ကိုက်တစ်ရာခန့်အကွာသို့သွား၍ထိုင်၏။ သူ က``သူငယ်ရေငတ်၍သေသည်ကိုငါမမြင်လို'' ဟုဆို၏။ ထိုအခါသူမသည်ကျယ်လောင်စွာ ငိုလေ၏။
အာမုတ် 8:10 - Common Language Bible သင်တို့ပျော်ပွဲရွှင်ပွဲများကိုမသာပွဲအဖြစ် သို့ပြောင်းပစ်မည်။ သင်တို့တက်ကြွရွှင်မြူးသော တေးသံတို့ကိုငိုကြွေးသံများဖြစ်သွားစေ မည်။ သင်တို့သည်ဆံပင်များကိုရိတ်ပြီးလျှော် တေအဝတ်ကိုဝတ်ရလိမ့်မည်။ တစ်ဦးတည်း သောသားသေဆုံးသဖြင့်ရတက်ပွားရသည့် မိဘပမာဖြစ်ရကြမည်။ နေဝင်သည့်တိုင် ထိုနေ့တာသည်ဆိုးဝါးလှမည်။ Garrad Bible သင် တို့ ပူ ဇော် ပွဲ ကျင်း ပ ခြင်း၊ အ စား မြည် တမ်း ခြင်း၊ သီ ချင်း အ စား ငို ချင်း များ ကို ပေး လျက်၊ လူ အ ပေါင်း တို့၌ လျှော် တေ ဆည်း ခြင်း၊ ဦး ဆံ ပယ် ခြင်း များ ကို ပြု သည့် အ တိုင်း၊ ထို ကာ လ ကို၊ ဧ က ပု တ္တ သား အ တွက် လွမ်း ဆွတ် ရ သော နေ့ ရက်၊ အ ဆုံး ကို လည်း၊ နစ် နာ သော နေ့ ရက် ဖြစ် စေ မည်။ Judson Bible သင်တို့ပွဲခံခြင်းကို ညည်းတွားခြင်း ဖြစ်စေမည်။ သီချင်းဆိုခြင်းရှိသမျှကို ငိုကြွေးခြင်းဖြစ်စေမည်။ လူအပေါင်းတို့သည် လျှော်တေအဝတ်နှင့် ခါးကိုစည်းစေခြင်းငှာလည်းကောင်း၊ ဆံပင်ကို ရိတ်စေခြင်းငှာလည်းကောင်း ငါစီရင်မည်။ တစ်ယောက်တည်းသောသား သေသည်အတွက် မြည်တမ်းခြင်းကဲ့သို့လည်းကောင်း၊ အဆုံး၌ ခါးစွာသော နေ့ကဲ့သို့လည်းကောင်း ငါဖြစ်စေမည်။ မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် သင်တို့၏ပျော်ပွဲများကို ငိုပွဲများ ဖြစ်စေမည်။ သင်တို့၏သီချင်းများကို ငိုချင်း ဖြစ်စေမည်။ သင်တို့အားလုံးကို လျှော်တေဝတ်စေ၍ ခေါင်းတုံး ဖြစ်စေမည်။ တစ်ဦးတည်းသောသားအတွက် ငိုကြွေးမြည်တမ်းရသကဲ့သို့ ဖြစ်စေမည်။ နိဂုံးသည်လည်း ခါးသီးသောနေ့ရက် ဖြစ်လိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။ |
ကိုက်တစ်ရာခန့်အကွာသို့သွား၍ထိုင်၏။ သူ က``သူငယ်ရေငတ်၍သေသည်ကိုငါမမြင်လို'' ဟုဆို၏။ ထိုအခါသူမသည်ကျယ်လောင်စွာ ငိုလေ၏။
သို့သော်လည်း သူသည်ဝစွာစားရ၏။ ဘုရားသခင်သည် အမျက်တော်အရှိန်ကို လွှတ်၍သူစားစရာဘို့ အမျက်တော် မိုဃ်းကို ရွာစေတော်မူမည်။
မှောင်မိုက်၊ သေမင်းအရိပ်သည် ထိုနေ့ရက် အသရေကို ရှုတ်ချပါစေ။ မိုဃ်းတိမ်ထပ် လွှမ်းမိုးပါစေ။ မွန်းတည့်အရှိန်ဖြင့် ကြောက်မက်ဘွယ် ဖြစ်ပါစေ။
သူတို့သည်ရေမွှေးနံ့မရဘဲပုပ်စပ်နံစော် ၍နေလိမ့်မည်။ လှပသည့်ခါးပတ်များအစား ကြိုးကြမ်းများကိုအသုံးပြုရကြလိမ့်မည်။ ရှုချင်စဖွယ်ကောင်းသောဆံထုံးများအစား ဦးပြည်းခေါင်းတုံးထားရကြလိမ့်မည်။ တင့် တယ်လှပသောဝတ်စားတန်ဆာများအစား အဝတ်စုတ်များကိုဝတ်ဆင်ရကြလိမ့်မည်။ သူတို့၏နှစ်လိုဖွယ်ရာအဆင်းသည်လည်း ရှက်ဖွယ်ရာအဖြစ်သို့ပြောင်းလဲ၍သွား လိမ့်မည်။
သင်၏ဒုစရိုက်ကသင့်ကိုဒဏ်ခတ်လိမ့်မည်။ သင်၏ဖောက်ပြန်မှုကသင့်ကိုအပြစ်ဒဏ် ပေးပါလိမ့်မည်။ မိမိ၏ဘုရားသခင်ထာဝရဘုရားအားသင် စွန့်ပစ်မှု၊ ငါ့အားမကြောက်မရွံ့တော့ဘဲနေသောအမှုတို့သည် အဘယ်မျှဆိုးညစ်မိုက်မဲသည်ကိုသင်သိရှိ လာလိမ့်မည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရဘုရား မြွက်ဟသည်စကားပင်တည်း။
လူတိုင်းပင်ဆံမုတ်ဆိတ်ပယ်ကြလေပြီ။ သူ တို့သည်မိမိတို့၏လက်များကိုထိရှ၍ လျှော်တေကိုဝတ်ဆင်ထားကြ၏။-
ထာဝရဘုရားက မိမိလူမျိုးတော်အား``သင် တို့သည်လျှော်တေကိုဝတ်၍ပြာထဲ၌လူးလှိမ့် ကြလော့။ တစ်ဦးတည်းသောသားအတွက် ငိုကြွေး မြည်တမ်းသကဲ့သို့ဝမ်းနည်းပက်လက်ငိုကြွေး ကြလော့။ အဘယ်ကြောင့်ဆိုသော်သင်တို့အား သုတ်သင်ဖျက်ဆီးရန်လာသူသည် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မည်ဖြစ်သောကြောင့်တည်း။-
ဝမ်းမြောက်ရွှင်လန်းမှုသည်ကျွန်တော်မျိုးတို့ ၏ဘဝမှ ကွယ်ပျောက်သွားပါပြီ။ ကခုန်မှုများသည်ဝမ်းနည်းကြေကွဲမှုများသို့ ပြောင်းလဲသွားပါပြီ။
သူတို့သည်လျှော်တေအဝတ်ကိုဝတ်၍ တစ် ကိုယ်လုံးတုန်လှုပ်လျက်နေကြလိမ့်မည်။ ဦး ဆံပယ်၍ရှက်ကြောက်နေသောမျက်နှာများ တွေ့ရကြလိမ့်မည်။-
ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ ပြည်သူပြည်သားတို့အား ငါအရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကား``နိုင်ငံတစ်ခု လုံးပျက်သုဉ်းရာအချိန်ကျပြီ။
သူ၏နှစ်စဉ်ပွဲတော်နှင့်လစဉ်ပွဲတော်များ၊ ဥပုသ် နေ့ပွဲတော်များစသောဘာသာရေးအစည်း အဝေးရှိသမျှတို့ကိုငါရပ်စဲစေမည်။-
သူသည်ငါ့ကိုမေ့လျော့ပြီးလျှင်ဗာလ ဘုရားအားနံ့သာပေါင်းကိုမီးရှို့ပူဇော် လျက် ရွှေငွေတန်ဆာများကိုဝတ်ဆင်၍ ချစ်သူများနောက်သို့လိုက်သည့်အခါများ အတွက်သူ့အားငါဒဏ်ခတ်မည်။ ဤကား ထာဝရဘုရားမိန့်တော်မူသောစကားဖြစ်၏။
အချင်းလူတို့သင်တို့သည်ကြင်ယာလောင်းသေသဖြင့်၊ ငိုကြွေးမြည်တမ်းသည့်အမျိုးသမီးကလေးကဲ့သို့ငိုကြွေးမြည်တမ်းကြလော့။
အမျိုးသားသို့မဟုတ် အမျိုးသမီးတစ် ယောက်၏ဦးခေါင်းအနောက်ပိုင်းမှဖြစ်စေ၊ အရှေ့ပိုင်းမှဖြစ်စေဆံပင်များကျွတ်လျှင် မသန့်ရှင်းသူဟူ၍မသတ်မှတ်ရ။-
ထာဝရဘုရားက``သင်တို့၏ဘုရားပွဲ များကိုငါမုန်း၏။ ထိုပွဲများကိုမခံနိုင် လောက်အောင်ပင်ရွံရှာ၏။-
ဆူညံလှသောတေးသံများကိုရပ်စဲလော့။ သင်တို့စောင်းသံများကိုလည်းငါမကြား လို။-
ထိုနေ့၌နန်းတွင်းတေးသံတို့သည် ငိုကြွေး သံများအဖြစ်သို့ကူးပြောင်းသွားလိမ့်မည်။ နေရာအနှံ့အပြား၌အလောင်းကောင် များရှိနေပြီး ယင်းအလောင်းများကိုတိတ် တဆိတ်စွန့်ပစ်ကြလိမ့်မည်'' ဟုအရှင် ထာဝရဘုရားမိန့်တော်မူ၏။
``ငါသည်ဒါဝိဒ်၏သားစဉ်မြေးဆက်များ နှင့် အခြားယေရုရှလင်မြို့သူမြို့သား တို့အားကရုဏာထားတတ်သောသဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောသဘော နှင့်ပြည့်ဝစေမည်။ သူတို့သည်မိမိတို့ဋ္ဌား နှင့်ထိုး၍သတ်ခဲ့သူကိုကြည့်ပြီးလျှင် တစ် ဦးတည်းသောသား၏အတွက်ငိုကြွေးမြည် တမ်းဘိသကဲ့သို့ ထိုသူ၏အတွက်ငိုကြွေး မြည်တမ်းကြလိမ့်မည်။ သူတို့သည်သားဦး သေဆုံးရသူများကဲ့သို့ဝမ်းနည်းပက် လက်ငိုကြွေးမြည်တမ်းကြလိမ့်မည်။-
သင်တို့မြို့များတွင်နေထိုင်ကြသောသင်တို့ ၏သားသမီးများ၊ ကျေးကျွန်များ၊ လေဝိ အမျိုးသားများ၊ လူမျိုးခြားများ၊ မိဘမဲ့ ကလေးများ၊ မုဆိုးမများနှင့်အတူတကွ ထိုပွဲတော်ကိုကျင်းပလော့။-