှစ်ယောက်တည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း60 ဒေလာယသားမြေး၊ တောဘိသားမြေး၊ နေကောဒသားမြေး စုစုပေါင်း ခြောက်ရာငါးဆယ့်နှစ်ယောက် ရှိ၏။ အခန်းကိုကြည့်ပါ။ |
အောက်ပါယဇ်ပုရောဟိတ်သားချင်းစုများသည် မိမိတို့ဘိုးဘေးများကားမည်သူမည်ဝါဖြစ်သည်ကို သက်သေခံအထောက်အထားပြရန်မှတ်တမ်းတစ်စုံတစ်ရာရှာ၍မတွေ့နိုင်ကြ။ ဟဗာယသားချင်းစု၊ ဟက္ကုတ်သားချင်းစုနှင့်ဗာဇိလဲသားချင်းစု။ (ဗာဇိလဲယဇ်ပုရောဟိတ်သားချင်းစု၏ ဘိုးဘေးဖြစ်သူသည်ဂိလဒ်ပြည်သားဗာဇိလဲသားချင်းစုမှ အမျိုးသမီးတစ်ဦးနှင့်စုံဖက်ပြီးနောက် မိမိယောက္ခမ၏နာမည်ကိုခံယူခဲ့၏။) ထိုသူတို့သည်မိမိတို့ဘိုးဘေးများမှာမည်သူမည်ဝါဖြစ်သည်ကို သက်သေခံအထောက်အထားမပြနိုင်ကြသဖြင့် ယဇ်ပုရောဟိတ်များအဖြစ်အသိအမှတ်ပြုခြင်းကိုမခံကြရ။-