လူတို့ကလည်း``အရှင်အမိန့်ရှိသည့်အတိုင်း အကျွန်ုပ်တို့ပြုပါမည်'' ဟုပြန်လည်ဟစ် အော်ပြောဆိုကြ၏။-
တစ် ပ ရိ သတ် လုံး အော် ဟစ် ဝန် ခံ ကြ သည် မှာ၊ ကိုယ် တော် မိန့် ဆို သည့် အ လျောက် ပြု သင့် လှ ပါ၏။
ပရိသတ်အပေါင်းတို့ကလည်း၊ ကိုယ်တော် မိန့်တော်မူသည်အတိုင်း အကျွန်ုပ်တို့သည် ပြုပါမည်။
လူထုတစ်ရပ်လုံးကလည်း ကျယ်လောင်သောအသံဖြင့် “မှန်ပါ၏။ အကျွန်ုပ်တို့သည် အရှင့်စကားအတိုင်း ပြုပါမည်။
သို့ဖြစ်၍သင်တို့အပြစ်ကို သင်တို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရားအား ဖော်ပြဝန်ခံပြီးလျှင် ကိုယ်တော်နှစ်သက်တော် မူသည့်အမှုကိုပြုကြလော့။ ငါတို့ပြည် တွင်သင်တို့နှင့်အတူ နေထိုင်ကြသူလူမျိုး ခြားတို့နှင့်လည်းကောင်း၊ သင်တို့၏လူမျိုး ခြားဇနီးများနှင့်လည်းကောင်းခွဲခွာ ကြလော့'' ဟုဆို၏။
သို့ရာတွင်သူတို့ကဆက်လက်၍``ဤလူအုပ် သည်အလွန်ကြီးမား၍ မိုးသည်လည်းသည်း ထန်စွာရွာလျက်ရှိပါ၏။ အကျွန်ုပ်တို့သည် လဟာပြင်တွင် ဤသို့ရပ်လျက်မနေနိုင် ကြပါ။ အကျွန်ုပ်တို့အမြောက်အမြားပင် ထိုအပြစ်ကိုကူးလွန်ခဲ့ကြသည်ဖြစ်၍ ဤအမှုကိစ္စကိုတစ်ရက်နှစ်ရက်နှင့်ဆောင် ရွက်၍ပြီးမည်မဟုတ်ပါ။-
ထိုကာလ၌ယုဒအမျိုးသားအမြောက် အမြားပင်အာဇုတ်၊ အမ္မုန်နှင့်မောဘ အမျိုးသမီးများနှင့်ထိမ်းမြားစုံဖက် ထားကြကြောင်းကိုလည်းငါတွေ့ရှိရ လေသည်။-
သူတို့သည်ကိုယ်တော်အားသစ္စာမစောင့်ကြ။ ကိုယ်တော်နှင့်ပြုထားသည့်ပဋိညာဉ်ကိုလည်း မစောင့်မထိန်း။
မိမိတို့ဘိုးဘေးများနည်းတူသစ္စာဖောက်၍ ပုန်ကန်ကြ၏။ သူတို့ကားလေးမှပစ်ထုတ်လိုက်သည့် လိမ်ကောက်နေသောမြားသဖွယ်စိတ်မချရ သူများဖြစ်၏။