ကိုယ်တော်ရှင်သည်မတရားသောအမှုကို တရားဝင်ဖြစ်အောင်ပြုလုပ်တတ်သည့် အဂတိလိုက်စားသူတရားသူကြီးများနှင့် မည်သို့မျှမသက်ဆိုင်ပါ။
အာမုတ် 6:3 - Common Language Bible ဆိုးယုတ်သောနေ့ကာလကျရောက်တော့မည် ကိုသင်တို့ဝန်မခံလိုကြ။ သင်တို့ပြုပုံသည် အကြမ်းဖက်မှုကိုသာအားပေးရာရောက် နေ၏။- Garrad Bible ဒု က္ခ ရောက် သော နေ့ ရက် ကို ပယ် ၍၊ အ ဓ မ္မ ပ လ္လင် ကို ချဉ်း စေ ခြင်း၊ Judson Bible ဆိုးယုတ်သော နေ့ရက်ကို ရွှေ့၍၊ မတရားသဖြင့် စီရင်ရာပလ္လင်ကို အနီးမှာတည်စေခြင်း၊ မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ဒုက္ခနေ့ရက်ကို အရေးမစိုက်။ အကြမ်းဖက်မှုကို နေရာပေးဖိတ်ခေါ်သူများဖြစ်ကြ၏။ |
ကိုယ်တော်ရှင်သည်မတရားသောအမှုကို တရားဝင်ဖြစ်အောင်ပြုလုပ်တတ်သည့် အဂတိလိုက်စားသူတရားသူကြီးများနှင့် မည်သို့မျှမသက်ဆိုင်ပါ။
အဓမ္မအမှုကို အလျင်အမြန်စစ်ကြော၍၊ ဒဏ် မပေးသောကြောင့်၊ လူသားတို့သည် အဓမ္မအမှုကို ပြုခြင်း ငှါ၊ ခိုင်မာစွာ သဘောထားကြ၏။
မိမိသည်အစဉ်အမြဲဘုရင်မဖြစ်၍နေ လိမ့်မည်ဟု ထင်မှတ်ကာ၊ဤအမှုတို့ကိုနှလုံးမသွင်း။ ယင်းတို့အဘယ်သို့နိဂုံးချုပ်မည်ကိုလည်း မစဉ်းစား။
ဤသေသောက်ကြူးတို့က`လာကြ၊ ငါတို့သည် စပျစ်ရည်ကိုယူ၍အစွမ်းကုန်သောက်ကြ ကုန်အံ့။ နက်ဖြန်နေ့သည်ယနေ့ထက်ပင်ပို ၍မွေ့လျော်ဖွယ်ကောင်းလိမ့်မည်' ဟုဆို တတ်ကြ၏။''
အမွန်မြတ်ဆုံးစားဖွယ်သောက်ဖွယ်များကို စားသောက်လေ့ရှိသူတို့သည်လမ်းများပေါ် တွင် အစာငတ်၍သေကြကုန်၏။ ဇိမ်ခံ၍ကြီးပြင်းလာကြသူတို့သည်လည်း အမှိုက်ပုံကိုလက်နှင့်ယက်၍အစာရှာရ ကြ၏။
ကိုယ်တော်က``အချင်းလူသား၊ အဘယ်ကြောင့် ဣသရေလအမျိုးသားတို့သည်`အချိန်သာ ကုန်လွန်၍ဗျာဒိတ်ရူပါရုံများကားအ ကောင်အထည်မပေါ်လာ' ဟူသောစကားပုံ ကိုအဖန်တလဲလဲသုံးစွဲနေကြသနည်း။-
``အချင်းလူသား၊ ဣသရေလအမျိုးသားတို့ ကသင်မြင်သောဗျာဒိတ်ရူပါရုံများနှင့် သင် ဟောကြားသောဗျာဒိတ်စကားများသည် ဝေး ကွာသည့်အနာဂတ်ကာလနှင့်ဆိုင်သည်ဟု ထင်မှတ်ကြ၏။-
ပျော်ရွှင်မြူးတူးနေသောလူတစ်စု၏အသံ ကိုကြားရ၏။ ဤလူစုသည်တောကန္တာရမှ ခေါ်ဆောင်လာသူများဖြစ်၏။ သူတို့သည် အမျိုးသမီးတို့၏လက်မောင်းတွင် လက်ကောက် များကိုဝတ်ပေး၍လှပသောသရဖူများ ကိုဆောင်းပေးကြ၏။-
ထာဝရဘုရားက``သူတို့သည်သူတို့၏ ဘုံနန်းများကိုမတရားလုယက်၊ အကြမ်း ဖက်ပြီးမှရယူခဲ့သောပစ္စည်းတို့ဖြင့်ပြည့် စေခဲ့ပြီ။ သူတို့သည်သစ္စာသဘောကိုပင် နားမလည်တော့ပေ။-
အာဇုတ်နှင့်အီဂျစ်ပြည်ဘုံနန်းများတွင်စံ နေသူအပေါင်းတို့အား ဤသို့ကြေငြာလော့။ ``ရှမာရိမြို့ပတ်လည်ရှိတောင်များပေါ်၌ စုရုံးလာပြီး ထိုမြို့ထဲ၌ကူးလွန်နေသော ပြစ်မှုများနှင့်ဖြစ်ပေါ်နေသည့်ယိုယွင်းမှု ကြီးကိုရှုစားကြလော့။''
သင်တို့သည်မည်မျှအပြစ်ကူးလွန်ခဲ့၍ သင်တို့အပြစ်သည်မည်မျှကြောက်စရာ ကောင်းလှကြောင်းကိုငါသိ၏။ သင်တို့သည် သူတော်ကောင်းများကိုညှင်းပန်း၍ တံစိုး လက်ဆောင်စားနေကြပြီ။ ဆင်းရဲသား တို့အားတရားသဖြင့် မစီရင်ဘဲသူတို့ ကိုရုံးတော်များမှမောင်းထုတ်ခဲ့ပြီ။-
ထာဝရဘုရား၏နေ့တော်ကိုစောင့်မျှော် နေသူများအတွက် အလွန်ကြောက်စရာ ကောင်းလှပါသည်တကား။ ထိုနေ့တော် သည်သင်တို့ကိုမည်သို့လျှင်အကျိုးပြု နိုင်မည်နည်း။ အလင်းမရှိဘဲအမှောင်ဖုံး သောနေ့သာလျှင်ဖြစ်လိမ့်မည်။-
မြင်းဟူသည်ကျောက်ဆောင်ပေါ်၌ပြေးလေ့ ရှိသလော။ လူသည်နွားဖြင့်လယ်ပြင်ကိုထွန် ယက်လေ့ရှိသလော။ သို့ပါလျက်သင်တို့ သည်တရားမျှတရေးကိုအဆိပ်အဖြစ် သို့လည်းကောင်း၊ အမှန်ကိုအမှားအဖြစ် သို့လည်းကောင်းမှောက်လှန်ခဲ့လေပြီ။
ငါ၏လူမျိုးထဲမှ`ဘုရားသခင်သည်ငါတို့ကို ဒုက္ခပေးလိမ့်မည်မဟုတ်' ဟုဆိုသောအပြစ်ရှိ သူမှန်သမျှသည်စစ်ပွဲ၌သေဆုံးရမည်။''
ဥစ္စာပစ္စည်းကြွယ်ဝသူတို့သည်ဆင်းရဲသား တို့အပေါ်တွင်ခေါင်းပုံဖြတ်ကြ၏။ သင်တို့ အပေါင်းသည်လူလိမ်များဖြစ်ကြ၏။-
သို့ရာတွင်ထိုကျွန်သည်ကျွန်မိုက်ဖြစ်ပါမူ `ငါ့ သခင်ပြန်လာဦးမည်မဟုတ်။ ကြာပေဦးမည်' ဟု အောက်မေ့ကာ၊-
``အန္တရာယ်ကင်းလျက်သာယာသည်'' ဟုလူတို့ ပြောဆိုကြသောအခါ၌ကိုယ်ဝန်ဆောင်အမျိုး သမီးအပေါ်သို့သားဖွားခြင်းဝေဒနာရုတ် တရက်ကျရောက်လာသကဲ့သို့ လူတို့အပေါ် သို့ဘေးအန္တရာယ်ကျရောက်လာလိမ့်မည်။-
`သခင်ဘုရားသည်မိမိတစ်ဖန်ကြွလာ တော်မူမည်ဟုကတိထားတော်မူခဲ့သည် မဟုတ်ပါလော။ ထိုကတိတော်သည်အဘယ် သို့ဖြစ်လေပြီနည်း။ ငါတို့မိဘများကား သေလွန်ကြလေပြီ။ သို့ရာတွင်ခပ်သိမ်း သောအမှုအရာတို့သည်ကမ္ဘာလောကကို ဘုရားသခင်ဖန်ဆင်းတော်မူချိန်ကရှိ ခဲ့သည့်အတိုင်းပင်ရှိနေသေးပါသည် တကား' ဟုဆိုကြလိမ့်မည်။-
မိမိ၌ရှိသမျှကိုတစ်နာရီအတွင်း၌ ဆုံးရှုံးရပါသည်တကား'' ဟုငိုကြွေး မြည်တမ်းကြလိမ့်မည်။ ခပ်သိမ်းသောရေယာဉ်မှူးများနှင့်ခရီးသည် အပေါင်းတို့သည်လည်းကောင်း၊ သင်္ဘောသားများ နှင့်ရေကြောင်းကုန်သွယ်မှုကိုပြုကြသူအပေါင်း တို့သည်လည်းကောင်းအဝေးကရပ်လျက်နေ ကြ၏။-