ကျွန်တော်မျိုးတို့၏ကယ်တင်ရှင်ဘုရားသခင်၊ ကျွန်တော်မျိုးတို့အားပြန်လာစေတော်မူပါ။ ကျွန်တော်မျိုးတို့အားမနှစ်သက်မှုရှိတော် မမူပါနှင့်။
အာမုတ် 7:5 - Common Language Bible ငါကလည်း``အို အရှင်ထာဝရဘုရားဆိုင်း တော်မူပါ။ ဤဒဏ်ဆိုးကိုလူမျိုးတော်သည် မည်သို့ခံနိုင်ပါမည်နည်း။ သူတို့သည်နု ငယ်၍အားနွဲ့လှပါ၏'' ဟုလျှောက်ဆို သော်၊- Garrad Bible အို အ ရှင် ထာ ဝ ရ ဘု ရား၊ ရှိ ပါ စေ တော့။ သိမ် ငယ် သော ယာ ကုပ် အ မျိုး သည် မည် သို့ ထ ပြန် အံ့ နည်း ဟု တောင်း လျှောက် သည် ကို ထောက် ၍၊ Judson Bible ငါကလည်း၊ အို အရှင်ထာဝရဘုရား၊ ဆိုင်းတော်မူပါ။ ယာကုပ်သည် ငယ်သောကြောင့် အဘယ်သို့ ထရပါလိမ့်မည်နည်းဟု လျှောက်သော်၊ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ငါက “အို ဘုရားရှင်ထာဝရဘုရား၊ ထိုသို့ မပြုပါနှင့်။ ယာကုပ်သည် နုနယ်သေးသည်ဖြစ်၍ မည်သို့ခံနိုင်ပါမည်နည်း”ဟု လျှောက်ဆို၏။ |
ကျွန်တော်မျိုးတို့၏ကယ်တင်ရှင်ဘုရားသခင်၊ ကျွန်တော်မျိုးတို့အားပြန်လာစေတော်မူပါ။ ကျွန်တော်မျိုးတို့အားမနှစ်သက်မှုရှိတော် မမူပါနှင့်။
အကယ်၍အနန္တတန်ခိုးရှင်ထာဝရဘုရားသာလျှင် မြို့သူမြို့သားအချို့တို့အားအသက်မသေဘဲကျန်ရစ်စေတော်မမူပါလျှင်၊ ယေရုရှလင်မြို့သည် သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကဲ့သို့လုံးဝပျက်သုဉ်း၍သွားမည်သာဖြစ်၏။
သင်တို့အားအပြစ်ဒဏ်ခတ်ပြီးနောက် မကြာမီပင်ငါသည်သူတို့အားသုတ် သင်ပယ်ရှင်းမည်။-
ထိုနေရာတို့တွင်နေထိုင်ကြသူများသည် ထောမနာသီချင်းကိုသီဆိုကြလိမ့်မည်။ သူတို့သည်ဝမ်းမြောက်စွာကြွေးကြော်ကြ လိမ့်မည်။ ငါသည်သူတို့အားလူဦးရေတိုးပွားစေ၍ ဂုဏ်အသရေရှိစေမည်။
ယင်းသို့ထိုသူတို့သတ်ဖြတ်နေကြချိန် ၌ငါသည်တစ်ယောက်တည်းကျန်ခဲ့၏။ ငါ သည်မြေပေါ်သို့လှဲချပျပ်ဝပ်ကာ``အရှင် ထာဝရဘုရား၊ ကိုယ်တော်သည်ဣသရေလ ပြည်တွင်ကျန်ရှိသမျှသောလူတို့ကိုသတ် ဖြတ်စေသည့်တိုင်အောင် ယေရုရှလင်မြို့ကို အမျက်ထွက်တော်မူပါသလော'' ဟုဟစ် အော်လျှောက်ထား၏။
ယဇ်ပလ္လင်နှင့်ဗိမာန်တော်အဝင်ဝစပ်ကြား၌ ထာဝရဘုရား၏ အမှုတော်ကိုထမ်းဆောင်ရသူ ယဇ်ပုရောဟိတ်များသည်ငိုကြွေးလျက်၊ ``အို ထာဝရဘုရား ကိုယ်တော်ရှင်၏လူမျိုးတော်ကိုသနားတော်မူပါ။ `သူတို့၏ဘုရားသခင်သည်အဘယ်မှာနည်း' ဟုဆိုကာလူမျိုးခြားများသည် ကျွန်တော်မျိုးတို့အားကဲ့ရဲ့ပြောင်လှောင် စေတော်မမူပါနှင့်'' ဟု ဆုတောင်းပတ္ထနာပြုကြရပေမည်။
သူသည်ဗိမာန်တော်ဆောက်လုပ်ရာတွင် တိုး တက်မှုနှေးကွေးသည့်အတွက်စိတ်ပျက်ကြ သော်လည်း ဗိမာန်တော်ကိုဇေရုဗဗေလသည် ချိန်ကြိုးကိုင်လျက် ဆက်လက်တည်ဆောက်လျက် နေကြောင်းကိုတွေ့မြင်ရသောအခါ၌မူ ဝမ်းမြောက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ကောင်းကင်တမန်ကငါ့အား``မီးခွက်ခုနစ် ခုသည်ကမ္ဘာမြေကြီးတစ်ခုလုံးကိုတွေ့ မြင်နိုင်သော ထာဝရဘုရား၏မျက်စိ ခုနစ်လုံးဖြစ်၏'' ဟုပြော၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည်ဤသူ တို့အီဂျစ်ပြည်မှထွက်ခွာလာချိန်မှ ယနေ့ အထိသူတို့ကူးလွန်ခဲ့သောအပြစ်များ ကိုဖြေလွှတ်တော်မူခဲ့သည့်နည်းတူ ကိုယ်တော် ၏ကြီးမားသောမေတ္တာကရုဏာတော်နှင့် အညီ ယခုလည်းသူတို့ပြုမိသောအပြစ် များကိုဖြေလွှတ်တော်မူရန်အကျွန်ုပ် တောင်းလျှောက်ပါ၏'' ဟုဆုတောင်းလေ သည်။