အရှင်က`ထိုသူငယ်ကိုခေါ်ဆောင်ခဲ့ကြ၊ ငါ တွေ့မြင်လိုသည်' ဟုမိန့်ကြားပါသည်။-
အာမုတ် 9:4 - Common Language Bible ရန်သူများဖမ်းသွားခံရလျှင် လည်းသူတို့ ကိုသတ်ပစ်လိုက်ရန်ငါစေခိုင်းမည်။ ငါသည် သူတို့ကိုမကူညီဘဲ ဖျက်ဆီးပစ်ရန် သန္နိဋ္ဌာန်ချလိုက်ပြီ'' ဟုမိန့်တော်မူ၏။ Garrad Bible ရန် သူ တို့ ရှေ့ သုံ့ ဘမ်း သိမ်း သွား ခံ ကြ သော် လည်း၊ လုပ် ကြံ ရန် ဓား အား မိန့် မှာ ခြင်း များ ကို စီ ရင် လျက်၊ အ ကောင်း ကို မ ဟုတ်၊ အ ဆိုး ကို ပြု ရန် သာ၊ မျက် နှာ တော် ထား လိမ့် မည်။ Judson Bible ရန်သူတို့သည် သိမ်းသွားသော်လည်း၊ အခြားသောအရပ်၌ ငါသည် ဓားကိုမှာလိုက်၍ သတ်စေမည်။ ကျေးဇူးမပြု၊ အပြစ်ပြုခြင်းငှာသာ ငါကြည့်ရှုမည်။ မြန်မာ့စံမီသမ္မာကျမ်း ရန်သူတို့ရှိရာသို့ သုံ့ပန်းအဖြစ်ပါသွားလျှင် ထိုနေရာ၌ ငါ့အမိန့်ဖြင့် ဓားနှင့်အသတ်ခံရမည်။ ကောင်းစားစေရန်အတွက် မဟုတ်၊ ဒုက္ခရောက်စေရန်အတွက် သူတို့ကို ငါစောင့်ကြည့်မည်”ဟု မိန့်တော်မူ၏။ |
အရှင်က`ထိုသူငယ်ကိုခေါ်ဆောင်ခဲ့ကြ၊ ငါ တွေ့မြင်လိုသည်' ဟုမိန့်ကြားပါသည်။-
ထာဝရဘုရားသည်မိမိအားသစ္စာစောင့် သူတို့အားတန်ခိုးစွမ်းရည်ကိုပေးတော်မူရန် ကမ္ဘာတစ်ဝှမ်းလုံးကိုသေချာစွာကြည့်လျက် နေတော်မူ၏။ ဘုရင်မင်းသည်မိုက်မဲစွာပြု ခဲ့သည်ဖြစ်၍ ယခုမှစ၍အစဉ်စစ်ဖြစ် လျက်နေရလိမ့်မည်'' ဟုဆင့်ဆို၏။-
သူတော်ကောင်းတို့သည်ကိုယ်တော်အား ခေါ်ကြသောအခါ ကိုယ်တော်သည်ထူးတော်မူ၍ဆင်းရဲဒုက္ခ အပေါင်းမှ ကယ်ဆယ်တော်မူ၏။
နံနက်အရုဏ်မတက်မီအချိန်တွင် ထာဝရ ဘုရားသည်မီးတိုင်နှင့်မိုးတိမ်တိုင်တို့မှနေ ၍ အီဂျစ်စစ်တပ်ကိုကြည့်ရှုတော်မူပြီး လျှင်သူတို့ကိုဖရိုဖရဲဖြစ်စေတော်မူ၏။-
လူတို့သည်တိုက်ခိုက်လုယက်ရန်သဲကန္တာရရှိ ကုန်းမြင့်များကိုဖြတ်၍လာလေပြီ။ ဤပြည်တစ်ခုလုံးကိုဖျက်ဆီးချေမှုန်းပစ်ရန် ငါသည်စစ်ပွဲကိုဖြစ်ပွားစေလေပြီ။ အဘယ်သူမျှငြိမ်းချမ်းစွာမနေမထိုင် ရကြ။
ငါသည်ဤမြို့ကိုချမ်းသာမပေးဘဲဖျက် ဆီးပစ်ရန်သန္နိဋ္ဌာန်ချမှတ်ထားလေပြီ။ ယင်း ကိုဗာဗုလုန်မင်း၏လက်သို့ပေးအပ်လိုက် မည်ဖြစ်၍ သူသည်လည်းဤမြို့ကိုမီးရှို့ ဖျက်ဆီးပစ်လိမ့်မည်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။
သူတို့ကိုကြည့်ရှုစောင့်ရှောက်၍ဤပြည်သို့ ပြန်လည်ခေါ်ဆောင်လာမည်။ ငါသည်သူတို့ အားဖြို၍မပစ်ဘဲတည်ဆောက်၍ပေးမည်။ ဆွဲနုတ်၍မပစ်ဘဲစိုက်ပျိုး၍ပေးမည်။-
``သင်သည်သွား၍ယေရမိကိုခေါ်ယူကာ ကောင်းစွာကြည့်ရှုစောင့်ရှောက်လော့။ သူ့ကို မညှင်းဆဲနှင့်။ သူအလိုရှိသည်အတိုင်း ဆောင်ရွက်၍ပေးလော့'' ဟုမှာကြားတော် မူ၏။-
ကိုယ်တော်က``သင်သည်ဆူဒန်အမျိုးသား ဧဗဒမေလက်အား`ဣသရေလအမျိုးသား တို့၏ဘုရားသခင်၊ အနန္တတန်ခိုးရှင်ထာဝရ ဘုရားကငါသည်ယခင်ကဖော်ပြခဲ့သည့် အတိုင်းဤမြို့ကိုယိုယွင်းပျက်စီးစေမည်။ ယင်းကိုချမ်းသာကြွယ်ဝစေလိမ့်မည်မဟုတ်။ အချိန်ကျသောအခါဤအမှုအရာများ ဖြစ်ပျက်လာသည်ကိုတွေ့မြင်နိုင်ရန်သင် သည်ထိုမြို့တွင်ရှိနေပေလိမ့်မည်။-
``သို့ဖြစ်၍ဣသရေလအမျိုးသားတို့၏ ဘုရားသခင်အနန္တတန်ခိုးရှင်ငါထာဝရ ဘုရားသည် သင်တို့အပေါ်သို့ဘေးအန္တရာယ် ဆိုးကိုသက်ရောက်စေ၍ယုဒပြည်ကိုပျက် ပြုန်းစေမည်။-
သင်တို့အနက်သုံးပုံတစ်ပုံသောလူတို့ မြို့တွင်း၌အနာရောဂါဘေး၊ ငတ်မွတ်ခြင်း ဘေးတို့ဖြင့်သေကြလိမ့်မည်။ အခြားသုံး ပုံတစ်ပုံမှာမြို့ပြင်၌ဋ္ဌားဘေးသင့်၍သေ ကြလိမ့်မည်။ ကျန်သုံးပုံတစ်ပုံကိုမူလေ တွင်လွင့်စင်သွားစေလျက်ငါသည်ဋ္ဌားဖြင့် လိုက်လံတိုက်ခိုက်မည်။
တစ်စုကိုယေရုရှလင်မြို့ကိုဝိုင်းရံထား သည့်ကာလကုန်ဆုံးချိန်၌မြို့ထဲမှာမီးရှို့ လော့။ အခြားတစ်စုကိုယူ၍ မြို့ထဲ၌လှည့် လည်ကာဋ္ဌားဖြင့်အပိုင်းပိုင်းဖြတ်လော့။ ကျန်တစ်စုကိုလေထဲသို့လွှင့်လော့။ ငါ သည်ထိုအစုကိုလိုက်၍ဋ္ဌားဖြင့်တိုက် ခိုက်မည်။-
ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလ အမျိုးသားတို့နှင့်နေထိုင်သောလူမျိုးခြား သားဖြစ်စေ၊ သွေးပါသောအသားကိုစား လျှင် ထာဝရဘုရားသည်ထိုသူကိုမျက်နှာ လွှဲ၍ မိမိ၏လူမျိုးတော်မှထုတ်ပယ်တော် မူလိမ့်မည်။-
ငါသည်သင်တို့ကိုစစ်ဘေးစစ်ဒဏ်သင့်စေပြီး လျှင် သင်တို့အားအခြားနိုင်ငံများသို့ပြန့်နှံ့ နေထိုင်စေမည်။ သင်တို့၏ပြည်သည်လူသူ ကင်းမဲ့၍ သင်တို့၏မြို့များသည်လည်းပျက်စီး ယိုယွင်းလိမ့်မည်။-
ငါအရှင်ထာဝရဘုရားသည်အပြစ်များ လှသော ဤဣသရေလနိုင်ငံကိုသတိဖြင့် စောင့်ကြည့်နေပြီ။ ဤနိုင်ငံကိုမြေပေါ်မှ ကွယ်ပျောက်သွားအောင်ပယ်ဖျက်တော့မည်။ သို့သော်လည်းငါသည်ယာကုပ်အမျိုးအနွယ် အားလုံးကိုဖျက်ဆီးမည်မဟုတ်ဟုထာဝရ ဘုရားမိန့်တော်မူ၏။
ထိုအချိန်ကာလမတိုင်မီအခါကအဘယ် သူမျှလူများ၊ တိရစ္ဆာန်များကိုငှားရမ်းစေ ခိုင်းနိုင်စွမ်းမရှိ။ အဘယ်သူမျှလည်းမိမိ တို့ရန်သူများ၏ဘေးမှကင်းလွတ်လုံခြုံမှု မရှိ။ ငါသည်လူမျိုးတစ်ဦးနှင့်တစ်ဦးရန် ဘက်ဖြစ်စေခဲ့၏။-