သို့ရာတွင်ရဲရင့်စွာ ခိုလှုံရာအခွင့်ကို သူ့အားပေး၍၊ ထိုသို့သော သူတို့၏ အမှုများကို ပမာဏပြုတော် မူ၏။
အာမုတ် 8:7 - Common Language Bible ထာဝရဘုရားက``ငါသည်ဤသူတို့၏ ယုတ်မာမှုများကို ဘယ်သောခါမှမမေ့ နိုင်ဟုယာကုပ်၏ဘုန်းတန်ခိုးကိုတိုင်တည် ၍ကျိန်ဆိုတော်မူပြီ။- Garrad Bible ငါ သည်၊ ထို သူ တို့ အ ကျင့် အ ကြံ အ ပြု အ မူ များ ကို၊ လျစ် လျူ ရှု တော့ မည် မ ဟုတ် ဟု၊ ယာ ကုပ် အ မျိုး၏ မာ န ကို တိုင် တည် လျက်၊ ထာ ဝ ရ ဘု ရား သ စ္စာ ဆို တော် မူ လေ ပြီ။ Judson Bible ထာဝရဘုရားသည် ယာကုပ်၏ဘုန်းကိုတိုင်တည်၍ ကျိန်ဆိုတော်မူသည်ကား၊ အကယ်စင်စစ် သူတို့ကျင့်ကြံ ပြုမူသမျှတို့ကို ငါသည် အစဉ်မပြတ် မမေ့လျော့။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် ယာကုပ်၏မာနကြောင့် ဤသို့ ကျိန်ဆိုတော်မူပြီ။ “သူတို့ပြုသောအမှုတို့ကို ငါ ဘယ်တော့မှမမေ့။ |
သို့ရာတွင်ရဲရင့်စွာ ခိုလှုံရာအခွင့်ကို သူ့အားပေး၍၊ ထိုသို့သော သူတို့၏ အမှုများကို ပမာဏပြုတော် မူ၏။
သူယုတ်မာက``ဘုရားသခင်သည်ဤအမှုတွင် ဂရုစိုက်တော်မမူ။ ကိုယ်တော်သည်မျက်စိကိုမှိတ်၍ထားတော် မူပြီ။ ငါ့ကိုအဘယ်အခါမျှမြင်တော်မူလိမ့်မည် မဟုတ်'' ဟုတစ်ကိုယ်တည်းပြောဆိုတတ်၏။
ကိုယ်တော်သည်ငါတို့နေထိုင်ရာပြည်ကို ရွေးချယ်ပေးတော်မူ၏။ ထိုပြည်ကားကိုယ်တော်ချစ်မြတ်နိုးတော်မူ သော လူစုတော်ပိုင်ဆိုင်၍ဂုဏ်ယူဝါကြွားစရာဖြစ် ပေသည်။
ဘုရားသခင်သည်မိမိ၏ရာဇပလ္လင်တော်သို့ တက်ကြွတော်မူ၏။ ထာဝရဘုရားတက်ကြွတော်မူသောအခါ ရွှင်လန်းဝမ်းမြောက်စွာကြွေးကြော်သည့်အသံ များနှင့် တံပိုးခရာမှုတ်သံများကိုကြားရကြ၏။
ဘုရားသခင်၏တန်ခိုးတော်ကိုထုတ်ဖော် ကြေညာကြလော့။ ကိုယ်တော်၏ဂုဏ်ကျက်သရေတော်သည် ဣသရေလအမျိုးသားတို့အပေါ်တွင်လွှမ်းမိုး၍ ကိုယ်တော်၏ဘုန်းအာနုဘော်တော်သည် မိုးကောင်းကင်၌ထင်ရှားလျက်ရှိ၏။
ထိုနောက်မောရှေက``ထာဝရဘုရား၏အလံ တော်ကိုမြှောက်ထားလော့။ ထာဝရဘုရားသည် အာမလက်အမျိုးသားတို့အားထာဝစဉ် တိုက်ခိုက်တော်မူမည်'' ဟုဆိုလေ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားကိုယ်တော် တိုင်ပင်ငါ့အား``ထိုသူတို့သည်ဤမကောင်း မှုအတွက်မိမိအသက်ရှင်သမျှကာလ ပတ်လုံး အဘယ်အခါ၌မျှအပြစ်ဖြေလွှတ် ရကြလိမ့်မည်မဟုတ်။ ဤကားအနန္တတန်ခိုး ရှင်ငါထာဝရဘုရားမြွက်ဟသည့်စကား ပင်ဖြစ်၏'' ဟုမိန့်တော်မူပါ၏။
သို့သော်လည်းငါသည်မိမိ၏ဂုဏ်သိက္ခာကို ထောက်၍၊ သင်တို့အားအပြစ်ဖြေလွှတ်တော်မူသော အရှင် ဘုရားသခင်ဖြစ်ပေသည်။
ထာဝရဘုရားက``ယုဒပြည်သားတို့၊ သင် တို့၏အပြစ်ကိုသံကညစ်နှင့်ရေးမှတ်၍ ထား၏။ ထိုအပြစ်ကိုသင်၏စိတ်နှလုံးပုရ ပိုက်ပေါ်၌စိန်သွားတပ်သည့်ကညစ်ဖြင့်ရေး မှတ်၍ သင်တို့၏ယဇ်ပလ္လင်ထောင့်များ၌ထွင်း ထားလျက်ရှိ၏။-
ထာဝရဘုရားကိုသိရန်အဘယ်သူမျှ မိမိတို့မြို့သူမြို့သားအချင်းချင်းကို လည်းကောင်း၊ ပြည်သူအချင်းချင်းကိုလည်း ကောင်းသွန်သင်ပေးရန်လိုလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်အငယ်ဆုံးသူမှ အကြီးမြတ်ဆုံးသူအထိငါ့ကိုသိ ကြလိမ့်မည်။ ငါသည်သူတို့၏အပြစ်များ ကိုဖြေလွှတ်မည်။ သူတို့ပြုခဲ့သည့်ဒုစရိုက် များကိုလည်းအမှတ်ရတော့မည်မဟုတ်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
``ယုဒမြို့များနှင့်ယေရုရှလင်မြို့လမ်း များတွင် သင်တို့နှင့်သင်တို့ဘိုးဘေးများ၊ သင် တို့ဘုရင်များနှင့်ခေါင်းဆောင်များ၊ ပြည်သူ များပူဇော်ခဲ့ကြသည့်ယဇ်များနှင့်ပတ် သက်၍ထာဝရဘုရားသိတော်မမူဟူ၍ သော်လည်းကောင်း၊ မေ့လျော့တော်မူလေပြီ ဟူ၍သော်လည်းကောင်းသင်တို့ထင်မှတ် ကြပါသလော။-
ငါသည်သူတို့ပြုသောဒုစရိုက်များကို မှတ်သားထားကြောင်းသူတို့မရိပ်မိကြ။ သူတို့၏အပြစ်များသည်သူတို့ကိုဝိုင်း ရံလျက်ရှိသည်ဖြစ်၍ ငါ့ရှေ့မှောက်တွင် ထိုအပြစ်များသည်ပေါ်လွင်ထင်ရှား လျက်ရှိ၏'' ဟုမိန့်တော်မူ၏။
သူတို့သည်ငါ့အားယဇ်ပူဇော်၍ယဇ်ကောင် ၏အသားကိုစားကြ၏။ သို့ရာတွင်ငါ ထာဝရဘုရားသည်သူတို့၏အပြုအစု ကိုနှစ်သက်တော်မမူ၊ ယခုငါသည်သူတို့ ၏အပြစ်ကိုသတိရ၍အပြစ်အတွက် ဒဏ်စီရင်မည်။ သူတို့ကိုအီဂျစ်ပြည်သို့ ပြန်ပို့မည်။
သူတို့သည်ဂိဗာမြို့မှာကဲ့သို့အလွန် ဆိုးရွားသောအပြစ်ကိုကူးလွန်လျက် ရှိကြ၏။ ဘုရားသခင်သည်သူတို့၏ ဒုစရိုက်ကိုအောက်မေ့သတိရတော်မူ ၍အပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။
အထွတ်ဘုရင်အရှင်ထာဝရဘုရားသည် သန့်ရှင်းမြင့်မြတ်တော်မူသောကြောင့် ဤသို့ လျှင်ကတိသစ္စာပြုလေပြီ။ ထာဝရဘုရား က``သူတို့သည်သင်တို့ကိုငါးမျှားချိတ် ဖြင့်ဒရွတ်တိုက်ဆွဲသွားသောနေ့များရောက် လိမ့်မည်။ သင်တို့ရှိသမျှသည်ငါးမျှား ထိပ်၌ အချိတ်ခံနေရသောငါးကဲ့သို့ဖြစ် ကြလိမ့်မည်။-
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသခင်က``ဣသရေလ၏မာနကိုငါရွံရှာ ၏။ သူတို့စည်းစိမ်ခံရာအိမ်ကြီးများကို လည်းငါစက်ဆုတ်၏။ သူတို့မြို့တော်နှင့်မြို့ တွင်းရှိအရာအားလုံးကို ရန်သူ့လက်သို့ ငါပေးအပ်လိုက်မည်'' ဟုအရှင်ထာဝရ ဘုရားအလေးအနက်ကျိန်ဆိုသတိ ပေးတော်မူပြီ။