`ယေရောဗောင်မင်းသည်တိုက်ပွဲ၌ကျဆုံး ပြီးဣသရေလပြည်သားတို့သည် မိမိတို့ ၏နိုင်ငံမှတစ်ပါးတစ်နိုင်ငံသို့ဖမ်းသွား ခံရမည်' ဟုဟောနေပါသည်'' ဟူ၍သံ တော်ဦးတင်လိုက်၏။
ယေ ရော ဗောင် မင်း သည်၊ ဓား ဖြင့် ကွယ် လွန် ခြင်း၊ ဣ သ ရေ လ အ မျိုး သည်၊ နေ ပြည် မှ သုံ့ ဘမ်း သိမ်း သွား ခြင်း ကို ခံ ရ ကြ လ တ္တံ့ ဟူ၍၊ အာ မုတ် တော် လှန် သည် ကို လျှောက် လိုက် သည့် ပြင်၊
ယေရောဗောင်သည် ဓားဖြင့် သေရလိမ့်မည်။ ဣသရေလအမျိုးသားတို့သည် နေရင်းပြည်မှ ဆက်ဆက်နှင်သွားခြင်းကို ခံရကြလိမ့်မည်ဟု၊ အာမုတ်ဆိုတတ်ပါသည်ဟု လျှောက်လေ၏။
အကြောင်းမူကား အာမုတ်က ‘ယေရောဗောင်မင်းကြီးသည် ဓားဖြင့်သေရလိမ့်မည်။ အစ္စရေးလူမျိုးတို့သည် နေရင်းပြည်မှ အမှန်ပင်ဖမ်းခေါ်သွားခြင်းခံရလိမ့်မည်’ဟူ၍ ဟောပြောပါသည်”ဟု လျှောက်ဆိုစေ၏။
ဟောရှေ၏နန်းစံကိုးနှစ်မြောက်၌အာရှုရိ ဧကရာဇ်ဘုရင်သည် ရှမာရိမြို့ကိုသိမ်းယူ၍ ဣသရေလအမျိုးသားတို့အားသုံ့ပန်းများ အဖြစ်အာရှုရိပြည်သို့ဖမ်းသွားပြီးလျှင် အချို့ကိုဟာလမြို့၌လည်းကောင်း၊ အချို့ ကိုဂေါဇန်ခရိုင်၊ ဟာဗော်မြစ်အနီး၌လည်း ကောင်း၊ အချို့ကိုမေဒိပြည်ရှိမြို့များ၌ လည်းကောင်းနေထိုင်စေ၏။
ငါ၏ရန်သူများသည်ငါ့ကိုတစ်နေ့လုံး စော်ကားပြောဆိုကြ၏။ ငါ့အားအကျိုးနည်းစေရန်နည်းလမ်းကို အစဉ်ပင်ရှာကြံလျက်နေကြ၏။
အဘယ်ကြောင့်ဗိမာန်တော်သည်ရှိလောရွာကဲ့ သို့ဖြစ်လိမ့်မည်ဟူ၍လည်းကောင်း၊ ဤမြို့သည် ဖျက်ဆီးခြင်းခံရ၍လူသူဆိတ်ငြိမ်ရာဖြစ် လိမ့်မည်ဟူ၍လည်းကောင်း သင်သည်ထာဝရ ဘုရား၏နာမတော်ကိုအမှီပြု၍ပြောဆို ပါသနည်း'' ဟုဟစ်အော်ကြ၏။ ထိုနောက် လူတို့သည်ဗိမာန်တော်အတွင်း၌စုရုံး၍ ငါ့အားဝိုင်းရံထားကြ၏။
ဖတ်၍ပြီးဆုံးသွားသောအခါမှူးမတ်တို့သည် ထိတ်လန့်သည့်အမှုအရာဖြင့်အချင်းချင်း ကြည့်ကာ``ဤအမှုကိုမင်းကြီးအားငါတို့ သံတော်ဦးတင်ရပါမည်'' ဟုဗာရုတ်အား ပြောကြာပြီးလျှင်၊-
ဤသည်မှာတေကောရွာမှ သိုးထိန်းအာမုတ် ဟောသောစကားများဖြစ်သည်။ ယုဒဘုရင် သြဇိမင်းလက်ထက်၊ ဣသရေလနိုင်ငံတွင် ဘုရင်ယောရှ၏သားယေရောဗောင်မင်းအုပ် စိုးစဉ်ကာလ၊ မြေငလျင်မလှုပ်မီနှစ်နှစ် အထက်ကထာဝရဘုရားသည် အာမုတ် အားဣသရေလတို့နှင့်ပတ်သက်သော ဤ အကြောင်းအရာတို့ကိုဖော်ပြဖွင့်ဆို တော်မူခဲ့သည်။
ထိုအခါဗေသလယဇ်ပုရောဟိတ်အာမဇိ က ဣသရေလဘုရင်ယေရောဗောင်ထံသို့ သံတော်ဦးတင်လိုက်လေ၏။ ``အာမုတ်သည် အရှင်မင်းကိုဆန့်ကျင်ဖို့ရန်ပြည်သူတို့ ကြားတွင်ကြံစည်လျက်ရှိပါသည်။ သူဟော သောစကားများကြောင့်နိုင်ငံတော်ပျက်ရ ပါလိမ့်မည်။-
ယင်းနောက်အာမဇိကအာမုတ်အား``တန် တော့ပရောဖက်၊ ဆက်မဟောနှင့်၊ ယုဒနိုင်ငံ သို့ပြန်သွားပြီးထိုပြည်၌သာပရောဖက် လုပ်စားလော့။-
ဣဇာက်မှဆင်းသက်သောအမျိုးအနွယ်တို့ ကိုးကွယ်ရာအရပ်များပျက်စီးရတော့မည်။ ဣသရေလနိုင်ငံရှိသန့်ရှင်းရာဌာနမှန် သမျှကို မြေပုံအဖြစ်နှင့်သာကျန်ရစ်စေ မည်။ ငါသည်ယေရောဗောင်မင်းဆက်၏နန်း သက်ကိုကုန်စေတော့မည်'' ဟုမိန့်တော်မူ၏။
ယုဒပြည်သားတို့၊ သင်တို့ချစ်သောသား သမီးများအတွက်ဝမ်းနည်းပူဆွေးကြောင်း ပြသည့်အနေဖြင့် သင်တို့၏ဆံပင်ကိုရိတ် ကြလော့။ သင်တို့၏သားသမီးများကို တိုင်းတစ်ပါးသို့သိမ်းယူသွားကြမည် ဖြစ်သောကြောင့် သင်တို့၏ဦးခေါင်းကို လင်းတငှက်ခေါင်းကဲ့သို့ပြောင်အောင် ရိတ်ကြလော့။
``ဤသူက `ငါသည်ဘုရားသခင်၏ဗိမာန်တော်ကို ဖြိုဖျက်၍သုံးရက်အတွင်းပြန်လည်ဆောက်နိုင်သည်' ဟုပြောဆိုပါသည်'' ဟူ၍သက်သေခံကြ၏။
နာဇရက်မြို့သားယေရှုသည်ဗိမာန်တော်ကို ဖျက်ဆီး၍ အကျွန်ုပ်တို့အားမောရှေပေးအပ်ခဲ့ သည့်ထုံးတမ်းစဉ်လာများကိုပြောင်းလဲစေ လိမ့်မည်ဖြစ်ကြောင်း ထိုသူပြောဆိုသည်ကို အကျွန်ုပ်တို့ကြားကြပါ၏'' ဟုထွက်ဆို ကြ၏။-